ပထမဆုံး မိမိရဲ့ဖုန်းမှာ summoner war apk ကို install ပြုလုပ်ပါ။ ပီးလျင်တော့ ဂိမ်း apk ကိုဖွင့်လိုက်ပါ အဲ့ဒီအခါ လိုအပ်သော additional file ကို သူ့ဘာသာ download ပြုလုပ်ပါလိမ့်မယ်။ ပီးရင်တော့ ဂိမ်းကစလာပါလိမ့်မယ်။ summoner war logo နဲ့။ ပီးရင် touch to start ဆိုတာပေါ်လာပါလိမ့်မယ်။ အဲ့ဒါကိုနှိပ်လိုက်ရင်တော့ ဂိမ်း story line ကိုပြပေးမှာဖြစ်ပါတယ်။ အဲ့ဒါပီးရင်တော့ ကျွန်တေယ်တို့ ရဲ့ game မှာအသုံးပြုမဲ့ အမည်ကိုထည့်ပေးရပါတယ်။
အမည်ထည့်ပီးရင်တော့ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် နေရာလေးကိုရောက်လာပါတယ်။ အဲ့ဒီမှာ Ellie ကစပီးမိတ်ဆက်စကားပြောပါလိမ့်မယ်။သူကတော့ လမ်းညွှန်စကားတွေပြောပြတဲ့ မိန်းကလေးပါ။ ပီးရင်မိမိနေရာမှာရှိတဲ့အဆောက်အဦးတွေအကြောင်းတစ်ခုချင်းစီရှင်းပြပါလိမ့်မယ်။ ပီးရင် ပထမဆုံး summon တတ်အောင်ပြပေးပါတယ်။ ပီးရင် ရရှိလာတဲ့ monster ရဲ့ လုပ်ဆောင်နိုင်ချက်များကိုရှင်းပြပါတယ်။ ပထမဆုံး summon တဲ့monster ကတော့ သာမန် monster ဖြစ်ပါတယ်။ နောက်တစ်ကြိမ် crystal နဲ့ ပေးsummon တဲ့အခါမှာတော့ fairy ကို ရရှိမှာဖြစ်ပါတယ်။ fairy ကတော့ စတင်ကစားတဲ့သူတိုင်းကိုပေးပါတယ်။ သူ့ရဲ့ စွမ်းအားတွေကတော့ မိမိရဲ့ အဖွဲ့ဝင်တွေကို သွေးပြန်ဖြည့်ပေးနိုင်တာဖြစ်ပါတယ်။ အဓိကအားဖြင့်ပေါ့။ တစ်ဖက်ရန်သူကိုလည်း တစ်ချက် ရပ်တန့်စေတဲ့ စွမ်းအားလည်းပါ ပါတယ်။
ပီးလျင်တော့ ပထမဆုံး Garen Forest ကို unlock ပေးပီး battle စတင်လို့ရပါပီ။ Garen Forest မှာ အများဆုံးတွေ့ရမှာက တောဝက် မှို နဲ့ သစ်ခြောက်ပင်ကောင်တွေဖြစ်ပါတယ်။ သူတို့ကလည်း monster တွေပါပဲ။ သူတို့ကိုတိုက်ဖို့အတွက် round 1 ခုစီကို သက်မှတ်ထားတဲ့ energy တွေကုန်ကျမှာဖြစ်ပါတယ်။ မိမိ မှာရှိတဲ့ energy ကိုအသုံးပြုရမှာပါ။ energy တွေအကုန်ကုန်အောင်အသုံးပြုလိုက်ရင်တော့ energy တွေပြန်ပြည့်လာအောင် စောင့်ရမှာဖြစ်ပါတယ်။ အချိန်နဲ့အမျှပြန်တက်နေပါတယ်။ ၃ မိနစ်ကို ၁ energy နှုန်းနဲ့တက်နေပါတယ်။
နောက်ပီးတိုက်ခိုက်တဲ့နေရာမှာ တိုက်ခိုက်မဲ့ရန်သူရဲ့ခေါင်းပေါ်မှာ မြှားလေးတွေပြထားပါတယ်။အဲ့ဒီမြှားလေးတွေကလည်း အရောင် ၃ ရောင်ပါရှိပါတယ်။ အဝါ အစိမ်း အနီရောင်တွေဖြစ်ပါတယ်။ အဝါရောင်ကတော့ မိမိနဲ့ အဆင့်တူ တဲ့သဘောကိုဆောင်ပါတယ်။ အစိမ်းရောင်ကတော့ မိမိ ထက်နိမ့်သူ ဒါမှမဟုတ် မိမိ မှ အလွယ်တကူအနိုင်ရနိုင်သူလို့ သဘောရပါတယ်။ အနီရောင်ကတော့ မိမိထက် ပါဝါမြင့်သူ ဒါမှမဟုတ် မိမိ မှ အလွယ်တကူအနျုင်မရနိုင်သူလို့ အဓိပ္ပါယ်ရပါတယ်။
တိုက်ခိုက်တဲ့အခါ အဲ့ဒီမြှားလေးတွေကိုကြည့်ပီး ဘယ်ကောင်ကိုဘယ်လိုတိုက်ရမလည်းဆိုတာ စဉ်းစားချင့်ချိန်လို့ရပါတယ်။အဲ့လိုရန်သူနဲ့ တိုက်ခိုက်ပီးရင်တော့ အနိုင်ရရှိမှုအတွက် reward ပေးပါတယ်။ reward အနေနဲ့ သေတ္တာ တစ်လုံးပေးပါတယ်။ အဲ့ဒီသေတ္တာထဲမှာတော့ မတူညီတဲ့ ပစ္စည်းတွေပါဝင်ပါတယ်။ တစ်ကြိမ်နဲ့တစ်ကြိမ်မတူပဲ reward တွေရပါတယ်။ အဲ့ဒီreward တွေက diamond, crystal,energy,summon scroll,token,legendary summon scroll. စတဲ့ reward တွေရရှိမှာဖြစ်ပါတယ်။
ပီးရင်နောက်တစ်ခုက summoner war မှာ အမျိုးအစား ၅ မျိုးရှိပါတယ် water, fire, wind, light and dark တို့ဖြစ်ပါတယ်။ water က fire တွေထက် ပိုအားကြီးပါတယ်။ fire က wind တွေထကိ ပိုအားကြီးပါတယ်။ wind က water ထက် ပိုအားကြီးပါတယ်။ light နဲ့ dark ကတော့ အပြန်အလှန် သူသာလိုက် ကိုယ်သာလိုက်ဖြစ်ပါတယ်။ နောက်ပီး summoner war မှာ monster တစ်ကောင်စီအတွက် rune ၆ ကွက်ပါဝင်ပါတယ်။ rune တစ်ခုစီမှာ သက်ဆိုင်ရာ ထပ်ပေါင်း စွမ်းအားတွေပါဝင်ပါတယ်။ rune တွေကို power ထပ်တင်လို့ရပါတယ်။ တပ်ဆင်ထားတဲ့ rune ကို remove ပြုလုပ်ပီးမိမိကြိုက်နှစ်သက်တဲ့ rune ကို အချိန်မရွေးပြောင်းလဲတပ်ဆင်နိုင်ပါတယ်။
Rune တွေအမျိုးမျိုးရှိပါတယ်။ တစ်ချို့ rune က အမျိုးတူ ၂ ခုပါဝင်ရင် သူ့ရဲ့ အထူးပြုပါဝါ ထပ်ပေါင်းပါတယ်။ တစ်ချို့ rune တွေကတော့ ၄ ခု ပါဝင်မှ သူ့ရဲ့ အထူးပြု ပါဝါထပ်ပေါင်းပါတယ်။ rune တွေကတော့...
Energy rune က ၂ခုစုံရင် HP +15%တိုးပါတယ်
Fatal rune က ၄ခုစုံရင် Atk power +35%တိုးပါတယ်
Blade rune က၂ခုစုံရင် critical rate +12%တိုးပါတယ်
Swift rune က ၄ခုစုံရင် Attack speed +25%တိုးပါတယ်
Focus rune က ၂ခုစုံရင် accurancy +20%တိုးပါတယ်
Despair rune က ၄ခုစုံရင် stun rate +25%တိုးပါတယ်
Guard rune က ၂ခုစုံရင် defense +15%တိုးပါတယ်
Endure rune က ၂ခုစုံရင် resistance +20%တိုးပါတယ်
Revenge rune က ၂ခုစုံရင် counterattack +15%တိုးပါတယ်
Rage rune က ၄ခုစုံရင် Cretical damage +40%တိုးပါတယ်
Violet rune က ၄ခုစုံရင် Get extra turn +22%တိုးပါတယ်
Will rune က ၂ခုစုံရင် harmful effect immunity +1 turn တိုးပါတယ်
Nemesis rune က ၂ခုစုံရင် ATK gauge +4%(for every 7% hp lost)တိုးပါတယ်
Shield rune က၂ခုစုံရင် Ally shield 2 turns(15% of hp)တိုးပါတယ်
Vampire rune က၄ခုစုံရင် Life drain +35% တိုးပါတယ်
Destory rune က၂ခုစုံရင် enemy max hp -4%(30% damage dealt)တိုးပါတယ်
ဒါတွေက rune တွေရဲ့ စုံလင်တဲ့ပေါင်းစပ်မှုဖြစ်လာရင် ရရှိလာမဲ့ အထူးပြုပါဝါတွေဖြစ်ပါတယ်။rune တွေရဲ့အရောင်တွေကိုလည်းသက်မှတ်ထားပါတယ်
ပထမကအဖြူရောင်ပါ။ သူ့မှာ ပါဝါ ၁မျိုးပါဝင်ပါတယ်။power upမလုပ်ရသေးရင်ပါ။ common ကို ၃ ကြိမ် power up တာအောင်မြင်ရင်တော့ အစိမ်းရောင်ပြောင်းသွားပါတယ်။သူ့မှာ ပါဝါ ၂မျိုးပါဝင်ပါတယ်။ အစိမ်းကို နောက်ထပ် ၃ ကြိမ်power up တာအောင်မြင်ရင်တော့ အပြာရောင်ပြောင်းသွားပါတယ်။သူ့မှာ ပါဝါ၃မျိုးပါဝင်ပါတယ်။ အပြာကို နောက်ထပ် ၃ကြိမ် power upတာအောင်မြင်ရင်တော့ ခရမ်းရောင်ပြောင်းသွားပါတယ်။သူ့မှာ ပါဝါ ၄မျိုးပါဝင်ပါတယ်။ နောက်ထပ်၃ကြိမ်power upတာအောင်မြင်ရင်တော့ လိမ္မ်ာရောင်ပြောင်းသွားပါတယ်။သူ့မှာ ပါဝါ ၅မျိုးပါဝင်ပါတယ်။
White က common ဖြစ်ပါတယ်
Blue က rare ဖြစ်ပါတယ်
Purple က hero ဖြစ်ပါတယ်
Orange က legendary ဖြစ်ပါတယ်
Rune အကြောင်းလေးတွေရှင်းပြရင်းနောက်ထပ်ဆက်ရှင်းပြပါအုံးမည်။
Writer caesarsupaimin
MSC-025