မိတ်​​ဆွေများတိုး

Words
269
Reading
2 min
Listen
Play
8y

image
မင်္ဂလာပါဗျ သင်္ကြန်​လည်း ပီးသွားပါပီ။ သို့​ပေမဲ့လည်း မိတ်​​ဆွေသစ်​​တွေ အများကြီးရလိုက်​တယ်​ဗျ။ ဘယ်​လိုရတာလည်းဆို​တော့... အလုပ်​နဲ့ပတ်​သက်​လို့​ရော မပတ်​သက်​လို့​ရော ရခဲ့တာဖြစ်​ပါတယ်​။ အလုပ်​နဲ့ပတ်​သက်​တယ်​ဆိုတာက​တော့ သင်္ကြန်​ရက်​​တွေမှာ ကျွန်​​တော့သူငယ်​ချင်းက ကျွန်​​တော့ကို အကူအညီတစ်​ခု​တောင်းပါတယ်​။ သူCCTV တပ်​​ပေးထားတဲ့ မန္တပ်​မှာ cctv data file ​တွေ ကို backup ဆွဲ​ပေးဖို့ပါ။ သင်္ကြန်​ရက်​ပိုင်း သူခရီးသွားစရာရှိလို့ ကျွန်​​တော့ကို အကူအညီ​တောင်းတာဖြစ်​ပါတယ်​။ ကျွန်​​တော်​လည်း ​ကောင်းပီဆိုပီး cctv ​တွေရဲ့ data file ​တွေကို backup ဆွဲ​ပေးခဲ့ပါတယ်​။

နေ့စဉ်​ ည​နေ ၃နာရီ​လောက်​မှာ file ​တွေကို backup ဆွဲဖို့အတွက်​ memeory stick ကို cctv system စက်​မှာ တပ်​ပီး backup file ​တွေကို stick ထဲကို download ဆွဲပါတယ်​။ cctv camera စုစု​ပေါင်း ၈ လုံးရှိပါတယ်​။ အဲ့ဒီ ၈လုံးရဲ့. မနက်​ ၉နာရီ မန္တပ်​စဖွင့်​ချိန်​က​နေစပီး ည​နေ ၄နာရီထိကို backup ဆွဲ​ပေးတာဖြစ်​ပါတယ်​။ ကငိမရာ ၈လုံးစလုံးရဲ့ data file ​တွေကို ဆွဲတာဖြစ်​လို့ စုစု​ပေါင်း file size က 27 GB ရှိပါတယ်​။ တစ်​ကြိမ်​ backup file stick ထဲ download ဆွဲရင်​ ၁နာရီက​နေ ၂နာရီထိကြာတတ်​ပါတယ်​။ အဲ့ဒီလို backup ဆွဲဖို့ပြင်​ဆင်​တပ်​ဆင်​ရတာ​တွေ​ကြောင့်​ ​ပြောရဆိုရတဲ့သူ​တွေက​တော့ စက်​ခန်းထဲ့ကအကို​တွေဖြစ်​ပါတယ်​။ ​နောက်​ပီး DJ တီးခတ်​တဲ့ အကို​တွေအမ​တွေနဲ့လည်းခင်​မင်​ခွင့်​ရခဲ့ပီး အမှတ်​တရ ဓာတ်​ပုံ​တွေလည်း ရိုက်​ဖြစ်​ခဲ့ပါတယ်​။ DJ တီးခတ်​သူ ၂​ယောက်​က​တော့ မန္တ​လေးကပါပဲ ​နောက်​ထပ်​၂​ယော်​က​တော့ ရန်​ကုန်​ကလာတာဖြစ်​ပါတယ်​။
image

နောက်​ပီး လုံခြုံ​ရေးအကို​တွေနဲ့လည်း ခင်​ခဲ့ပါတယ်​။ဒီလိုပါ ကျွန်​​တော်​က ပုံမှန်​ဆိုအဲ့ဒီ စက်​ခန်းထဲဝင်​ခွင့်​မရှိပါဘူး။ ဒါ​ပေမဲ့ သူငယ်​ချင်းက အကူအညီ​တောင်းထားလို့လုပ်​​ပေးရတာဖြစ်​လို့ သူကပဲ အဲ့ဒီ လုံခြုံ​ရေး အကိုကြီး​တွေနဲ့ မိတ်​ဆက်​​ပေးခဲ့တာဖြစ်​ပါတယ်​။ အဲ့ဒါမှလည်း စက်​ခန်းထဲကို စစ်​​ဆေး ​မေးမြန်းမှုမရှိပဲ သွား​ရောက်​နိုင်​ပီး အလုပ်​ကို မြန်​မြန်​ ဆန်​ဆန်​လုပ်​နိုင်​မှာဖြစ်​လို့ပါ။ သူတို့​တွေကလည်း ကျွန်​​တော့်​ကို လိုအပ်​တာ​တွေကူညီပါတယ်​။ ပါဝါကြိုးမရတာ​တွေ ကအစ ကူညီကပါတယ်​။ cctv data file ​တွေကို backup ဆွဲတဲ့အခါ အချိန်​ကြာပါတယ်​။ အဲ့ဒီအခါ ကျွန်​​တော်​က DJ တီး​နေတဲ့ အကို​တွေနဲ့ စကား​ပြောဖြစ်​ပါတယ်​။ တစ်​ခါတစ်​​လေ​တော့လည်း အ​ရှေ့ဘက်​ထွက်​ပီး စင်​​ပေါ်မှာပဲ DJ သီချင်း​တွေကိုခံစားရင်း ကခုန်​​နေလိုက်​ပါတယ်​။ ကိုယ်​လည်းကတာ နည်းနည်း​မောလာရင်​ ကတာခနရပ်​ပီး ​အောက်​ထပ်​ကိုဆင်းသွားပီး cocktail တစ်​ခွက်​ဝယ်​​သောက်​ပါတယ်​။ cocktail ​သောက်​လို့ကုန်​သွားရင်​ စက်​ခန်းထဲပန်​သွားပီး backup file download ဆွဲတာကို အ​ခြေအ​နေသွားကြည့်​ပါတယ်​။ မပီး​သေးဘူးဆိုရင်​ စက်​ခန်းထဲကထွက်​ပီး အပြင်​မှာထပ်​က​နေပါတယ်​။

အဲ့လိုက​နေတာက​နေမှာ ကျွန်​​တော့လိုပဲ က​နေကြတဲ့အကို​တွေ ရှိပါတယ်​။ သူတို့​တွေက ကျွန်​​တော့ကို လာနှုတ်​ဆက်​ပီး အတူတူ မျက်​နှာချင်းဆိုင်​ပီး​တော့ ကိုယ့်​စတိုင်​နဲ့ကိုယ်​ထပ်​ကကြပါတယ်​ဗျ။ သူလည်း သူကတတ်​သလိုက ကိုယ်​လည်း ကိုယ်​ကချင်​သလိုကရင်း တစ်​​ယောက်​နဲ့ တစ်​​ယောက်​ရီ​နေကြတာ​ပေါ့ဗျာ။ ဒါ​ပေမဲ့လည်း ဘယ်​သူမှ ကတတ်​တဲ့သူ​တွေမဟုတ်​​တော့ ဘာမှ ရှက်​​နေစရာ​တွေ ရှိန်​​နေစရာ​တွေမလိုပါဘူး။ ​ပျော်​​ပျော်​ပါးပါး အတူတူကကြပါတယ်​။ သူတို့နဲ့ ကပီး backup ယူတာလည်းပီး​တော့၊stick ကို သက်​ဆိုင်​ရာ တာဝန်​ရှိတဲ့ အကိုတစ်​​ယောက်​ကို ​ပေးခဲ့ပါတယ်​။ ပီး​တော့ ကျွန်​​တော်​လည်း ပြန်​လာခဲ့ပါတယ်​။

ပြန်​လာ​တော့လည်း အပြန်​လမ်းမှာ ​ရေကစား​နေကြတဲ့သူ​တွေရဲ့ ​ရေခဲ​ရေနဲ့ပက်​တာခံရပါ​သေးတယ်​ဗျ။ ​အေးစိမ့်​​နေတာပဲ။ ကျွန်​​တော်​လည်း ဟိုပတ်​ ဒီ​ရှောင်​နဲ့ အ​ဆောင်​ကို ​ရောက်​​အောင်​ပြန်​ခဲ့ပါတယ်​။ ဒီလိုနဲ့ ​နောက်​တစ်​​နေ့ကျ​တော့ မန္တပ်​ကို မနက်​ကတည်းကသွားပါတယ်​။ cctv​တွေကို စစ်​ပါတယ်​။ အကုန်​​ကောင်းလား၊ ရုပ်​​တွေလာ လားဆိုပီးစစ်​ပါတယ်​။ အကုန်​အဆင်​​ပြေပီဆိုရင်​ ကျွန်​​တော်​​ရေကစားပါတယ်​။ ​ရေကစားလို့ချမ်းလာပီဆိုရင်​ စင်​ရဲ့ အလယ်​ကိုသွားပီး ကပါတယ်​။ အဲ့လိုကတဲ့အချိန်​မှာ မ​နေ့က အတူတူကခဲ့တဲ့ အကို​တွေက လာနှုတ်​ဆက်​ပါတယ်​။ "​ဟေ့ညီ​လေး ထပ်​​တွေပြန်​ပီ...ရို့...ရို့"ဆိုပီး ​ခေါ်ကကြပါတယ်​။ ကျွန်​​တော်​ချမ်း​နေတာ​တွေလည်း ​ပျောက်​ကုန်​ပါတယ်​။ သူတို့​တွေနဲ့ ကရတာထက်​၊ ကျွန်​​တော့ကို မှတ်​မိတဲ့ အတွက်​ ဝမ်းသာမိပါတယ်​။ အ​ခြေအ​နေတစ်​ခုအရ စင်​​ပေါ်မှာ ရန်​ဖြစ်​တာ​တွေကြုံခဲ့မယ်​ဆိုရင်​​တောင်​ ကျွန်​​တော့်​ကို ကူညီမဲ့လူ​တွေများတာ​ပေါ့ဗျာ။ ကျွန်​​တော်​က ရန်​ဖြစ်​တတ်​တဲ့လူလည်းမဟုတ်​ပါဘူး၊ သ​ဘော​ပြောပြတာ။ အဲ့ဒါ​ကြောင့်​ အလုပ်​နဲ့ပတ်​သက်​တဲ့မိတ်​​ဆွေ​ရော၊ မပတ်​သက်​တဲ့မိတ်​​ဆွေ​ရော ရခဲ့ပါတယ်​ဗျ။

Writer caesarsupaimin
MSC-025

မိတ်​​ဆွေများတိုး | Ecency