ကြိုက်​တတ်​လာတယ်

Words
175
Reading
1 min
Listen
Play
9y

image
မနက်​မိုးလင်းတာနဲ့မျက်​စိအစုံ မဖွင့်​ချင်​​ပေမဲ့လည်း အိပ်​ယာထဖို့ နှိုး​နေသလို ​တေးသီ​နေတဲ့ စာက​လေးငှက်​​လေး​တွေရဲ့ အသံ​ကြောင့်​ အိပ်​ယာက​နေနိုးထလာခဲ့ပါတယ်​။ မနက်​နိုးလာတာနဲ့ မျက်​နှာမသစ်​ရ​သေးခင်​ ဖုန်း​ခေါ်သံ​တွေ စတင်​ကြားရပါ​တော့တယ်​။ ....ကလင်​...ကလင်​...ကလင်​....ကလင်​...."ဟဲလို....ကိုသန့်​လားဗျ ကျွန်​​တော်​တို့ ​ရောက်​​တော့မယ်​ဗျ ခုမြို့ထဲဝင်​လာပီ... ဒါပဲ​နော်​ " ဆိုပီး ဖုန်းကို ဂွပ်​ကနဲ့ ချလိုက်​ပါ​ရော၊ ကျွန်​​တော်​​တောင်​ ဘာမှပြန်​​ပြောလိုက်​ချိန်​မရ၊ အင်း​လေ ကိုယ်​ကလည်း အိပ်​ချင်​မူးတူးဖြစ်​​နေ​လေ​တော့။

အဲ့ဒီ​နောက်​​တော့ အိပ်​ယာကထပီး မျက်​နှာသစ်​၊သွားတိုက်​ အဝတ်​အစားလဲပီး အလုပ်​ကိုထွက်​လာခဲ့လိုက်​ပါတယ်​။ မနက်​စာကို​တော့ အလုပ်​သွားရာလမ်းမှာရှိ တဲ့ ဆိုင်​တစ်​ဆိုင်​ဆိုင်​က​နေ ပါဆယ်​ဝယ်​သွားပါတယ်​။ အလုပ်​​ရောက်​​တော့ ဂို​ထောင်​ကိုဖွင့်​ပီး လမ်းက​နေ ပါဆယ်​ဝယ်​လာတဲ့ နံနက်​စာ မုန့်​တီ​ခေါက်​ဆွဲကို စားရင်း ကားသမား​တွေ​ရောက်​အလာကို ​စောင့်​​နေလိုက်​ပါ​တော့တယ်​။

မုန့်​တီလည်းစားလို့ပီး ​ရေ​နွေးကြမ်း​လေးလည်း ​သောက်​လို့ပီးချိန်​မှာ​တော့ ကား​တွေ​ရောက်​လာပါ​တော့တယ်​။ သူများ​တွေလို ကားshow room လုပ်​ဖို့ ကား​တွေ ​ရောက်​လာတာ​တော့မဟုတ်​ပါဘူးဗျာ။ လုပ်​ငန်းက​နေမှ ကုန်​​တွေပို့လိုက်​တဲ့ ကုန်​တင်​ကားကြီး​တွေ​ရောက်​လာတာပါ။ ကျွန်​​တော်​က အဲ့ဒီ မှာ ဂျာကြီးအဆင့်​ရှိ​တော့ သူတို့​ရောက်​လာတဲ့အခါ ကုန်​​တွေကို ​သေချာ စစ်​​ဆေး ရပါတယ်​။ ပါလာတဲ့ကုန်​​တွေရယ်​ မပါလာ​သေးတဲ့ကုန်​​တွေရယ်​ကို ​သေချာ စာရင်းပြုစုပီး​တော့ ဂို​ထောင်​မှူးကို အပ်​ရပါတယ်​။

ကုန်​​တွေက​တော့ ​ထွေ​ထွေထူးထူးမဟုတ်​ပါဘူး။ လျှပ်​စစ်​ပစ္စည်း​တွေပါ။ အဲ့ဒီလျှပ်​စစ်​ ပစ္စည်း​တွေ အပျက်​​တွေပါလာ​သေးလားဆိုတာလည်း စစ်​​ပေးရပါ​သေးတယ်​။ ကုန်​ကား​တွေစစ်​ ကုန်​ပစ္စည်း​တွေစစ်​​ပေးရတဲ့အလုပ်​​ပေါ့ဗျာ။ ကုန်​ကား​တွေက တစ်​​နေကုန်​မလာပါဘူး သူတို့လမ်းမှာကြာတဲ့အခါ​တွေဆို ည​နေပိုင်း ညပိုင်း​လောက်​မှ ​ရောက်​ကြတယ်​။ ကြားထဲအချိန်​က​တော့ အား​နေတာ​ပေါ့။ အား​နေတဲ့အချိန်​ ဘာလုပ်​ဖြစ်​လည်းဆိုရင်​​တော့ ​လေ့လာမှု​တွေ ​လေ့ကျင်​မှု​တွေလုပ်​ဖြစ်​တယ်​ဗျ။

အလုပ်​မှာ ကား​မောင်းသမား​တွေက ဘီယာထိုင်​​သောက်​​နေကြတယ်​။ ကျွန်​​တော်​က​တော့ ဘီယာဆို အနံ​တောင်​မခံနိုင်​ဘူးဗျာ။ ​နောက်​​တော့ဘယ်​လိုဖြစ်​လည်းဆိုရင်​ သူတို့နဲ့ အလုပ်​ကိစ္စအ​ကြောင်း​ပြောဖြစ်​တယ်​။ မိသားစုအ​ကြောင်း​တွေ တစ်ုခါးအ​ကြောင်း​တွေလည်းအစုံ​ပြောဖြစ်​တာ​ပေါ့။ မိသားစုအ​ကြောင်း​ပြောတဲ့အခါ ကျွန်​​တော်​က မိသားစုနဲ့ ​ဝေး​နေသူဆို​တော့ ပို​ပြောဖြစ်​တယ်​ ပီး​တော့ ​ပြောရင်း​ပြောရင်း ဝမ်းနည်းလာတယ်​ အဲ့ဒီ​နောက်​​တော့ ဘီယာကို တစ်​ငုံ​လောက်​​သောက်​ပစ်​လိုက်​တယ်​။ အဲ့ဒီအချိန်​မှာဗျာ ​အေးစက်​ပီး သွား​တွေကျိန်းတာ​ပေါ့။ ကားသမား​တွေက ကိုသန့်​ အဲ့လိုမ​သောက်​ရဘူး နှစ်​ကွတ်​​လောက်​ တန်း​မော့လိုက်​ရတယ်​ဆိုပီး သင်​​ပေးပါ​လေ​ရော။

သင်​ဆရာ​ကောင်းသလိုပဲ ကျွန်​​တော်​လည်း ဘီယာ​သောက်​တတ်​သွားပါ​လေ​ရောဗျာ။ အဲ့ဒီမှာ ဘီယာကြီးပဲ ​သောက်​လို့လည်း မဖြစ်​​တော့ဘူး။ အမြည်း​လေးနဲ့ပါဆို ပို​သောက်​​ကောင်းတယ်​မဟုတ်​လားဗျာ။ အဲ့ဒီ​တော့ အမြည်းကိုဘာစားရင်​​ကောင်းမလည်း စဉ်းစားပါ​လေ​ရော။ အာလူး​ကြော်​စားရမလား အသားကင်​စားရမလားဆိုပီး​တော့ ​တွေး​နေတာ​ပေါ့။ အဲ့ဒီအချိန်​ အမြည်းကဝယ်​ထားပီးသား ဒီမှာပါတယ်​ဆိုပီး ထုတ်​လိုက်​တဲ့အခါမှာ​တော့ ရုံးက​တေသီးကင်​​တွေ​ပေါ့ဗျာ။ ငျွန်​​တော်​က ရုံးပ​တေသီးကို လုံးဝမကြိုက်​ဘူဗျာ မကြိုက်​​ပေမဲ့လည်း မြည်းစရာက အဲ့ဒါပဲရှိ​တော့ အဲ့ဒါပဲ မြည်းရ​တော့မှာပဲ​လေ ဆိုပီး ​အောင့်​ပီး စားလိုက်​ရတယ်​။ ​သောက်​လိုက်​ မြည်းလိုက်​နဲ့ အဆင်​ကို​ပြေ​နေတာပဲ စကား​လေးလည်း ပို​ပြော​ကောင်းလာတယ်​ဗျာ။ စကား​တွေလည်းသွက်​လာတယ်​။

စိတ်​ညစ်​လာတဲ့အခါ ခံစားချက်​​တွေ​ပေါက်​ကွဲလာတဲ့အခါမှာ​တော့ မလုပ်​ဖူးတာ​တွေကိုလုပ်​တတ်​​အောင်​သင်​​ပေးတဲ့လူ​တွေ​ကြောင့်​ မကြိုက်​တာ​တွေကို​တောင်​လုပ်​တတ်​သွားခဲ့ပါတယ်​။စိတ်​ထွက်​​ပေါက်​တစ်​ခုအ​နေနဲ့​ပေါ့။ ဒါ​ပေမဲ့ အမြဲလုပ်​​ဆောင်​ဖို့​တော့ မ​ကောင်းတဲ့အရာပါ။ မိတ်​​ဆွေတို့​ရော စိတ်​ညစ်​ရင်​ဘာ​တွေလုပ်​ဖြစ်​ကြလည်း.....

Writer caesarsupaimin
MSC-025

ကြိုက်​တတ်​လာတယ်​ | Ecency