အရင်​စဉ်းစားပါ

Words
226
Reading
2 min
Listen
Play
8y

image
မင်္ဂလာပါ။ crypto ​လောကမှ မိတ်​​ဆွေများအားလုံးပဲ ကျန်းမာချမ်းသာကြပါ​စေဗျ။ စာ​ရေးဖို့အားဖြစ်​​စေတဲ့အ​ကြောင်း​လေးက​တော့ leader ရဲ့ စကား​ပြောသံ​တွေ​ကြောင့်​ အားဖြစ်​ခဲ့ရပါတယ်​။ leader ရဲ့ အား​ပေးစကား​တွေ ​ရှေ့ကိုဘယ်​လိုဆက်​​လျှောက်​မယ်​ဆိုတဲ့ စကား​တွေက စည်းကမ်း​တွေ ဘယ်​​လောက်​ပဲများများထုတ်​​စေအုံး​တော့ စည်းကမ်း​တွေကို အလိုလိုလိုက်​နာပီးသားဖြစ်​​စေပါတယ်​။ leader ကသာ အဖွဲ့သား​တွေကို အား​ပေးစကားမ​ပြောဘူးဆိုရင်​သာ အဖွဲ့သား​တွေ အားရှိမှာ မဟုတ်​ပါဘူးဗျ။

Leader ရဲ့လမ်းညွန်​မှုနဲ့ အတူ အားလုံး တက်​ညီလက်​ညီ ​လျှောက်​လှမ်းကြပါတယ်​ဗျ။ ​ခေါင်း​ဆောင်​ရဲ့အား​ပေးမှုက အားလုံးအ​ပေါ်သက်​​ရောက်​မှုရှိပါတယ်​။ အားမ​ပေးဘူးဆိုရင်​​တော့ အားရှိကြမှာမဟုတ်​ပါဘူး။ ရာထူး​တွေအဆင့်​ဆင့်​ တာဝန်​​တွေအဆင့်​ဆင့်​ရှိ​နေတယ်​ဆိုရင်​​တောင်​ ​အောက်​ဆုံးကလူ​တွေ ဘာလုပ်​​နေလည်း ဘာ​ပြောချင်​လည်း ဆိုတာကို သိထားသင့်​ပါတယ်​။ တစ်​ချို့ကိစ္စ​တွေကျ​တော့ ကြားအဆင့်​ကလူ​တွေ​ပြောတာပဲ နား​ထောင်​ပီး ဆုံးဖြတ်​ချက်​သတ်​မှတ်​တာ​တွေက လွဲ​ချော်​မှု​တွေရှိနိုင်​ပါတယ်​။

အများနဲ့ယှဉ်​လာတဲ့အခါ ဆုံးဖြတ်​ချက်​​တွေ ပြတ်​သား ခက်​ခဲတယ်​ဆိုတာ နားလည်​ပါတယ်​။

Company ကြီးတစ်​ခုမှာ company ပိုင်​ရှင်​တစ်​​ယောက်​အ​နေနဲ့ ရာထူးအကြီးပိုင်းဝန်​ထမ်း​တွေရဲ့ ​ပြောစကားကိုသာမကပဲ ရာထူးအငယ်​ဝန်​ထမ်း​တွေရဲ့ လုပ်​​ဆောင်​ပုံ​တွေ သူတို့​ပြောချင်​တာ​တွေကို တိုက်​ရိုက်​​လေ့လာပါမှ ဝန်​ထမ်း​တွေရဲ့ အထင်​လွဲမှု ​တွေ အ​တွေးအ​ခေါ် မှားယွင်းမှု​တွေကို သုံးသပ်​ပြင်​ဆင်​နိုင်​ပါလိမ့်​မယ်​။ လုပ်​ငန်းပိုင်းအားဖြင့်​လည်း လွဲ​ချော်​မှု​တွေကိုအ​ကောင်းဆုံး ပြင်​ဆင်​နိုင်​ပါလိမ့်​မယ်​။ လူတစ်​ဦး အ​တွေးတစ်​မျိုးစီမို့လို့ အကျိုးအ​ကြောင်းစုံကို သိရှိနားလည်​ဖို့လိုအပ်​ပါတယ်​။

ရုံးလုပ်​ငန်း​တွေလုပ်​တဲ့​နေရာမှာလည်းဘယ်​လိုဖြစ်​ကြလည်းဆို​တော့ မိမိအ​နေနဲ့က​တော့ ​ဘေးလူတစ်​​ယောက်​ပါ။ ဥပမာ အဆင့်​ ၃ ဆင့်​နဲ့ပဲ ​ပြောပြချင်​ပါတယ်​။ ရာထူး အကြီးဆုံးကို A လို့သတ်​မှတ်​လိုက်​ပါမယ်​။ ရာထူး အလယ်​အလတ်​ကို B လို့ သတ်​မှတ်​လိုက်​ပါမယ်​။ ရာထူး အနိမ့်​ဆုံးကို C လို့ သတ်​မှတ်​လိုက်​ပါမယ်​။ A က B နဲ့ပဲ ​ပြောဆို ဆက်​ဆံပါတယ်​။ သူ့ရဲ့​အောက်​ကလူရဲ့ တင်​ပြချက်​​တွေကိုပဲ နား​ထောင်​လက်​ခံ ပါတယ်​။ ပီး​တော့ ပြန်​​ဆွေး​နွေးပါတယ်​။ B ကကျ​တော့ သူ့ရဲ့ အထက်​ A နဲ့လည်း ​ပြောဆိုရသလို C နဲ့လည်း ​ပြောဆိုရပါတယ်​။ C ရဲ့​ပြောပြချက်​​တွေ တင်​ပြချက်​​တွေ လုပ်​​ဆောင်​ချက်​​တွေထဲကမှ B ကနားမလည်​နိုင်​တဲ့အခါ လက်​မခံနိုင်​တဲ့အခါ C ရဲ့လုပ်​​ဆောင်​ချက်​ကို သ​ဘောမကျတဲ့အခါ A ကို C ရဲ့ အဆင်​မ​ပြေမှု လုပ်​​ဆောင်​ချက်​​တွေ အ​တွေးအ​ခေါ်​တွေကို ​ပြောပါလိမ့်​မယ်​။ အဲ့အခါ A ကလည်း B ရဲ့ ​ပြောကြားချက်​ပဲ နား​ထောင်​တဲ့ လူမျိုးဆိုရင်​ Cအတွက်​ ရလဒ်​မ​ကောင်းပါဘူး။ A ကသာ B ရဲ့​ပြောကြားချက်​ကို C နဲ့တိုက်​ရိုက်​​တွေ့ပီး စုံစမ်းသိရှိ​အောင်​လုပ်​ပီးမှ ဆုံးဖြတ်​ချက်​ချတဲ့ လူဖြစ်​သင့်​ပါတယ်​။

ကျွန်​​တော်​ဘာကိုဆိုလိုချင်​တယ်​ဆိုတာ သ​ဘော​ပေါက်​လိမ့်​မယ်​ထင်​ပါတယ်​။ တစ်​ခုခုဆိုရင်​ တစ်​​ယောက်​တည်းအမြင်​ တစ်​​ယောက်​တည်း​အ​ပြောနဲ့ မဆုံးဖြတ်​ဖို့ရယ်​။ နှစ်​ဘက်​လုံးကို သိရှိ​အောင်​ကြိုးစားပီးမှ ဆုံးဖြတ်​ချက်​ချပီး လုပ်​​ဆောင်​ဖို့ဆိုတာ ဘယ်​အဖွဲ့အစည်းရဲ့ ​ခေါင်း​ဆောင်​မဆို နားလည်​ထားပီးသားဖြစ်​ပါတယ်​။

လုပ်​ငန်း​တွေအားလုံးကိုယ်​စီ လုပ်​​ဆောင်​ကြပါတယ်​။ မိမိအလုပ်​က အမြဲ အလုပ်​များတာလည်း ဖြစ်​နိုင်​သလို အားတဲ့တဲ့အချိန်​နည်းတာလည်းဖြစ်​နိုင်​ပါတယ်​။ မအားဘူး အလုပ်​များတယ်​ဆိုတာကို လူကြီး​တွေအ​နေနဲ့ ကိုယ်​တိုင်​ခံစားနားလည်​တတ်​ဖို့လိုပါတယ်​။ ကိုယ့်​တစ်​​ယောက်​တည်း အ​တွေ့အကြုံဆုံးဖြတ်​ချက်​နဲ့ ချက်​ခြင်း ​ကောက်​ချက်​မချသင့်​ပါဘူး။ ခွင့်​ယူတယ်​ဆိုရင်​​တောင်​ ဝန်​ထမ်း​တွေက သူတို့ပျင်းလို့ယူကြတာမဟုတ်​ပါဘူး။ သူတို့ကိုယ်​တိုင်​ ခံစား​နေရတဲ့ ​နေမ​ကောင်းမှု ​ဝေဒတာက အလုပ်​ဆက်​လုပ်​ဖို့ မဖြစ်​နိုင်​တဲ့အခါမှာ အနားယူဖို့အတွက်​ ခွင့်​ယူကြပါတယ်​။ အဲ့ဒါကိုမသိပဲနဲ့ မိမိလုပ်​ငန်းအတွက်​ပဲကြည့်​ပီး အလုပ်​လာလုပ်​ဖို့ ကိုပဲ ​ပြော​နေတာတို့ ခွင့်​မ​ပေးတာတို့ က​တော့ လူကြီးမပီသတာရယ်​ လုပ်​ငန်းရှင်​မပီသတာရယ်​တို့ပါဝင်​​နေပါတယ်​။

အဲ့လို​နေရာ​တွေမှာ ဘယ်​လိုလူ​တွေ အခွင့်​အ​ရေးရကြလည်းဆိုရင်​​တော့ လူကြီးနားကို ကပ်​ဖားရပ်​ဖားလုပ်​တဲ့လူ​တွေပဲ အခွင့်​အ​ရေး​တွေရကြပါတယ်​။ အဲ့ဒီလိုလူမျိုး​တွေရှိ​နေလို့လည်း သူတို့ရဲ့လုပ်​ငန်း​တွေက အဆင်​​ပြေ​ချော​မွေ့မှုမရှိပဲ ခနခနအဆင်​မ​ပြေမှု​တွေနဲ့ပဲ ကြုံ​နေရတာဖြစ်​ပါတယ်​။

တစ်​​ယောက်​ကို တစ်​​ယောက်​က အပြစ်​တင်​​ပြောဆို​တော့မယ်​ဆိုရင်​ အဲ့ဒီလူရဲ့ ​နေရာက​နေ ဝင်​စဉ်းစားကြည့်​ပီးမှ ​ကောက်​ချက်​ချ​စေချင်​ပါတယ်​။

image
Writer caesarsupaimin
MSC-025

အရင်​စဉ်းစားပါ | Ecency