အနာဂါတ်ရဲ့ ကြယ်ပွင့်ကလေးများ (1)

Words
145
Reading
1 min
Listen
Play
9y

th.jpg

ကလေးဘ၀ဆိုသည်မှာ မိခင်ဖြစ်သူ၏၀မ်းမှ ကျွတ်လွတ်လာချိန်ကစတင်ပါသည်။
ထိုကလေးတစ်ယောက် ကြီးပြင်းလာချိန်တွင် အသိတရားရှိစေရန် မိဘတိုင်းက ရှေ့ဆောင်လမ်းပြကြရပါသည်။
မွေးကင်းစအရွယ်ဟူသည် မိဘ၏လက်ပေါ်တွင်ကြီးပြင်းကြရသည်။ မိဘက ဦးဆောင်မှုဖြင့် ရင်သွေးငယ်၏ဝေယျာဝစ္စကို လုပ်ကိုင်ပေးရသောကြောင့် လမ်းညွှန်ပြရန် မလိုအပ်သေးပါ။ တဖြည်းဖြည်းနှင့် အသိတရားကို သင်ယူတတ်သိသည့်အရွယ်တွင် စကားမဆိုတက်သေးသော်လည်းမိဘ၏သင်ပြ ညွှန်ပြခြင်းများကို ဦးနှောက်အသိဥာဏ်က လိုက်ပါမှတ်သားနေတတ်ပါသည်။ အောက်တွင်ချကာ တောက်တောက်လျှောက်သွားတတ်သည့်အရွယ်မှ စတင်ပြီးကလေးကြီးပြင်းလာသည့်အရွယ်အထိ မိဘက အသိတရားအပြင် ဗဟုသုတရစေမည့် ဖြစ်ရပ်များကိုဖြည်းဖြည်းချင်း
ပြောပြသွန်သင်ပေးရသည်။ဒါကိုတော့မကိုင်နဲ့မထိနဲ့ ပူတက်တယ် ဒီဘက်တော့မလာနဲ့ ဟိုနားတော့မသွားနဲ့ လိမ့်ကျ
တက်တယ် စသဖြင့် အန္တရာယ်ဖြစ်နိုင်သည့်လုပ်ရပ်များကို မပြုလုပ်မိစေရန် မိဘက တားမြစ်ပြောပြ ဆုံးမပေးရပါသည်။

baby-steps-to-big-dreams.jpg

ကလေးများသည် အရာရာကိုတက်သိနားလည်လိုစိတ်စူးစမ်းလိုစိတ်အပြည့်ရှိကြပါသည်။ဒါကဘာခေါ်တာလဲ ဒါဘယ်လို
ဖြစ်တာလဲ ဘာလို့လဲ ဘာကြောင့်လဲ ဟု သိချင်သည်များကို တရစပ်မေးမြန်းတက်ကြပါသည်။ အလုပ်များနေသော
အချိန်များ စိတ်ရှုပ်ထွေးနေသောအချိန်များတွင် ထိုမေးခွန်းများကိုဖြေဆိုပေးရန်အတွက် စိတ်မရှည်ဖြစ်ကြရတတ်ပါသည်။
"ပါစပ်ပိတ်ထား လျှာရှည်လိုက်တာ ကလေးကလေးနေရာမနေဘူး နင်နဲ့ဘာဆိုင်လို့လဲ" စသဖြင့်အော်ငေါက် ဟန့်တာကြသည့်
မိဘများလည်း မကြာခဏတွေ့မြင်ရပါသည်။

baby-steps1.jpg

တချို့မိဘများက ကလေးငယ်များ၏ စူးစမ်းလေ့လာမှုမေးခွန်းများကို ဖြေဆိုရန် ၀န်လေးတတ်ကြပါသည်။
တစ်ခါတစ်ရံ လူကြီးတစ်ဦး အလွယ်တကူမဖြေဆိုနိုင်သော မဖြေတက်သော မေးခွန်းကောင်းများကို ကလေးများမေး
မြန်းခြင်းကိုခံရတက်ပါသေးသည်။ထိုအခါမျိုးတွင် ကလေးလက်ခံနိုင်လောက်သော အဖြေတစ်ခုတော့ ပေးဖြစ်အောင်
ပေးသင့်ပါသည်။ ဖြေဆိုရန် မလွယ်ကူလျှင် မိဘဘက်က အော်ငေါက်လွှတ်တက်ကြသည်ကို တွေ့မြင်ခဲ့ဖူးပါသည်။
အော်ငေါက်ခံရသဖြင့်ကလေးသည် လူကြီးများမကြိုက်သည့်အတွက် ကြောက်လန့်ကာ နောက်ထပ်သိလိုသည်များ
စူးစမ်းလိုသည်များရှိသော်လည်း မမေးရဲ မမေးဝံ့တော့အောင်ဖြစ်ကာ သွားရတော့သည်။

babysteps-2.jpg

ကလေးငယ်တစ်ဦး၏ တွေးခေါ်ကြံဆအဖြေရှာချင်သည့်လုပ်ရပ်က ကွင်းဆက်ပြတ်သွားရတော့သည်။
ထိုကလေးငယ်အဖို့ နောက်ထပ်သိလိုစိတ် မေးလိုစိတ်ရှိတော့မည် မဟုတ်တော့ပေ။ထိုအချက်သည် မိဘအုပ်ထိန်း
သူတိုင်း သတိပြုသင့်ပါသည်။ကလေးတစ်ယောက်ရဲ့ လောကအပေါ် စတင်စူးစမ်းဆင်ခြင်နိုင်မှု စွမ်းရည်သည်
ကလေးတစ်ယောက်အတွက် အလွန်အရေးကြီးပါသည်။သိချင် တက်ချင် လေ့လာချင်သော စိတ်ကလေးကို မိဘများ
ကဖေးမကူညီကာ တက်နိုင်သမျှအကောင်းဆုံးဖြစ်အောင် ကလေးစိတ်ကျေနပ်လက်ခံနိုင်တဲ့အထိ အလေးထားကာ
ရှင်းပြပေးသင့်ပါသည်။

journey+1.jpg

ကလေးတစ်ဦးသည် ပြင်ပစာပေလေ့လာမှုမပြုနိုင်သည့် အချိန်အခါအခြေအနေ အရွယ်တို့တွင် မိဘက ကလေး၏
စိတ်သန္တာန်ထဲ့သို့ဗဟုသုတနှင့် အသိတရားရှိစေရန် ဖန်တီးပြောပြပေးရပါမည်။ အိပ်ရာဝင်ပုံပြင်များပြောပေးခြင်း
သည် အလွန်ထိရောက်သော သွင်သင်ဆုံးမမှုနှင့် ကလေး၏စိတ်ကူးဥာဏ်ဖွံ့ဖြိုးမှုတို့အတွက် ကောင်းမွန်သင့်မြတ်သည့်
လုပ်ဆောင်ချက်ဖြစ်ပါသည်။ငယ်စဉ်အခါအကြောင်းအရာများကို ပြန်ပြောင်းစဉ်းစားဆင်ခြင်ကြည့်ကြမည်ဆိုလျှင်
မိမိငယ်ဘ၀အကြောင်းအရာအချက်အလက်တို့ထက် နားထောင်မှတ်သားကာစိတ်ထဲစွဲခဲ့သည့် ပုံပြင်များအကြောင်းအရာများကို
အလွယ်တကူပြန်မှတ်မိနိုင်သည်မှာ အားလုံးလက်တွေ့ပင်မဟုတ်ပါလား။

bobokyaw@bobokyaw
MSC-060
photo : google image

အနာဂါတ်ရဲ့ ကြယ်ပွင့်ကလေးများ (1) | Ecency