The Treasurer having strong belief in the triple Gems and Mara the Wicked
"ရတနာသုံးပါးအပေါ် ယုံကြည်သဒ္ဓါထက်သန်သော သူကြွယ်နှင့် ယုတ်မာသော မာရ်နတ်"
Once on a time when Brahmadatta was reigning in Benares, the Bodhisatta came to life in the family of the Lord High Treasurer of Benares, and was brought up in the lap of all luxury like a royal prince. By the time he was come to years of discretion, being barely sixteen years old, he had made himself perfect in all accomplishments. At his father's death he filled the office of Lord High Treasurer, and built six almonries, one at each of the four gates of the city, one in the centre of the city, and one at the gate of his own mansion.
ရှေးအခါက ဗာရာဏသီပြည်တွင် ဗြဟ္မဒတ်မင်းကြီး စိုးစံစဉ် ဘုရားလောင်းသည် ဗာရာဏသီသူဌေးမျိုးနွယ်၌ မွေးဖွားပြီး နန်းတွင်းမှ မင်းညီမင်းသားတစ်ပါးကဲ့သို့ ဇိမ်ကျကျ ကြီးပြင်းလာခဲ့၏။ ဆယ့်ခြောက်နှစ်အရွယ်မှာပင် အသိအလိမ္မာနှင့် ပြည့်စုံပြီး အဖက်ဖက်မှ ထူးချွန်ခဲ့သည်။ ဖခင် ကွယ်လွန်သောအခါ သူဌေးအရိုက်အရာကို ခံယူခဲ့ပြီး၊ မြို့အဝင်ဝ တံခါးလေးပေါက်တွင် မဏ္ဍပ်တစ်ခုစီနှင့် မြို့အလယ်တွင်တစ်ခု၊ သူပိုင်စံအိမ်တွင်တစ်ခု စုပေါင်း မဏ္ဍပ်ခြောက်ခု ဆောက်လုပ်လေသည်။
Very bountiful was he , and he kept the commandments, and observed the fest-day duties.
Now one day at breakfast-time when dainty fare of exquisite taste and variety was being brought in for the Bodhisatta, a Pacceka Buddha passed through the air and arrived at the gate of the mansion just as the Bodhisatta's breakfast was taken in.
မဏ္ဍပ်ခြောက်ခု၌ အလွန် ရက်ရက်ရောရော အလှူကြီးပေးပြီး သီလဆောက်တည်သည်။ ဥပုသ်သီတင်းစောင့်သုံးသည်။ တစ်နေ့ နံနက်စာ စားသုံးမည့်အချိန်၌ လက်ရာမြောက်ပြီး ကောင်းမွန်သော အစားအသောက်အစုံအလင်ကို ဘုရားလောင်းအတွက် ယူဆောင်လာစဉ် ပစ္စေကဗုဒ္ဓတစ်ပါး ကောင်းကင်မှ ကြွလာပြီး ဘုရားလောင်းအတွက် နံနက်စာယူဆောင်လာရာ အိမ်တံခါးဝ၌ ဆွမ်းရပ်လာသည်။
As soon as the Bodhisatta became aware of his presence there, he rose at once from his seat and looked at the attendant, indicating that a service was required.
"What am I to do, my lord?''
"Bring his reverence's bowl," said the Bodhisatta.
At that very instant Mara the Wicked rose up in a state of great excitement, saying, "It is seven days since the Pacceka Buddha had given food up; if he gets none today, he will perish. I will destroy him and stop the Treasurer too from giving."
ပစ္စေကဗုဒ္ဓ ကြွရောက်နေသည်ကို သိရှိသော ဘုရားလောင်းသည် နေရာမှ ချက်ချင်းထပြီး ဝေယျာဝစ္စဆောင်ရွက်ပေးရန် အရိပ်အယောင်ပြကာ အချွေရံတစ်ယောက်ကို ကြည့်လိုက်၏။
"ကျွန်တော်မျိုး ဘာများ ဆောင်ရွက်ပေးရမလဲ အရှင်"။
အရှင်မြတ်၏ သပိတ်ကို ယူလာခဲ့ပါ" ဟု ဘုရားလောင်းက စေခိုင်းလိုက်သည်။
ထိုအခိုက်တွင် ယုတ်မာသော မာရ်နတ်သည် အလွန် ထိပ်ထိပ်ပြာပြာနှင့် ထလာပြီး "ဒီနေ့ဟာ ပစ္စေကဗုဒ္ဓ အစားမစားပဲနေတာ ခုနှစ်ရက်ပြည့်တဲ့နေ့ပဲ။ ဒီနေ့မှ မစားရရင် ပရိနိဗ္ဗာန်ပြုရမယ်။ သူ့ကိုလည်း ပျက်စီးအောင်လုပ်မယ်။ သူဌေးရဲ့ အလှူပွဲကိုလည်း ရပ်တန့်အောင်လုပ်မယ်" ဟု ကြုံးဝါး၏။
And that very instant he went and created a pit of red-hot embers, eighty cubits deep, filled with all ablaze and aflame like the great hell of Avici among the mansion and Pacceka. When he had created this pit, Mara himself took his stand in mid-air. When the man who was on his way to fetch the bowl became aware of this, he was terrified and started back.
" What makes you start back, my man" asked the Bodhisatta.
"My lord," was the answer, "there's a great pit of red-hot embers blazing and flaming in the middle of the house."
And as man after man got to the spot, they all were panic-stricken, and ran away as fast as their legs would carry them.
သူသည် ချက်ချင်း ထွက်သွားကာ စံအိမ်နှင့် ပစ္စေကဗုဒ္ဓအကြားတွင် ရဲရဲတောက် ပူပြင်းပြီး အဝီစိငရဲကြီးကဲသို့ မီတောက် မီးလျှံများနှင့် ပြည့်နေသော အတောင်ရှစ်ဆယ် မီးကျီးတွင်းကြီးတစ်ခု ဖန်ဆင်းလိုက်သည်။ မီးကျီးတွင်းကြီး ဖန်ဆင်းပြီးနောက် ကောင်းကင်တွင် ရပ်နေ၏။ သပိတ်ယူဆောင်မည့်သူ ရောက်လာသောအခါ ဤအချင်းရာကို သိရှိသွားပြီး ကြောက်ကြောက်လန့်လန့်ဖြင့် ပြန်လှည့်သွား၏။
"ကိုယ့်လူ ဘာကြောင့် ပြန်လှည့်လာတာလဲ" ဟု ဘုရားလောင်းက မေးမြန်းလိုက်၏။
"အရှင် အိမ်အလည်မှာ မီတောက် မီးလျှံများ တောက်လောင်နေတဲ့ ရဲရဲတောက် ပူပြင်းသော မီးကျီးတွင်းကြီး ဖြစ်ပေါ်နေပါတယ်" ဟု ဖြေကြား၏။
တစ်ယောက်ပြီး တစ်ယောက် ထိုနေရာသို့ သွားကြည့်ရာ အားလုံး ထိတ်ထိတ်ပျာပျာဖြစ်ပြီး မြန်နိုင်သမျှ အမြန်အောင် ထွက်ပြေးကြသည်။
Thought the Bodhisatta to himself, "Mara must have been exerting himself today to stop me from alms-giving. I have yet to learn, however, that I am to be shaken by a hundred, or by a thousand, Maras. We will see this day whose strength is the stronger, whose might is the mightier, mine or Mara's." So taking in his own hand the bowl which stood ready, he passed out from the house, and, standing on the brink of the fiery pit, looked up to the heavens.
ဘုရားလောင်းက "မာရ်နတ်ဟာ ငါ့အလှူကို ဒီနေ့ ရပ်တန့်သွားအောင် အားထုတ်ကြိုးပမ်းနေတာဖြစ်ရမယ်။ မာရ်နတ်ပေါင်း အရာ အထောင်က ငါ့ကို တုန်လှုပ်အောင် လုပ်တာကို တွေ့ကြုံရနိုင်တယ်။ ဒါပေမယ့် မာရ်နတ်နဲ့ ငါ ဘယ်သူ့ရဲ့ အစွမ်းက သာလွန်တယ်၊ ဘယ်သူ့ရဲ့ ခွန်အားက ပိုပြီး အားကြီးတယ်ဆိုတာ ဒီကနေ့ သိစေရမယ်" ဟု စဉ်းစားလိုက်၏။ ထို့နောက် အသင့်ရှိနေသော ဆွမ်းပုဂံကို ကိုယ်တိုင်ယူဆောင်ပြီး အိမ်မှ ထွက်လာ၏။ ရဲရဲတောက်နေသော မီးကျီးတွင်း နှုတ်ခမ်းအစွန်းတွင် ရပ်လိုက်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။
Seeing Mara, he said, " Who are you" "I am Mara," was the answer.
"Did you create this pit of red-hot embers ? "
" Yes, I did."
"Why? "
"To stop you from alms-giving and to destroy the life of that Pacceka Buddha."
"I will not permit you either to stop me from my alms-giving or to destroy the life of the Pacceka Buddha. I am going to see today whether your strength or mine is the greater."
မာရ်နတ်ကို မြင်တွေ့ရာ "သင် ဘယ်သူလဲ" ဟု မေးလိုက်၏။
"ငါဟာ မာရ်နတ်ပဲ" ဟု ပြန်ဖြေ၏။
"ဒီ ရဲရဲနီပြီး ပူလောင်နေတဲ့ မီးကျီးတွင်းကို သင် ဖန်ဆင်းတာလား"။
"ဟုတ်တယ် ငါ ဖန်ဆင်းတာ"။
"ဘာကြောင့် ဖန်ဆင်းတာလဲ"။
"သင့် အလှူ ရပ်သွားအောင်နဲ့ ပစ္စေကဗုဒ္ဓရဲ့ အသက်ကို ဖျက်ဆီးပစ်ဖို့ ဖန်တီးတာ"။
"ငါ့ အလှူ ရပ်သွားအောင်လုပ်တာနဲ့ ပစ္စေကဗုဒ္ဓရဲ့ အသက်ကို ဖျက်ဆီးတာ ငါ လက်မခံဘူး။
သင့် အစွမ်းက သာသလား ငါ့အစွမ်းက သာသလားဆိုတာ ဒီနေ့ တွေ့ရမယ်"။
And still standing on the brink of that fiery pit, he cried, " Reverend Pacceka Buddha, even though I be in act to fall headlong into this pit of red-hot embers, I will not turn back. Only vouchsafe to take the food I bring."
ရဲရဲတောက်နေသော မီးကျီးတွင်း နှုတ်ခမ်းအစွန်းတွင် ရပ်လျှက် "အရှင် ပစ္စေကဗုဒ္ဓဘုရား တပည့်တော်သည် ရဲရဲနီပြီး ပူလောင်နေတဲ့ ဤမီးကျီးတွင်းထဲသို့ စောက်ထိုး မိုးမျှော်ကျသည့်တိုင်အောင် နောက်ပြန်ဆုတ်မည် မဟုတ်ပါ။ တပည့်တော် ဆောင်ယူလာသော ဆွမ်းကိုသာ လှူဒါန်းခွင့် ပေးသနားတော်မူပါ" ဟု လျှောက်တင်လိုက်သည်။
With these words the Bodhisatta, grasping the bowl of food, strode on with undaunted resolution right onto the surface of the pit of fire. But even as he did so, there rose up to the surfuce through all the eighty cubits of the pit's depth a large and peerless lotus-flower, which received the feet of the Bodhisatta! And from it there came a measure of pollen which fell on the head of the Great Being, so that his whole body was as it were sprinkled from head to foot with dust of gold !
ဤသို့ လျှောက်ထားရင်း ဘုရားလောင်းသည် ဆွမ်းခွက်ကို ဆုပ်ကိုင်လျှက် ခိုင်မြဲသော သန္နိဋ္ဌာန်ဖြင့် မီးကျီးတွင်းပေါ်သို့ လွှားခနဲ နင်းကျော်လိုက်၏။ ထိုသို့ နင်းကျော်လိုက်သည့် တစ်ချိန်တည်းမှာပင် အတောင်ရှစ်ဆယ်ပမာဏရှိသော မီးကျီးတွင်း မျက်နှာပြင်ကို ထွင်းဖောက်၍ အလွန်ကြီးမားပြီး ထူးခြားကောင်းမွန်သော ကြာပွင့်ကြီး ပေါ်ပေါက်လာကာ ဘုရားလောင်း၏ ခြေထောက်အောက်မှ ခံထားပေး၏။ ပစ္စေကဗုဒ္ဓ၏ ဦးခေါင်းထက်မှ ကျလာသော ကြာဝတ်မှုန်လေးများသည် မထေရ်မြတ်၏ ဦးခေါင်းမှ ခြေဖဝါးတိုင် ကိုယ်ခန္ဓာတစ်ခုလုံးကို ရွှေမုန့်များဖြင့် ဖျန်းပက်နေဘိအလား ထွက်ပေါ်လာသည်။
Standing right in the heart of the lotus, he poured the dainty food into the bowl of the Pacceka Buddha. And when the latter had taken the food and returned thanks, he flunk his bowl aloft into the heavens, and right in the sight of all the people he himself rose bodily into the air likewise, and passed away to the Himalayas again, seeming to tread a track formed of clouds fantastically shaped. And Mara, too, defeated and dejected, passed away back to his own abode.
ဘုရားလောင်းသည် ကြာပွင့်အလယ်တွင်ရပ်လျှက် မွန်မြတ်သော စားဖွယ်တို့ကို ပစ္စေကဗုဒ္ဓ၏ သပိတ်ထဲသို့ လောင်းလှူသည်။ အရှင်မြတ်သည် ဆွမ်းဘုန်းပေးပြီးသောအခါ အနုမောဒနာပြုပြီး သပိတ်ကို ကောင်းကင်လေထုထဲသို့ ပစ်တင်လိုက်သည်။ ထို့နောက် လူအားလုံး၏ မျက်မှောက်မှာပင် ခန္ဓာကိုယ်သည်လည်း လေထဲသို့ အလားတူ မြင့်တက်သွားပြီး တိံတိုက်များမှ ထူးထူးခြားခြား ဖြစ်ပေါ်နေသော စင်္ကြံလမ်းအတိုင်း လျှောက်လှမ်းသွားဟန်ဖြင့် ဟိမဝန္တာတောင်သို့ ပြန်ကြွသွားခဲ့သည်။
ရှုံးနိမ့်ပြီး စိတ်မချမ်းမသာဖြစ်နေသော မာရ်နတ်သည်လည်း ယင်း၏ ဘုံဗိမာန်သို့ ပြန်သွားတော့၏။
But the Bodhisatta, still standing in the lotus, preached the Truth to the people, extolling alms-giving and the commandments ; after which, girt round by the escorting multitude, he passed into his own mansion once more. And all his life long he shewed charity and did other good works, till in the end he passed away to fare according to his deserts.
ဘုရားလောင်းသည် ကြားပွင့်ပေါ်တွင် ဆက်ရပ်နေပြီး ဒါနသီလအကြောင်း ချီးမွမ်းထောမနာပြုကာ လူအများကို တရားဓမ္မဟောကြား၏။ ထို့နောက် အချွေအရံအစောင့်အရှောက် အမြောက်အများ ခြံရံကာ စံအိမ်ထဲသို့ ပြန်လည်ဝင်ရောက်သွားသည်။ သူသည် ဒါနစသော ကောင်းမှုကုသိုလ်များကို အသက်ထက်ဆုံး ပြုလုပ်ပြီး ကွယ်လွန်အနိစ္စရောက်သောအခါ ထိုက်တန်သော ဘဝသို့ ရောက်ရှိသွားခဲ့သည်။
@blay