မင်္ဂလာပါဗျာ...
Steemit မှ စာချစ်သူ မိတ်ဆွေတို့ရေ...
နှစ်သစ်ကူးချိန် အခါသမယမှာ နှစ်ဟောင်းမှ အညစ်အကြေးတွေ
ကို အတာရေဖြင့် ဆေးကြောရင်း ပျော်ပျော်နေခဲ့တာ ခုဆို
မြန်မာနှစ်ဆန်းတစ်ရက်နေ့ ရောက်ရှိလာပါပြီ။ Steemit မှာ
ပို့စ်တွေ မတင်နိုင်ခဲ့တာလည်း လေးရက် လောက် ရှိခဲ့ပါတယ်။
ဒီနေ့မှာတော့ဖြင့် အပျော်တွေကြောင့် ပင်ပန်းခဲ့ရတဲ့ ခန္ဓာကိုယ်ကို
အနားပေးရပါတော့တယ်။
သင်္ကြန် မကြိုခင် အရင်ရက်ကတော့ သင်္ကြန်တွင်း အားလပ်ရင်
စာဖတ်ဦးမယ်ဟဲ့ ဆိုပြီး ဆရာဦးကျော်ကျော်လှိုင်၏
" နှလုံးသားကို ဖြူ စင်အောင်ထားပါ " ဆိုတဲ့ စာအုပ်ကလေး
ဝယ်ဖြစ်ခဲ့ပါတယ်။ သို့သော် အခန်း တစ် ကိုသာ ဖတ်ခဲ့မိပါတယ်။
ယခု မနက်မှာတော့ အခန်း နှစ်နှင့် အခန်း သုံး ကို ဖတ်ရှု ပြီးခဲ့ပါ
တယ်။ စာအုပ် မဆုံးခင်မှာပဲ တော်တော်လေးကောင်းပြီး
အသုံးတဲ့တဲ့ စာအုပ်ပါပဲ ဟု ပြောကြားရင်း မိတ်ဆွေတို့လည်း
ဝယ်ဖတ်ကြဖို့ တိုက်တွန်းချင်ပါတယ်။ စာအုပ်ထဲက အကြောင်း
အရာတွေကိုတော့ ချမပြတော့ဘူးဗျာ။
လွန်ခဲ့သော ငါးရက်က "နှစ်သစ်ကူးစကားမွန် " ဆိုပြီး ပို့စ်တစ်ခု
တင်ခဲ့ပါတယ်။ နှစ်ဟောင်းမှ မိမိ၏ အခြေအနေတို့ကို ပြန်လည်
ဆန်းစစ်ပြီး နှစ်သစ်မှာ မည်သို့သော ရည်မှန်းချက်ပန်းတိုင်ကြီးဖြင့်
မည်သို့ လုပ်ဆောင်ကြမည်လဲ ဟု ဘဝအောင်မြင်ရေးအတွက်
လမ်းကြောင်းပြ စကားလုံးလေးတွေ ရေးတင်ခဲ့တာပါ။
အခုဆိုရင်တော့ နှစ်သစ်ကို လုံးဝ ရောက်ရှိခဲ့ပါပြီ။ ထိုပို့စ်မှာ
ရေးပြခဲ့သည်တို့ကို လိုက်နာဖြစ်ကြပါမလား။ ကျွန်တော်ကိုယ်တိုင်
လည်း တိတိကျကျ မချမှတ်ရသေးပါဘူး။ သာမန်လူတန်းစားတွေ
များပြားရခြင်း အကြောင်းတစ်ခုကလည်း ထို့ပို့စ် အတိုင်း လိုက်နာ
လုပ်ဆောင်ကြသူတွေ နည်းပါးကြလို့ပါပဲ။
ထို့ကြောင့် ကျွန်တော်ကိုယ်တိုင်နှင့် မိတ်ဆွေတို့လည်း
သတိမလွတ်ပဲ ထိုပို့စ်အတိုင်း ကျင့်ကြံနိုင်ကြဖို့ ယခုပို့စ်ကို
ထပ်လောင်း သတိပေးသည့်အနေဖြင့် ရေးတင်ရခြင်း ဖြသ်ပါသည်။
ယခင်ပို့စ်ကို အောက်တွင် ပြန်လည်၍ Link ချပေးလိုက်ပါတယ်။
မဖတ်ရသေးသောသူတွေ ဖတ်ကြရအောင်နှင့် မေ့သွားသူတွေ
ပြန်လည် အမှတ်ရစေဖို့ပါ။
https://steemit.com/myanmar/@billionairehein/myanmar-new-year-good-speech
ဤတွင် သင်္ကြန် အမှတ်တရ ဓာတ်ပုံအချို့အားလည်း
တင်ပြလိုက်ပါသည်။
မိတ်ဆွေအားလုံးကို လေးစားစွာဖြင့်.....
နှစ်သစ်မှာ မိတ်ဆွေအားလုံးနှင့် ဝေနေယျသတ္တဝါအားလုံး
ကျန်းမာ၊ ချမ်းသာ၊ အောင်မြင်၊ ပျော်ရွှင်ကြပါစေ။
#Happy-Myanmar-New-Year!
@billionairehein