မင်္ဂလာပါ မိတ်ဆွေတို့ရေ...
ဒီတစ်ပတ်မှာလည်း ယခင်အပိုင်းမှ အဆက် Motivation
အကြောင်း ဆက်လက်တင်ပြပါရစေ။
HKM။ ။ လှုံ့ဆော်မှု တွန်းကန်အား ထွက်လာအောင်
ဘာတွေက လုပ်ဆောင်ပေးနိုင်မလဲ ဆရာ။
ZY။ ။ ဒီအကြောင်းနှင့် ပတ်သက်လို့ ပုံတိုပတ်စလေးတွေဖြင့်
ဆွေးနွေး ပြောပြမယ်။
HKM။ ။ ဟုတ်ကဲ့ပါ ဆရာ။
ZY။ ။ တစ်ချိန်က နယ်စားကြီးတစ်ဦးဟာ အရွယ်ရောက်နေပြီ
ဖြစ်တဲ့ သမီးကညာတစ်ပါးကို စွမ်းဆောင်ရည့် ရှိသည့်
အမျိုးသားတစ်ဦးဖြင့် ထိမ်းမြားလက်ဆက်ပေးဖို့ အကြံအစည်
တစ်ခု ပြုလုပ်ပါသတဲ့။ သူ့နယ်ထဲမှာ ရှိနေကြတဲ့ အရွယ်ရောက်သူ
အမျိုးသားလူပျိုတွေကို ဆင့်ခေါ်ပြီး အောက်ပါအတိုင်း ပြောသတဲ့။
" မောင်မင်းတို့ နားထောင်ကြ...
ဟောဒီရေကန်ထဲမှာ လူသားစားတဲ့ မိကျောင်းတစ်ကောင်
ရှိတယ်။ မင်းတို့ထဲက ဒီရေကန်ထဲမှာ လက်ပစ်ကူးပြီး....
ဟိုဘက်ကမ်းသို့ ရောက်အောင် သွားနိုင်တဲ့သူကို...
ငါ၏ သမီးတော်ကို သော်လည်းကောင်း ၊
လယ်ဧက တစ်ထောင် သော်လည်းကောင်း၊
ရွှေဒင်္ဂါး တစ်ထောင် သော်လည်းကောင်း၊ လိုရာဆု...
တစ်ခုခုကို ပေးအပ်မယ်..." ဟု မိန့်ဆိုနေချိန်လေးမှာပဲ
"ဗွမ်း!" ဟူသော အသံနှင့်အတူ လူငယ်လေးတစ်ဦးဟာ
ရေကန်ထဲမှာ တရှိန်ထိုး ကူးခတ်သွားရာမှ ဟိုဘက်ကမ်းသို့
ရောက်သွားသတဲ့။
ဒီတော့ နယ်စားမင်းကြီးက သူ့စကားအတိုင်း ထိုလူငယ်လေး
ကို " မောင်မင်း အဘယ်ဆုကို ယူမည်လဲ" ဟု မေးသောအခါ
ထိုလူငယ်လေးက...
" ကျွန်တော်မျိုးကို ရေထဲ တွန်းချတဲ့ သူကိုသာ သိချင်ပါတယ်"
ဟု ပြန်ဖြေလိုက်သတဲ့။
ကဲ...ဒီပုံပြင် အရ ဘာကို ဆိုလိုချင်သလဲ ဆိုတာ
မင်း သိမြင်မိလား။
HKM။ ။ ပုံပြင်လေးက ဟာသဆန်သလိုနှင့် တစ်ကယ်တမ်း
ကျတော့ လူငယ်လေးဟာ စွမ်းရည်သတ္တိ ရှိနေလို့ ကူးခတ်
သွားတာ မဟုတ်ဘဲ အကြောက်တရား ကြောင့် ကူးခတ်သွား
ခဲ့တာကို ပြောချင်တာ မဟုတ်လား ဆရာ။
ZY။ ။ ဆရာ ဆိုလိုချင်တာကတော့...
လူတွေမှာ ငုပ်လျှိုးနေတဲ့ စွမ်းရည်တွေ ရှိကြပါတယ်။ အကြောက်
တရားက လှုံ့ဆော်လိုက်တဲ့အခါ စွမ်းဆောင်ရည် ထွက်လာတဲ့
သဘောကိုပါ။
HKM ။ ။ အကြောက်တရားဟာ Motivation ကို
ဖြစ်စေတယ်ပေါ့ ဆရာ။ ခွေးကို ချောင်ပိတ်ရိုက်ရင် ပြန်ကိုက်
တတ်တဲ့ သဘောတရားနှင့် တူတာပေါ့နော်။
ZY။ ။ တစ်ကယ်တော့ အကြောက်တရား ဆိုတာ အခြေအနေ
တိုင်း အတွက် မကောင်းပါဘူး။ မှန်ကန်တဲ့ အခြေအနေတစ်ခုမှာ
ထားတတ်မှပါ။ ဒီလိုမှ မဟုတ်ဘဲ နေရာတကာ ကြောက်စိတ်
ဖုံးလွှမ်းနေရင်တော့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။
နောက်ထပ် ပုံပြင်တစ်ခု ရှိသေးတယ်။
HKM။ ။ ဆက်ပြောပေးပါဦး ဆရာ။
ZY ။ ။ မြင်းလှည်းဆရာနှင့် မြင်း အကြောင်းပေါ့။
"မြင်းဟာ မုန်လာဥနီ သိပ်ကြိုက်သတဲ့။ ဒီတော့ မြင်းလှည်းဆရာ
က မြင်းကို အလုပ်ခိုင်းလို့ ကောင်းအောင် မြင်းရှေ့မှာ
မုန်လာဥနီ ဆွဲပေးထားလိုက်တယ်။ မြင်း နောက်ကျောမှာတော့
ကြာပွတ်ကို ပြထားတာပေါ့။ မြင်းဟာ မုန်လာဥနီ ကို
စားချင်စိတ်ရယ်...ကြာပွတ်ကို ကြောက်စိတ်ရယ်...ကြောင့်
မြင်းလှည်းကို ဆွဲပြီး ရှေ့သို့ သွားတော့တာပါပဲတဲ့။ "
HKM။ ။ ဒါဟာ ဆုပေး၊ ဒဏ်ပေး စနစ်ကို ဖော်ကျူးတာ
မဟုတ်လား ဆရာ။
ZY။ ။ ဒီစနစ်က စက်မှုခေတ် ဝန်ထမ်းတွေကို ကိုင်တွယ်တဲ့
စနစ်ပါ။ တော်တော်တော့ အလုပ်ဖြစ်ခဲ့ပါတယ်။ ယနေ့လို
ပညာခေတ်မှာတော့ ဒီပုံစံနှင့် မရတော့ဘူး။
ခုလေးတင်က ပြောခဲ့တဲ့ ပုံပြင်ကို တွေးကြည့်ပါ။ မြင်းဟာ...
မုန်လာဥနီ ကို မစားချင်တော့လျှင် သော်လည်းကောင်း၊
ကြာပွတ်ကို မကြောက်တော့လျှင် သော်လည်းကောင်း၊
ဘယ်လို အလုပ်ဖြစ်တော့မလဲ။
HKM။ ။ ဟုတ်တယ်နော် ဆရာ...နောက်ပြီး မြင်းဟာ...
မုန်လာဥနီ ကို မမှီလို့ မြင်သာမြင်ရ အစားရတဲ့ အဖြစ်မျိုး
ဆိုရင်လည်း ဘယ်လိုလုပ်ကြမလဲ။
ZY။ ။ ဒီဘက်ခေတ်မှာ ကောင်းမွန်တဲ့ လှုံ့ဆော်နည်းတစ်ခုက
ရေဆာအောင် လုပ်ပေးရမယ်တဲ့။ ရေဆာလာလျှင် ရေ မသောက်
ဘဲ မနေနိုင်ဘူး မဟုတ်လား။
HKM ။ ။ အဲ့ဒါနှင့် ပတ်သက်လို့ရော ပုံတိုပတ်စလေးဖြင့်
ပြောပြပါလား ဆရာ။
ZY။ ။ တစ်ခါက လူတစ်ယောက်ဟာ ခရီး အဝေး သွားစရာ
ရှိသည့်အတွက် သူ့ရဲ့ မြင်း ကို ရေ တိုက်သတဲ့။ မြင်း ကလည်း
ရေ မဆျာသးတော့ မသောက်ဘူး ဖြစ်နေတာ...ထိုလူဟာ
လမ်းခရီးမှာ ရေ အခက်အခဲ ရှိနိုင်တာကြောင့် မြင်း ကို
ရေ မရမက တိုက်တာပေါ့။ မြင်း ပါးစပ်ထဲ ရေခွက် ရေပုံး ဖြင့်
လောင်းထည့်လည်း မြင်းက မသောက်ဘူး။ ရေကန်ထဲ ဆွဲခေါ်
ပြီး မြင်းရဲ့ပါးစပ်ကို နှစ်ပြီး သောက်ခိုင်းလည်း မသောက်ဘူး...။
အဲဒီလို အခက်အခဲ ဖြစ်နေတာကို သူတို့ဘေးမှ ဖြတ်သွား
သော လူတစ်ယောက်က မြင်သောအခါ...ထိုလူက...
" ဒီက မိတ်ဆွေက မြင်းကို ရေတိုက်ချင်တာလားဗျို့" ဟု
မေးသောအခါ မြင်းပိုင်ရှင်က...
"ဟုတ်တယ်ဗျာ...ခရီးဝေး သွားမှာမို့ မြင်းကို ရေတိုက်နေတာ...
မသောက်ဘူး ဖြစ်နေတယ်ဗျာ" လို့ ပြန်ဖြေတော့မှ
ခုနကလူက မြင်းပိုင်ရှင်ကို ဆား သွားယူခိုင်းပြီး မြင်းရဲ့ လျှာ
ကို ပွတ်ပေးလိုက်သတဲ့။ ထိုအခါကျတော့ မြင်းဟာ...
ရေဆာလာပြီး သူ့ဘာသာ သွားသောက်တော့တာပေါ့။
ဒီလိုပါပဲ...လူတွေကိုလည်း လုပ်ချင်ကိုင်ချင်စိတ် ရှိလာအောင်
စီမံပေးရမယ်လို့ ပြောချင်တာပါပဲ။
HKM။ ။ ဒါဆို ဆရာ...ကျွန်တော်တို့ဟာ အောင်မြင်ဖို့ရာမှာ
ကိုယ်ကိုတိုင်ရော၊ အခြားလူတွေကိုရော ဘယ်လို ရေဆာအောင်
ဆားပွတ်ပေးရပါမလဲ။
ZY။ ။ ဒီနေရာမှာ စာရေးဆရာ ဒေါ်နယ်လိုင်းယတ်* ရဲ့
ဒသနစကားလေး ပြောပြမယ်။
" လူတွေကို ကိုယ့်ကိုကိုယ် တန်ဖိုးထားတတ်အောင် အမြဲ
ကူညီပေးပါ။ တစ်ခြားလူတွေရဲ့ စိတ်ထဲမှာ သူတို့ဟာ အရေး
ပါတယ်လို့ ခံစားတတ်အောင် လုပ်ပေးတဲ့ ပညာကို ခင်ဗျား
တိုးတတ်အောင် လုပ်ပါ။ လူတစ်ယောက်ကို အသုံးကျသွား
အောင် လုပ်ပေးပြီး အဲဒီလို အသုံးကျသွားတာကို သူ ကျေနပ်
အားရသွားအောင် ကူညီကေးတာထက် ပိုပြီး ကောင်းတဲ့
ဂုဏ်ပြုနည်း မရှိသလောက်ပါပဲ။ " တဲ့။
ဒီတော့ လူတွေကို လှုံ့ဆော်ပေးနိုင်ဖို့ ဆိုရင် လူတွေအကြောင်း
ခွဲခြားနားလည် သိမြင်နိုင်ရပါမယ်။ သူတို့တွေ အကြိုက်ကို
သိရပါမယ်။ သူတို့တွေရဲ့ လိုအပ်ချက်တွေကို သိရပါမယ်။
သူတို့တွေကို ချီးမွန်းဂုဏ်ပြုတာတွေ လုပ်ပေးရပါမယ်။ သူတို့
တွေဟာ အရေးပါ အရာရောက်တဲ့ ပုဂ္ဂိုလ်တွေဟု မှတ်ယူခံစား
တတ်အောင် လုပ်ပေးရပါမယ်။ သူတို့တွေရဲ့ စွမ်းဆောင်ရည်ကို
အသိအမှတ် ပြုပေးရပါမယ်။ ဆောင်ရွက်သမျှတွေအားလုံး
အတူတူ ပူးပေါင်း ပါဝင်နိုင်စေရပါမယ်။
အခြားလူတွေကို လှုံ့ဆော်မှု မပြုခင်မှာ မင်းကိုယ်တိုင်ဟာလည်း
ကိုယ့်အကြောင်း ကိုယ်သိပြီး လှုံ့ဆော်မှုတွန်းကန်အားကို
အသုံးချနိုင်ရမယ်။ မင်းရဲ့ စွမ်းဆောင်မှု ၊ လှုံ့ဆော်မှုတွေမှာ
စိတ်အားထက်သန်မှု ပြင်းပြင်းထန်ထန် ရှိဖို့လည်း အထူး
အရေးကြီးပါတယ်။
ဆက်ရန်...
မိတ်ဆွေအားလုံး ကျန်းမာ ချမ်းသာ အောင်မြင် ပျော်ရွှင်ကြပါစေ။
@billionairehein
MSC -193
Hein Khant Maung ကိုယ်တိုင် စုတုပြု၍
စီကုံးရေးသားည်။