မင်္ဂလာပါ စာချစ်သူ မိတ်ဆွေတို့ရေ...
အရင်တစ်ပတ်က အောင်မြင်စေရန် အလို့ငှါ ခေါင်းဆောင်မှု
ဟာ မရှိမဖြစ် လိုအပ်ကြောင်း ဆွေးနွေး တင်ပြခဲ့ပါတယ်။
တခါတလေတွင် ကျွန်တော်သည် အားအားရှိလျှင် နန်းတော်ရှေ့
ဆရာတင်*၏ သီချင်းတွေကို နားထောင်နေမိပါတတ်ပါတယ်။
ထိုသီချင်းများထဲမှ ကျွန်တော် အကြိုက်ဆုံးမှာကား "သူဌေးဝါဒ"
ပင် ဖြစ်ပါတယ်။ ကျွန်တော် ခဏခဏ ညည်းဆိုဖြစ်နေသော
သီချင်းစာသား အချို့မှာ...
"စိန် လိုချင်ရင် စိန် ဖြစ်ရမည်...အိမ် လိုချင်တယ် အိမ် ဖြစ်ရမည်...
လူစိတ်ဓာတ်ဟာ လောက အမြတ်ဆုံး အတည်... ။
ဩော်... ချစ်တဲ့ရည်းစား စွဲလန်းကြတော့ မကြာဧကံ ရတတ်
သည်... ပုံပမာလို မှတ်ကြအတည်...မောင် လိုချင်တာ ရလိမ့်
မည်... ခင် လိုချင်တာ ရစေ့မည်... လူစိတ်ဓာတ်ဟာ လောက
အမြတ်ဆုံး အတည်...။"
ယခုလည်း ကျွန်တော်ဟာ ထိုသီချင်းစာသားလေးကို ညည်းဆို
ရင်း အောင်မြင်ရေး အကြောင်း ဆွေးနွေးရန် ဆရာဦးဇယံ ဆီ
သွားရောက်ခဲ့ပါတယ်။
HKM။ ။ မင်္ဂလာပါ ဆရာ...ဘာစာတွေများ ဖတ်နေတာလဲဗျ ။
ZY။ ။ ဩော်... အေး...လာကွာ။ Mother Teresa*
အကြောင်း ဖတ်နေတာ။
HKM။ ။ မာသာထရီဆာ ကို ကြားဖူးပါတယ်... ဆရာ။
ဒုက္ခ ရောက်နေသူတွေကို ကူညီပေးတဲ့၊ ပရဟိတမှာ
လေးစားရတဲ့သူ မဟုတ်လား။
ZY။ ။ ဟုတ်တာပေါ့။ မေတ္တာတရား မှာတော့ မြတ်စွာဘုရား
ကလွဲရင် ပြိုင်စံရှားတဲ့ ပုဂ္ဂိုလ်ပါပဲ။ ဒီမှာ သူမရဲ့ ဒသနလေးတွေ
ဖတ်ပြမယ်။
" သင့်မှာရှိတဲ့ အကောင်းဆုံး အရာတွေ လောကကြီးကို
ပေးလိုက်ပါ။ ဒီအတွက် သင့်မှာ ထိခိုက်နာကျင်မှုတွေ ခံစား
ရလောက်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကမ္ဘာကြီးကို အကောင်းဆုံး
အရာတွေ ပေးလိုက်ပါ။ "
" ကြီးမြတ်သော အရာများကို လူအနည်းငယ်မျှကသာ စွမ်း
ဆောင်နိုင်ကြသည်။ သို့သော် သေးဖွဲသော အလုပ်များကို
ကျွန်ုပ်တို့အားလုံး ကြီးမားသော မေတ္တာ၊ကရုဏာများဖြင့်
ဆောင်ရွက်နိုင်ကြပါသည်။" တဲ့။
သူမဟာ ဒီစကားတွေ အတိုင်းပဲ လူအများ မလုပ်ချင်တဲ့
သေးဖွဲတဲ့ အရာတွေကို မေတ္တာ၊ကရုဏာ ကြီးမားစွာဖြင့်
တစ်ဘဝလုံး မြှုပ်နှံ ဆောင်ရွက်သွားခဲ့တာပဲ။ ဒါကြောင့်လည်း
လေးစားထိုက်တဲ့၊ အတုယူထိုက်တဲ့၊ ဂုဏ်ယူထိုက်တဲ့
ခေါင်းဆောင်တစ်ဦး အနေဖြင့် ကမ္ဘာမှာ ကျော်ကြားခဲ့တာပဲ။
HKM။ ။ ဩော်... ဒါကြောင့် ဆရာက ခေါင်းဆောင်တစ်ဦး
ဖြစ်ဖို့ အရေးမှာ စေတနာ၊မေတ္တာ၊ကရုဏာ ကြီးမားရမယ်လို့
ဆိုခဲ့တာပေါ့ ဟုတ်လား...ဆရာ။
ကျွန်တော်လည်း ဆရာ့ဆီ မလာခင် မေတ္တာရေးနှင့် ပတ်သက်
တာလေး တွေးမိပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့
ကိလေသာနှင့် စပ်ထားတဲ့ မေတ္တာပါလေ။
ZY။ ။ ကိလေသာရောတဲ့ မေတ္တာကနေ ဖြူ စင်တဲ့ မေတ္တာ
အဖြစ် ပြောင်းလဲနိုင်ရင် ပိုကောင်းတာပေါ့။ မေတ္တာတရားဟာ
အောင်မြင်ရေးမှာ တွန်းကန်အားတစ်ခု ပါပဲ။
HKM။ ။ တွန်းကန်အား ဟုတ်လား...ဆရာ။ Lever လား...
Motivation ကို ပြောတာလားဗျ ။ ဆရာ ပြောခဲ့တဲ့
ခေါင်းဆောင်ဖြစ်ဖို့ လိုအပ်ချက်များထဲမှာတော့ "တခြားလူတွေ
ရဲ့ စိတ်ဓာတ်ကို တတ်ကြွအောင် လှုံ့ဆော်နိုင်ရမယ်" လို့
ပါတယ် မဟုတ်လား။
ZY။ ။ ဟုတ်ပါတယ်။ တစ်ခြားလူတွေရဲ့ စိတ်ဓာတ်ကို တတ်ကြွ
အောင် လှုံ့ဆော်နိုင်ရမယ် ဆိုတာက ကိုယ်ကိုတိုင် စိတ်ဓာတ်
တတ်ကြွနေပြီးမှ လုပ်ဆောင်နိုင်မှာပါ။
Lever ဆိုတာက "ကုပ်" လို့ ပြောရမယ်... တွန်းကန်အား
တစ်ခုပါပဲ။ အား အနည်းငယ် စိုက်ရုံဖြင့် မြင့်မားတဲ့ စွမ်းအား
ရစေတာမျိုးကို ဆိုပါတယ်။ ဒီ ကုပ်ရဲ့ တွန်းကန်အား ကို အသုံး
ပြုပြီးလည်း အောင်မြင်မှု ရအောင် လုပ်နိုင်တာပဲ။ ဒါနှင့်
ပတ်သက်ပြီး ဆရာ ဖတ်ဖူးခဲ့တဲ့ ပုံတစ်ခု ပြောပြမယ်။
HKM။ ။ ဟုတ်ကဲ့ ပြောပြပေးပါ...ဆရာ။
ZY။ ။ ဟိုတချိန်တုန်းက ဒေးဗစ်* လို့ ခေါ်တဲ့ လူငယ်လေးတစ်ဦး
နေထိုင်တဲ့ ရွာမှာ ပြသနာတစ်ခု ကြုံရသတဲ့။ အဲဒီ ပြသနာကတော့
ပေါင် (၄၀၀) လောက်ရှိတဲ့ လူ့ဘီလူးကြီး ဂိုလိယ* က
ဒေဗစ်* တို့ ရွာသားတွေအပေါ် အနိုင်ကျင့် စော်ကားနေသတဲ့။
ရွာသူရွာသားတွေကလည်း အင်အား မမျှလို့ ကြောက်နေကြရ
သတဲ့။
ဒီလို အနေအထားမျိုးမှာ လူငယ်လေး ဒေဗစ်* ဟာ လူ့ဘီလူးကြီး
ဂိုလိယ* နှင့် တိုက်ခိုက်ဖို့ ထွက်ခဲ့တယ်။ ဒေဗစ်* ဟာ
ဂိုလိယ* မှာ အပေါင်းအပါ လေးဦး ရှိတာကိုပါ စုံစမ်းပြီးတော့
လေးခွ နှင့် ခဲ ငါးလုံး ယူဆောင်သွားခဲ့တယ်။ ဂိုလိယ* နှင့်
တွေ့တော့ ဒေးဗစ်ဟာ လေးခွနှင့် တစ်ချက်ပဲ အားယူ ပစ်ခွင်း
လိုက်တယ်။ ဂိုလိယဟာ လေးခွ တစ်ချက်စာနဲ့ပဲ လဲကျ ၊
ကျရှုံးသွားခဲ့ရတယ်။
ဒါဟာ အဲဒီ အချိန်တုန်းက ကုပ်ရဲ့ တွန်းကန်အား ကို သိရှိ
ပိုင်နိုင်စွာ အသုံးချနိုင်ခဲ့လို့ ဒေးဗစ်ဟာ လူ့ဘီလူးကြီး
ဂိုလိယကို အောင်မြင် အနိုင်ရခဲ့တာပဲ။
HKM။ ။ ဒီပုံပြင် အရဆို ပြသနာကို ဖြေရှင်းရဲတဲ့သတ္တိနှင့်
အများအတွက် ဆောင်ရွက်ပေးနိုင်တဲ့ စွမ်းရည်တွေ ရှိလို့လည်း
အနိုင်ရ အောင်မြင်တာ ဖြစ်မှာပေါ့နော်... ဆရာ။
Motivation နှင့် ပတ်သက်လို့ရော ရှင်းပြပါဦးဗျ ။
ZY။ ။ "Motivation ဆိုတာဟာ လူတွေရဲ့ နှလုံးသားနှင့်
စိတ်ဓာတ်ကို ရွေ့လျားစေတဲ့ အရာပါပဲ။ သူတို့ကို မျှတ မှန်ကန်
စွာ ဆက်ဆံခြင်းကနေ စေ့ဆော်မှုကို ရတာပါပဲ။ " ဟု
ပါမောက္ခ ကွန်ဒို* က ဆိုထားပါတယ်။
ဒီတော့ Motivation ဆိုတာ လူတွေကို အောင်မြင်စေရန်
လုပ်ချင်ကိုင်ချင်စိတ်တွေ ထွက်ပေါ်လာပြီး စွမ်းအားမြှင့်
မောင်းနှင်နိုင်ခြင်းပဲဟု ပြောရမှာပဲ။
ဆက်ရန်...
Screenshot photos from google images
Credit to original uploader
မိတ်ဆွေအားလုံး ကျန်းမာ ချမ်းသာ အောင်မြင်
ပျော်ရွှင်ကြပါစေ....
@billionairehein
MSC -193
Hein Khant Maung ကိုယ်တိုင် စုတုပြု၍ ရေးသားသည်။