Let Us Discuss To Succeed (12)

Words
427
Reading
2 min
Listen
Play
9y

မင်္ဂလာပါ မိတ်ဆွေတို့ရေ...
orca-image-1520220197350.jpg_1520220197627.jpeg

ကျွန်တော်တို့ရဲ့ ဖွံ့ဖြိုးဆဲ မြန်မာနိုင်ငံဟာ ခုဆိုရင် နိုင်ငံရေး
မူဝါဒ အပြောင်းအလဲတွေ လုပ်လာပါပြီ။ သဘာဝသယံဇာတ
ပေါကြွယ်ဝခြင်းဟာ မှန်မှန်ကန်ကန် အသုံးချတတ်မယ်ဆိုရင်
ချမ်းသာတဲ့ နိုင်ငံတစ်ခု ဖြစ်နေမှာပါ။
Screenshot_2018-03-04-21-28-18.png

ခုတော့ နိုင်ငံသား အများစုဟာ ဆင်းရဲတွင်း နက်နေကြဆဲပါပဲ။
ဒါဟာ နိုင်ငံရေး မူဝါဒ စနစ်ကြောင့်လား..ပြည်သူတွေဟာ
ပညာမဲ့ကြလို့လား...စိတ်ဓာတ် နိမ့်ပါးညံ့ဖျင်း ကြလို့လား...
စည်းကမ်း မရှိကြလို့လား...အတိအကျ မပြောနိုင်ပါဘူး။
စာသင်ကျောင်းတွေမှာတော့ စိတ်ဓာတ် ၊ စည်းကမ်း ၊ ပညာ
လို့ရေးထားတာပါပဲ။
Screenshot_2018-03-04-21-04-25.png

ဒီအကြောင်းအရာနှင့် ပတ်သက်လို့ ဆရာတွေက ဘယ်လို
မွန်းမံ သင်ကြားပေးလိုက်ကြပါသလဲ...မသိပါဘူး။
စိတ်ဓာတ်တွေက "ဘယ်သူသေသေ ငတေ မာရင် ပြီးရော"
ဆိုတာလိုပဲ။ စည်းကမ်းကလည်း ပြည်သူပိုင် နေရာတွေ၊
လမ်းတွေမှာသာ ကြည့်ပေတော့။ ပညာကတော့ ဒီဟာ
ကောင်းနိုးနိုး၊ ဟိုဟာ ကောင်းနိုးနိုး... စမ်းသပ်ဆဲကာလ။
ကိုယ်ကျင့်တရား ဆိုတာ ဘာဆိုတာ မသိတော့လို့ အသိစိတ်
ပြန်လှန်ကြည့်ရတော့မယ်။
တခါက မိတ်ဆွေအချို့နှင့် စကားလက်ဆုံကျနေတုန်း ၊
မိတ်ဆွေတစ်ဦးက မေးလာပါတယ်။ "ဆရာတို့ စကားတွေ
ထဲမှာ Ethic ဆိုတာ ပါပါလာတယ်... အဲ့ဒါ ဘာပါလဲ...
ပြောပြပါဦး "တဲ့။ ဒီတော့ ကျွန်တော်လည်း နားလည်သလို
ရှင်းပြမိခဲ့ပါတယ်။
Screenshot_2018-03-04-21-00-13.png

" Ethic ဆိုတာ ကိုယ်ကျင့်တရား ပါပဲ...ဂရိ က ဆင်းသက်
လာတာလား... လက်တင်ဘာသာက ဆင်းသက်လာတာလား
တော့ သေချာ မသိပါဘူး။ ဒီ ကိုယ်ကျင့်တရား ဆိုတာက...
နိုင်ငံဒေသအလိုက်၊ ယဉ်ကျေးမှု ထုံးတမ်းစဉ်လာ နှင့်အညီ
လူတိုင်း ထားသင့်တဲ့ ၊ ကျင့်ကြံပြုမူသင့်တဲ့၊ နိယာမ တစ်ခု
ပါပဲ" လို့ ။
လက်ရှိ ကျွန်တော်တို့ နိုင်ငံသားတွေဟာ စားဝတ်နေရေး
ဆိုတဲ့ အခြေခံ လိုအပ်ချက် အတွက်ပဲ ရုန်းကန်နေကြရတော့
ဒါကို အလေးမထားနိုင် ဖြစ်နေကြတယ်။ ကိုယ်ကျင့်တရား
နိမ့်ပါးလို့ ဆင်းရဲတာလား... ဆင်းရဲလို့ ကိုယ်ကျင့်တရား
နိမ့်ပါးတာလား...၊၊ စိတ်ဓာတ် ၊ စည်းကမ်း ၊ ပညာ နိမ့်ပါးလို့
ဆင်းရဲတာလား... ဆင်းရဲလို့ စိတ်ဓာတ် ၊ စည်းကမ်း ၊ ပညာ
နိမ့်ပါးတာလား... ။ မုန့်လုံး စက္ကူ ကပ်လို့ ဂျာအေး သူ့အမေ
ရိုက်လို့နဲ့ ကြက်ဥ အစ ရှာမရသလို ရှင်းရှင်း နားမလည်းသေး
ပါဘူး။ ဒါနဲ့ပဲ ကျွန်တော်ဟာ ဒီအကြောင်းတွေကို ဆရာဦးဇယံ
နှင့် ဆွေးနွေး မေးမြန်း အဖြေရှာချင်လာပါတယ်။
Screenshot_2018-03-04-21-26-14.png

HKM။ ။ မင်္ဂလာပါ ဆရာ...ဆရာ့ ကြည့်ရတာ အမြဲလို
လန်းဆန်းနေတာပဲ။
ZY။ ။ ဒါပေါ့... စိတ်ကြည်လင် ကျန်းမာနေရင် လူဟာ
လန်းဆန်းတတ်ကြွ နေမှာပါပဲ။ ဒါကလည်း စိတ်ကောင်း
ထားတတ်မယ်... လုပ်သင့်လုပ်ထိုက်တာတွေ လုပ်နေမယ်...
သင့်တင့်မျှတစွာ စားသောက်တတ်မယ်... လိုအပ်တဲ့ အချိန်မှာ
လိုအပ်တာတွေ ပြုမူကျင့်ကြံ နေမယ်ဆိုရင် ကောင်းလာမှာပါ။
HKM။ ။ ဟုတ်ပါပြီ ဆရာ... ကျွန်တော်တော့ စိတ်အိုက်နေ
မိတယ်။ စီးပွားရေး လောကသားတွေရဲ့ ပယောဂကြောင့်
အစားအစာတွေကလည်း စိတ်မချရ၊ ကမ္ဘကြီး ပူနွေးလာမှု ၊
ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း မြင့်မားလာမှုတွေ ကြောက်
ရနဲ့...၊ ဒီကြားထဲ ဒီရက်ပိုင်း အတွင်း ဖတ်ရတဲ့ ဂျာနယ်ထဲမှာ
ရွှေထွက်တဲ့ဒေသက ပြဒါးအဆိပ်သင့်လို့ လူတွေ သေကြဆိုပဲ။
လက်ပံတောင်းတောင် ကြေးနီ တူးဖော်ရေးမှာလည်း ဘေးထွက်
ကျောက်တွေက ရေနှင့် ထိတွေ့ရင် အက်ဆစ်ထွက်တယ်
ဆိုလားပဲ။ ဒီလိုသာ ဆိုရင်ဖြင့် ကျွန်တော်တို့ ပြည်သူပြည်သား
တွေရဲ့ အနာဂတ်ဟာ ခက်ရချည်သေးရဲ့ဗျာ။ ဒါဟာ စီးပွားရေး
နိမ့်ကျလို့လား... လူတွေရဲ့ စိတ်ဓာတ် ၊ စည်းကမ်း ၊ ပညာ
ညံ့ဖျင်းလို့လား ဆရာရေ။
Screenshot_2018-03-04-21-02-43.png

ZY။ ။ အကြောင်းပြချက် တောင်းရင်တော့ အမျိုးမျိုးကြောင့်လို့
ပြောရမလားပဲ။ "တို့မြန်မာတွေ စည်းကမ်းဖောက်လို့ ထီးနန်း
ပျောက်ခဲ့ပြီ " ဆိုတာ ကြားဖူး မဟုတ်လား။ လက်ရှိ တို့မြန်မာ
အများစုဟာ အမျိုးသားရေး စိတ်ဓာတ် နိမ့်ပါးနေတာရယ်...၊
စီးပွားရေး လောဘဇောနောက် တကောက်ကောက် လိုက်နေ
ကြတာရယ်ကြောင့် ဘေးထွက်ဆိုးကျိုးတွေကို သိပ်ဂရု မစိုက်
အားဘူး။ စည်းကမ်းမဲ့နေကြတဲ့ ပြည်သူတွေအပေါ် တခြား
နိုင်ငံခြားသားတွေရဲ့ စည်းကမ်းမဲ့ ဆက်ဆံတာ ခံရတော့တာ
ပေါ့။ အခြေခံ ဗဟုသုတ၊ ပညာ နိမ့်ပါးတော့လည်း ဘယ်လို
ကာကွယ်၊ ဘယ်လို ဖြေရှင်းရမလဲ... မသိကြဘူး။ မင်း ပြောတဲ့
အကြောင်းအရာ ဆရာလည်း ဖတ်လိုက်မိပါတယ်။ အထူးသဖြင့်
ရွှေလုပ်ကွက် ရှိတဲ့ ဒေသခံလူတွေ၊ သွားရောက်လုပ်ကိုင်နေတဲ့
သူတွေဟာ ပြဒါးနှင့်အက်ဆစ်တွေနဲ့ ပတ်သက်လို့ အသုံးပြု
ကိုင်တွယ်ပုံတွေ၊ ဘေးထွက်ဆိုးကျိုး ပြသနာတွေကို ထဲထဲဝင်ဝင်
သိရှိနေဖို့ လိုတယ်ဟေ့။ ဒါကို ပညာတတ်တွေက မီဒီယာကနေ
တဆင့် လူထု သိရှိရအောင် ဆောင်ရွက်သင့်တယ်လို့ပဲ ပြော
ချင်ပါတယ်။
HKM။ ။ ဒါနဲ့ ဆရာ... အောင်မြင်ရေးမှာ စည်းကမ်း ထားရှိဖို့
လိုတယ် မလား။
Screenshot_2018-03-04-21-01-38.png

ZY။ ။ လိုတာပေါ့။ စစ်မှန်တဲ့ ရေရှည် အောင်မြင်မှုကို စည်းကမ်း
တကျ ဆောင်ရွက်မှုက အရောက်ပို့နိုင်တာပဲ။ စည်းစနစ်တကျ ၊
ဟန်ချက်ညီညီ ထိန်းညှိ လုပ်ဆောင်မှသာ အောင်မြင်မှု ရရှိမယ်။
ဒီလိုမှ မဟုတ်ဘဲ စိတ်အလိုလိုက် ပေါ့ပေါ့တန်တန် သဘောထား
ပါက လမ်းကြောင်း ပရမ်းပတာ ဆန်သွားပြီး ဘာမှ ဖြစ်လာမှာ
မဟုတ်ဘူး။
"See You At The Top " စာအုပ်ထဲမှာ "လူ ဆိုတာ
ခံစားမှု၏ သတ္တဝါ အဖြစ် မဟုတ်ဘဲ... ကြောင်းကျိုး ဆပ်စပ်မှုနှင့်
စည်းကမ်းတကျ လုပ်ဆောင်တတ်သည့် လူပုဂ္ဂိုလ်သာ ဖြစ်သင့်
သည်" ဟု တိုက်တွန်းရေးသားထာတယ်။ "တခြားလူကို အုပ်စိုး
မယ့်သူဟာ အရင် ပထမ သူ့ကိုယ်သူ စိုးမိုးနိုင်ရပါလိမ့်မယ်" လို့
လည်း ဖီးလစ်. မက်ဆင်ဂျာ* က ဆိုထားသေးတယ်။
ဆက်ရန်.....
Photos from google images
Credit to original uploader
မိတ်ဆွေအားလုံးကို ကျေးဇူးတင်ပါတယ်...
အားလုံး ကျန်းမာ ချမ်းသာ အောင်မြင် ပျော်ရွှင်ကြပါစေ။
billionairehein@billionairehein
MSC -193
Hein Khant Maung ကိုယ်တိုင် စုတုပြု၍ ရေးသားသည်။

Let Us Discuss To Succeed (12) | Ecency