Change ပြောင်းလဲလိုက်ပါ

Words
78
Reading
1 min
Listen
Play
8y

... မင်္ဂလာပါ မိတ်ဆွေတို့ရေ ....

ကျွန်တော် ရေးတင်နေသည်များမှာ မအောင်မြင်သေးသူ
အောင်မြင်မှု ရရှိစေရန် စွမ်းဆောင်နေသူများ အတွက်
တစ်ထောင့်တစ်နေရာကနေ အကျိုးတစ်စုံတစ်ရာ ရရှိ
စေရန် ရည်ရွယ်ပါသည်။ အောင်မြင်နေသူများနှင့်
အောင်မြင်စေဖို့ ရည်ရွယ်လုပ်ဆောင်နေခြင်း မရှိသူများ
အတွက်တော့ အထွေအထူး မပြောလိုပါ။ အဘယ်ကြောင့်
ဆိုသော် မိမိဘဝကို မိမိသာလျှင် တာဝန်ယူရမည်
ဖြစ်သောကြောင့်ပါပဲ။

ဤတွင် ကျွန်တော် မျှဝေလိုသည်မှာ အရင် အပိုင်းတွေလို
ပြောင်းလဲဖို့ပါပဲ။ ဟုတ်ပါတယ်... မိတ်ဆွေတို့ဟာ
လက်ရှိ အနေအထားကို ကျေနပ်ရောင့်ရဲနေတာ
မဟုတ်ဘဲ ပိုမိုတိုးတတ် အောင်မြင်ချင်တယ် ဆိုရင်...
Screenshot_2018_0916_175714.png

#Change!

မိမိ မရဘူးတဲ့အရာကို ရယူချင်ရင်
မိမိ မလုပ်ဘူးတဲ့အရာကို လုပ်ဖို့ လိုပါမယ်။
မရောက်ဘူးတဲ့နေရာကို ရောက်ချင်ရင်
မလျှောက်ဘူးတဲ့လမ်းကို လျှောက်ရပါမယ်။
မိမိ ဘယ်နေရာမှာလဲ?
မိမိဘယ်ကိုရောက်ချင်ပါလဲ?
လက်တလော လေ့လာ၊ လေ့ကျင့်၊ လုပ်ဆောင်တာတွေနှင့်
မတူ... တမူ ထူးခြားစွာ ပြောင်းလဲ၍
လေ့လာပါ.. လေ့ကျင့်ပါ... လုပ်ဆောင်ပါ။
ဟု

တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။

မိတ်ဆွေအားလုံး ကျန်းမာ ချမ်းသာ အောင်မြင် ပျော်ရွှင်ကြပါစေ...
orca-image-1529224864173.jpg_1529224864253.jpeg

billionairehein@billionairehein

Change ပြောင်းလဲလိုက်ပါ | Ecency