အမှတ်တရ ပုပ္ပါး

Words
217
Reading
1 min
Listen
Play
8y

မင်္ဂလာပါ ...
IMG_20180805_104401.jpg

... ပုပ္ပါး..ပုပ္ပါး ... တောင်တော် ရွှေပုပ္ပါး ...
ပုပ္ပါးရယ်သာ.. လာချင်ပါရဲ့လေး
...

ပုပ္ပါးတောင်သည် မြန်မာနိုင်ငံအလယ်ပိုင်းတွင်
တည်ရှိပြီး အပူပိုင်းဒေသမှ တစ်ခုတည်းသော
အေးချမ်းသာယာသော ဒေသတစ်ခု ဖြစ်ပါသည်။
အမြင့်ပေ ၄၉၈၁ ပေ မြင့်မားပြီး ဘုရားဖူးခရီးသွားများ
ရာသီမရွေး လည်ပတ်ကြရာ ဒေသလည်း ဖြစ်ပါသည်။
IMG_20180805_104353.jpg

၈ လပိုင်း အစက ကျွန်တော်တို့ ဇနီးမောင်နှံသည်
ပုဂံညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုမြို့တော်၌
မြန်မာစတီးမစ်အဖွဲ့ဝင်များ တွေ့ဆုံပွဲ တတ်ရောက်ခဲ့ရင်း
သမိုင်းဝင်ဘုရားများ လှည့်ပတ်ဖူးမြော်ပြီး
တစ်လက်စတည်း ပုပ္ပါးတောင်ကလပ် တတ်ရောက်ရန်
ထွက်ခွာခဲ့ပါတယ်။

ပုပ္ပါးတောင်သို့ တတ်ရောက်ရာလမ်းတွင် ကျွန်တော်မှ
ဇနီးသည်အား အောက်ပါကဗျာလေးကို ရွတ်ပြမိခဲ့ပါတယ်။

...ပုပ္ပါးနတ်တောင် အခေါင်မြင့်ဖျား
စုံတောပျား၌ နံ့ရှားကြိုင်လွင့်
ခါတန်ပွင့်သည် ရွှေနှင့်ရိုးမှား
ဟု ဆိုကာ
နောက်ဘာလဲဟု မေးလိုက်ပါတယ်။ ထိုအခါ
ဇနီးသည်ကလည်း ပန်းစကား ဟု ဖြေပြောခဲ့ပြီး
ထိုသို့ ရွှေနှင့်ရိုးမှား ပန်းစကား ရှေးကဗျာလေးကို
သတိတရ ရွတ်ဆိုမိကြရင်း တောင်ကလပ်ဆီသို့
ခရီးဆက်ခဲ့ကြပါတယ်။

ပုပ္ပါးတောင်ကလပ် အခြေနား ရောက်ခါနီးတွင်
ပုပ္ပါးတောင်ကလပ် ပုံကို အမှတ်တရ ဓာတ်ပုံရိုက်ယူ
ခဲ့ပါတယ်။ ထို့နောက် စီးနင်းလာသော ဆိုင်ကယ်အား
ဆိုင်ကယ်အပ် လက်ခံနေရာတွင် အပ်နှံခဲ့ပြီး
တောင်ကလပ်ပေါ်သို့ တတ်ရောက်ခဲ့ပါတယ်။
စတတ်တတ်ခြင်းတွင် ဘိုးမင်းခေါင် နန်းဆောင်ကို
စတင် တွေ့ရှိရ၍ ရိုးရာဓလေ့ အရ ငှက်ပျောသီး၊
အုန်းသီးဖြင့် ပွဲထိုး အရိုအသေပြုခဲ့ကြပါတယ်။
ကျွန်တော်သည် ဗုဒ္ဓဘာသာ ဖြစ်၍ နတ်ကိုးကွယ်မှုကို
မပြုသော်လည်း ဘိုးမင်းခေါင် မှာ နတ်စိမ်း မဟုတ်မူဘဲ
ထွက်ရပ်ပေါက်ပုဂ္ဂိုလ်ဟု အယူရှိသောကြောင့်
ပူဇော်ခဲ့ခြင်း ဖြစ်ပါတယ်။ နောက် အောင်စေ ပိုင်စေ
နိုင်စေ
မောင်း သုံးချက် တီးကာ ဆန္ဒပြုခဲ့ပါတယ်။
IMG_20180805_105402.jpg

IMG_20180805_114105.jpg

ထိုမှ ဆက်လက်၍ ပုပ္ပါးတောင်ကလပ်ပေါ်ရှိ
ဘုရားအဆူဆူတို့အား ရှိခိုးပူဇော်ဖူးမြော်ကန်တော့ခဲ့
ကြပါတယ်။ တောင်ကလပ်မှ ဘေးပတ်လည်ဝန်းကျင်
ရှိ သဘာဝရှုခင်းများစွာကိုလည်း အမှတ်တရ ဓာတ်ပုံ
များ ရိုက်ယူခဲ့ပါသေးတယ်။
IMG_20180805_113726.jpg

IMG_20180805_112421.jpg

တောင်ကလပ်ပေါ်ရှိ မြောက်ကလေးများ ကိုလည်း
အစာကျွေးခဲ့ပါတယ်။ ထိုသို့ တောင်ကလပ်ပေါ်တွင်
လှည့်ပတ်ကြည့်ရှုရင်း အမြင့်ဆုံးနေရာသို့ ရောက်မှ
လေညင်းခံ အနားယူခဲ့ကြပါတယ်။ လေညင်းခံ
အနားယူနေစဉ်တွင် ကျွန်တော်သည် တက္ကသိုလ်
ကျောင်းသားဘဝက ပုပ္ပါးတောင်ကလပ်သို့
အပျော်အပါး ခဏခဏ လာရောက်လည်ပတ်ခဲ့ဖူးတာကို
ပြန်လည် သတိရမိခဲ့ပါတယ်။ လွန်ခဲ့သော ဆယ်နှစ်
ကျော် မိုးရာသီတစ်ခုမှာ ပုပ္ပါးတောင်ကလပ်သို့
လူငယ်ဘာဝ ပျော်ပါးစွာ လာခဲ့ကြဖူးတာကိုပေါ့ဗျာ။
IMG_20180805_114241.jpg

အဲဒီတုန်းကတော့ ယခု ပါလာတဲ့ ဇနီးသည်ကို
မမြင်ဖူးသေးဖူးပေါ့... တက္ကသိုလ်ကျောင်းသား
ဘာသာဘာဝ ပျော်ပါးခဲ့ကြတာပေါ့... ပုပ္ပါးတောင်
ကလပ်ပေါ်မှာ မြူနှင်းတွေ ဝေသီနေခဲ့တာ တစ်လံ
လောက်အတွင်း အခြားလူတွေကို မမြင်နိုင်အောင်
ကို ပိန်းပိတ်ဖြူဖွေးလို့သာပေါ့... အဲဒီအချိန်လေးမှာ
ကျောင်းတော်တုန်းက ရည်းစားလေးကို....
အဲ... သတိရတာလေး ပြန်တမ်းတမိနေစဉ်
ဇနီးသည်က ပြန်ဆင်းကြဖို့ ခေါ်လိုက်တော့ အတွေးမျှဉ်
လေး ပျက်သွားခဲ့ပြီပေါ့ဗျာ။
IMG_20180805_114757.jpg

ထို့နောက် ကျွန်တော်တို့ ဇနီးမောင်နှံ နှစ်ဦးဟာ
ပုပ္ပါးမှ တောင်သာ မြင်းခြံလမ်းအတိုင်း စစ်ကိုင်းသို့
ပြန်လာခဲ့ကြပါတယ်။
တက္ကသိုလ်ကျောင်းသားဘဝက ပုပ္ပါးတောင်ကလပ်ပေါ်က
ဇာတ်လမ်းလေးကိုတော့ နောက်အလျဉ်းသင့်ရင် ထပ်မံ
ပြောပြပါမယ်ဗျာ... ခုတော့ ဒီလောက်ပါပဲ။

မိတ်ဆွေအားလုံး ပြုံးပျော်နိုင်ကြပါစေ...

MSC - 193

billionairehein@billionairehein

အမှတ်တရ ပုပ္ပါး | Ecency