ကျွန်တော်ငယ်ငယ်တုန်းကအတော် ကြိုက်ခဲ့တဲ့သြဇာသီးပေါ့ဗျာ၊အခုလကြိုက်တာပါဘဲ ။
ဒီအသီးကတခြားသောအသီးတွေနဲ့မတူဘူးဗျာ့ သူရာသီချိန်ရောက်မှစားရတာ ၊တခြားအသီးတွေလိုလှောင်လို့လဲမရ၊အချဉ်တည်ထားလဲမရနဲ့ ၊သူသီးတဲ့အချိန်စား မသီးတဲ့အချိန်မစားရုံပါ့ ၁၂ရာသီ သီးအောင်လည်းမလုပ်ကြ။၊သူကမှည့်ပြီးရင်စားရတော့တာကြာရှည်အထားမခံဘူး ။ဈေးကွက်ထဲဖြန့်ဘို့အတော်ခက်ပါတယ်၊သရက်သီးတိုးဘာတို့လိုမဟုပ်ပါဘူး ၊မှည့်ပြီဆိုတာနဲ့ အလွန်ဆုံး၂ရက်ပါကျော်သွားရင်မကောင်းတော့ပါဘူး၊ အဲတာကြောင့်မို့သူကို ရှားပါးလို့နတ်များစားတဲ့အစားအစာလို့တောင်တင်စားရမလိုပါဘဲ ။
By -babakyi