ဒီနေ့ ထမင်းစားကောင်းစေတဲ့ ဟင်းတစ်ခွက်လေးပါ။ တန်ခူးလ ရောက်၍သရက်သီးလေးများက စားချင်စရာ။မရင့်သေးတဲ့ အချိန်ဖြစ်ပီး ကြွေကျပါက သရက်သီးခြောက်လှမ်းထားနိုင်ပါတယ်။ သရက်သီးခြောက်ကို ဝက်သား အချဥ်ချက်ပီး စားလျှင်လည်း မြိန်ပီး စားကောင်းစေပါတယ်။ ငါးခြောက်နှင့်ချက်ပီးလည်း ချက်စားဖြစ်ပါတယ်။ သရက်သီးပဲ ရေနွေးဖျော်ပီး သရက်သီးသနပ် လုပ်စားရတာလည်း ကြိုက်ပါတယ်။ ဒီနေ့ကတော့ သရက်သီးလေးခြစ်ပီး သုပ်စားလိုက်တယ်။
နေပူပူနဲ့ အစားသောက်ပျက်နေတော့ အချဥ်လေးစားချင်လို့ သရက်သီးလေးသုပ်ဖြစ်တယ်။
ကြက်သွန်နီ လေးလုံး၊ခရမ်းချည်သီး နှစ်လုံး၊ငရုပ်သီးစိမ်း၊ မြေပဲဆံကြော်ကို ထောင်းထားပီး နံနံပင် လေးကို အရင်သင့်လုပ်ထားလိုက်တယ်။ သရက်သီးကို ရေပြောင်အောင် ဆေးပြီး ရေစိမ်ထားလိုက်တယ်။
ပီးမှ ဂျစ်နဲ့ယူပီး ခြစ်ပီးတော့ စောစောက အသင့်ပြင်ထားတဲ့ကြက်သွန်နီ၊ခရမ်းချည်သီး၊ ငရုတ်သီးစိမ်း၊ လှီးပီးတော့ နံနံပင်လေးထည့်လိုက်တယ်။ ပဲမူန့် ကျက်လေးရယ် ၊ မြေပဲဆံကြော် ထောင်းထားတာလေးရယ်၊ဆားရယ် ကြက်သားမူန့်ရယ် နည်းနည်းစီ ထည့်ပီး ဆီထည့် နယ်လိုက်တယ်။ခုဆို ချည်ပြုံးပြုံးနဲ့ ထမင်းမြိန်စေတဲ့ သရက်သီးသုပ်လေးရပါပီရှင့်။ ကိုယ်က ဝါသနာပါတော့လည်း ဟင်းချက်ရမယ်ဆို ပျော်နေတော့တာပဲ။စားကြပါအုံးရှင့်။