Hello. Mingalarpar အာလုံးပဲ ကျန်းမာ ပျော်ရွှင်ကြပါစေရှင့်။ ပူပြင်းတဲ့ နွေကို အံတုပြီး ပေါက်ရောက် လာပေးတဲ့ ကျေးဇူးကြီးတဲ့ ကန္တာရပင်လေး လေးတွေပါ။ နွေရာသီ ရောက်ပီဆိုတော့ ရာသီဥတုက တော်တော်ကို ပူနေတာပါပဲနော်။အပူလေးတော့ သူတို့လေးကြောင့်နည်းနည်းတော့ သက်သာတာပေါ့နော်။
အလည်နေနဲ့ ရောက်နေတဲ့ရွာလေးအကြောင်းပြောပြမယ်ဆိုရင် စိတ်ဝင်စားလားရှင့်။
မီးက မမှန်တာရယ် နွေကပူတာရယ် သစ်ပင်လေးတွေကြောင့် အရမ်းမပူတော့ဘူးထင်ရပေမဲ့ သစ်ပင်လေးတွေ ကြည့်ပီး သနားလာပီ။ ပူပြင်းတဲ့ နွေရယ် ၊ သောက်ရတဲ့ ရေငံရယ်နဲ့ ကြီးပြင်းလာကြပေးလို့ ကျေးဇူးတင်ပါတယ် ကန္တာရပင်လေးတွေရယ်။ နေပူပြင်းတာတော့ ရက်စက်တယ်နော် ။အဝတ်ဆို ခဏလေးပဲ လျော်ပီးရင် ခဏနေရင် ခြောက်နေပီနော်။ရေကလည်း ရေစေးဖြစ်ပီးတော့ သဲကပါတော့ ဝါနေရောပဲ။ညကတည်းက ရေကိုကြိုတင်ပီး ရေနှိပ်ထားရတယ် ။အဲ့မှ မနက်ကြ သုံးဖို့ရာ ကြည်ကြည်လေးဖြစ်နေမှာမို့လေ။
ညကျော်ရေ
ဘုရားပန်းဆို မနက်တစ်ခါ ညနေတစ်ခါ ရေလဲပေးရတယ်။ နေကပူပြီးတော့ ရေက ငံတော့ ပန်းလည်း မခိုင်ဘူးလေ။ ဒီမှာနေရတာ ဇာတိမြေကို အရမ်းသတိရတယ်။ ပိုပြီး တန်ဖိုးကြီးတယ် ထင်မိတယ်။ဇာတိမြေမှာကြ ဘာပဲ စိုက်စိုက် ဖြစ်ထွန်းလွယ်တယ်။ရေကလည်း ဘယ်နေရာပဲ တူးတူး ရေချို ပဲဆိုတော့ အဲ့တန်ဖိုး မသိခဲ့ဘူး။ခု အလည်ခဏတာ ရောက်တဲ့နေရာမှာ နေရာမှ သိလာတယ် ။အပင်လေးတွေ စိုက်ချင်တယ် ။တော်တော်လေးပြုစုရမယ်။ရေကြောင့်ပေါ့။ ခုတော့ ရှင်မလားတော့ မသိသေးဘူး ကျောက်စိမ်းပန်းတဲ့။
စိုက်ထားတာ နှစ်ပတ်ရှိပီ အရောင်တော့ ငြိုးနေတာ။ တစ်ပင်တော့ ရှင်မယ် ထင်ရတာပဲနော် ။နေ့တိုင်းဂရုစိုက်ပီး ရေလောင်း ပေးနေ ရတာ။ အိမ်က မမကြီးကတော့ပြောပါတယ် မရှင်လောက်ဘူးတဲ့။ ရှင်လည်းကောင်းတာပေါ့ဆိုပြီး စိုက်ထားတယ်။ဒီနွေရယ် ရေရယ်ကို ပြိုင်ပီးတော့ပေါ့။
အပင်လေး ရှင်သန်မှာပါနော်။