ကြုံဖူးခဲ့ရ ဤဒုက္ခ

Words
126
Reading
1 min
Listen
Play
3y

နေကပူ လေတိုက်ခက်ပေတဲ့ လေတိုက်နေတာပင်‌ လေပူတွေဆိုပေမဲ့ ကျေးဇူးတင်မိသေးသည်။ လေသာ မတိုက်လျှင် အရိပ်ထဲမှာပင် ချွေးဒီးဒီးကျ‌သည်။ ပူလွန်းတာနဲ့ အပျင်းပြေ အိမ်မှာရှိတဲ့ အဖေနဲ့ အမေဆီ ဖုန်းခေါ်ဖြစ်တယ်။ဖုန်းကိုင်လို့ ပူတာတောင် မငြီး‌နိုင်လိုက်။ ‌ဖေနဲ့ မေ ဘာလုပ်နေကြလဲဆိုတော့ ပြေးနေကြတာတဲ့။ အော် းးးးနေကပူပူနဲ့ ကိုယ်ကသာ ပူတယ်‌ငြီးနေရတာ။ အဖေနဲ့ အမေမှာ ပူတာ မငြီးနိုင်ပဲ ပြေးနေကြရတာပေါ့တဲ့။ကိုယ်တွေတော့ လည်ပင်းလောက်နက်တဲ့ ရေထဲကနေလည်း ဖြတ်ခဲ့ဘူးလို့ ပြေးရရင် ဘယ်လိုဆိုတာ‌သိနေတော့ စိတ်ပူမိတယ်။

မပြေးလို့လည်း မဖြစ်ဘူးလေ။ သူတို့က လူစိတ်မှ မရှိတာကိုး။ ပြေးရတယ်ပြောရင် မပြေးဘဲနေရတဲ့လူတွေက ရယ်နေတဲ့သူလည်း ရှိမှာပေါ့။ မရယ်ပဲ ကိုယ်ချင်းစာပီး နားလည်တဲ့သူလည်း ရှိမှာပါ။ ကိုယ်‌ တွေကတော့ ပြေးရရင် ဘယ်လိုပန်းတယ်ဆိုတာ သိပီးသားပါလေ။ နေပူမရှောင် မိုးရွာ မရှောင်၊ ပြေးခဲ့ရဖူးတော့ စိတ်မောရ ပင်ပန်းရ ဆာလောင်ရတာကို သိနေပီး စိတ်ပူမိတယ်။အဆင်ပြေပါစေ၊ ဘေးလွတ်ပါစေ ပဲဆုတောင်းနိုင်ပီးအဲ့ထက်ပိုတာ မလုပ်ပေးနိုင်သေးဘူးပေါ့လေ။လည်းပင်းထိ နက်တဲ့ ရေထဲလည်း အထုပ်တွေရွက်ပီး ပြေးခဲ့ရဖူးတယ် ။အဲ့ပုံတော့ မရှိဘူးပေါ့နော်။ အဲ့ပုံရအောင်ရိုက်နေရင်လည်း ခုချိန်ဒီစာရေးနိုင်မယ် မထင်တော့ပါ။ အဲ့ရေတွေထဲ တစ်ရက်တည်းညသုံးလေးခါ ဖြတ်ရတာတွေရှိခဲ့ဖူးသည်။

အဖြစ်ကတော့ ကြောက်လို့ ပြေးပါတယ်ဆိုမှ သူတို့ရှေ့ကပြေးမိသလိုဖြစ်လို့ ပြေးလိုက်ရတာလွန်လို့ပါပဲ။ အဲ့အကြောင်း ‌ပြောပြရရင်ကုန်မယ် မထင်။ ထမင်းတောင် မချက်နိုင်လို့ အဖေပြုတ်ပေးတဲ့ ကြက်ဥစားရတာ အရသာရှိနေတာပေါ့။ ထမင်းမစားပဲ မနေနိုင်တဲ့ ကျွန်မ အရေးကြုံတော့မစားပဲ နေ့လယ် နှစ်နာရီမှ မနက်စာ စားခဲ့ရ။ အော် အ‌ခြေနေအရနောက်တော့ ခဏဏပါပဲ ပြေးရတာလည်း။ ညအချိန်မတော်လည်း ပြေးဖူးတယ်။ကိုယ့်အိမ်မဟုတ်တဲ့နေရာမှာလည်း အိပ်ရတယ်။မိုးလှုံ နေလှုံနေရတာပဲ သူများတွေနဲ့စာရင် ကံကောင်းတယ် ပြောရမယ်။ ဒါကတော့ ဘုန်ကြီးကျောင်းက ဓမ္မရုံမှာ အိပ်ခဲ့ချိန်က။

အော် းးဒီအကြောင်းတွေ ပြောပြရင်လည်း ပြောပြလို့ကုန်မှာမဟုတ်တော့။ ခုလို ဒုက္ခအပေါင်းမှလည်း ကင်းလွတ်ချင်ပါပီ။ အားလုံးလည်း ဘေးဒုက္ခအပေါင်းမှ ကင်းလွတ်နိုင်ကြပါစေလို့ ဆုတောင်းရင်း းးးးး။