ဒီနေ့ ဆွမ်းလောင်းလှူဖြစ်တယ်။ မနက်စောစော သုံးနာရီ ထပီးတော့ မီးမပျက်ခင်လေး ထချက်လိုက်တယ်။စောစောထမှလည်းဖြစ်မယ်လေ။ မီးကလည်း မမှန်တာနဲ့ နောက်ကျနေရင် မီးပျက်နေမှာမို့အချိန်လုရတာပေါ့။ စောစော ဆွမ်းလောင်းလှူမှာဆိုတော့ စောစော ကျတ်မှ ဖြစ်မယ်လေ။
ဟင်းကတော့ သင်္ကြန်ရက်မို့ ကြက်ဥပါပဲလေ။ ကြက်ဥချက်ရယ် ၊သရက်သီး သုပ်ရယ် ၊ ခရမ်းသီချက်ရယ်နဲ့ ဆွမ်းပို့ဖြစ်တယ်။ ကျွန်မတို့ရွာမှာဆိုရင်တော့ ဥပုဒ်စောင့်လိုက်ကြတာပေါ့။ ခုတော့ ဥပုဒ်မစောင့်ခဲ့ပါဘူး။
ဆွမ်းလောင်းပီး ပြန်လာခဲ့တာ။ ဘုန်းဘုန်းတွေ ကိုရင်လေးတွေ ရောက်နေပီ။ ဝိုင်းဝန်း ဒါန ပြုတဲ့လူတွေလည်း များတယ်။ ဆွမ်းပို့ခဲ့ပါပီ ။အားလုံးလည်း ကျွန်ုပ်နဲ့ အတူတကွ ထပ်တူထပ်မျှရကြပါစေ။