Winter Feeling

Words
79
Reading
1 min
9y
Listen to this post
~1 min

image

Steemit members အားလုံး ကောင်းသော နေ့လေး ဖြစ်ပါစေရှင်။ ဆောင်းတွင်း ဆောင်းရဲ့ အရသာ စစ်စစ်ကို အခုမှပဲ ခံစားရတော့တယ်။ မနက် ဝေလီဝေလင်း မိုးမလင်းခင် အေးစိမ့်လာမှုက လူကို လှုပ်နှိုးနေသော်လည်း မျက်လုံးများက မဖွင့်ချင် ပျင်းစိတ်နဲ့ ဆက်ကာကွေး မိုးကလင်းလာသော်လည်း ချမ်းစိမ့်မှုက မပျောက်တော့ အိပ်ယာက မထချင် ဆက်ကွေးရင်း ကွေးရင်း လူကတော့ မထ မျက်လုံးလေးကို မဖွင့်ချင် နံရံက နာရီ လှမ်းကာကြည့် မပွင့်တစ်ပွင့် မျက်လုံးကြောင့် မနက် ခုနှစ်နာရီခွဲက ခြောက်နာရီခွဲ ဖြစ်လိုဖြစ် စောသေးတာပဲ ရပါသေးတယ် ဆိုပြီး ပြန်ကာ ဆက်ကွေးနေတော့ အောက်ထပ်မှ အန်တီက ဟဲ့အလုပ်သွားဖို့ မထသေးဘူးလား။ မိုးလင်းထိန်နေပြီး ဆိုတဲ့ အော်သံ ကြောင့် ကမန်းကတန်း ကောက်ကာထ မျက်လုံးပြူးကာ ဖွင့်လို့ နာရီကို အပြူးအပြဲ ကြည့်မိတော့မှ ရှစ်နာရီ ထိုးတော့မှာပါလား။ အဲတော့မှ ဆောင်းတွင်း feeling ကြောင့် မိုတစ်ယောက် အလုပ်နောက်ကျပါပေကောလား။ အော် ဆောင်းတွင်း feelingကြီးရယ်။ အဟင့် အဟင့်။
Author@ayemomo(MSC-051)
Photo by google

Winter Feeling | Ecency