ဘဝရှင်သန်နေထိုင်နည်း

Words
103
Reading
1 min
Listen
Play
9y

လူသားတွေ ဘယ်လိုဖြစ်တည်လာတယ်ဆိုတာထက် ဘယ်လိုအဆုံးသက်ကြတယ်ဆိုတာက ပိုမိုအဓိကကျပါတယ် ဘဝကို အနှစ်ချုပ်လိုက်ရင် "မွေးဖွားခြင်း,ရှင်သန်ခြင်း,သေဆုံးခြင်း"သုံးမျိုးပဲ ရှိပါတယ်
ပထမအဆင့်ကို ကံကောင်းထောက်မစွာ ကျော်လွန်ခဲ့ပြီး ရှင်သန်ခွင့်ကို ရရှိခဲ့ကြတယ် အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကိုယ့်ဘဝကို အကောင်းဆုံးဖြစ်အောင် ကြိုးစားတည်ဆောက်နေကြတာပါပဲ အများစုကတော့ ဆန္ဒနဲ့ဘဝ တစ်ထပ်တည်း မကျခဲ့ကြပါဘူး
image
ကျွန်တော်တို့ဘဝရဲ့အချိန်တွေထဲမှာ ကိုယ့်ဆူးကို ကိုယ်ထွင်ဖို့မကြိုးစားမိပဲ တပါးသူအတွက် မရောင်ရာ ဆီလူးပေးမိနေသည့် အဖြစ်တွေဘယ်လောက်များနေခဲ့ပြီလဲ ဖြူစင်မှုနဲ့ ဘဝကို စခဲ့ကြတယ် တကယ့်ကို ဖြူဖြူစင်စင်လေးပါ ဘယ်လောက်ထိ ဖြူစင်သလဲဆိုရင် "အမေ့ဗိုက်ထဲက ပါလာတဲ့ ရိုးသားမှုတွေကို ပြန်လိုချင်တယ်……"လို့ တောင့်တမိတဲ့အထိပါပဲ ကျနော်တို့ ပတ်ဝန်းကျင်ရဲ့ အရိပ်အငွေ့တွေက လူသားတွေရဲ့ စိတ်ကို အရောင်ဆိုးခဲ့တယ်လေ ပုံမှန်အားဖြင့် ခေတ်ကို လူတွေက လုပ်ယူရာကနေ ခေတ်က လူတွေကို ပြန်ဆွဲခေါ်သွားတဲ့ခေတ်ဖြစ်နေပါပီ စိတ်ခံစားမှုနှင့် ဘဝကို ရောထွေးပစ်ခြင်းက အရမ်းကိုဆိုးရွားပါတယ် ဘယ်သူမဆို ကိုယ့်ကံကို ကိုယ်ရေးကြရတဲ့သူများဖြစ်တယ် ဘယ်လိုပင် လက်မထောင်နေပါစေ သေခြင်းတရားကို ကျေကျေနပ်နပ် ရင်ဆိုင်ဝံ့သူက နိုင်တာပါပဲ။ မွေးဖွားခြင်းက စခဲ့ပြီး သေခြင်းတရားမှာ အဆုံးသက်တဲ့ နိယာမတွေတူပေမယ့် ရှင်သန်မှု အနေအထားအလျောက် လားရာဂတိကတော့ ခြားနားနေပါလိမ့်မယ်
image
ကျနော်တို့ရှင်သန်လာရတဲ့ကာလတလျှောက် လူသားတွေ အများကြီးနဲ့ ဆုံတွေ့ကြရပါတယ် ကိုယ့်အပေါ် ကောင်းတဲ့သူလည်း ရှိမယ် ဆိုးတဲ့သူလည်း ရှိမယ် တစ်ချို့က မိတ်ဆွေအနေနဲ့ လာတယ် တစ်ချို့က ရန်သူအနေနဲ့ လာတယ် မိတ်ဆွေဆိုတာ များဖို့မလိုပါဘူး သူ့အကျိုး ကိုယ်…… ကိုယ့်အကျိုး သူ……လိုလားဖို့ပဲ လိုပါတယ်
မလိုအပ်သော အတွေးများကို ဖယ်ထုတ်ပစ်ခြင်းဖြင့် စိတ်သက်သာရာ ရပါစေ


![image](
ဘဝရှင်သန်နေထိုင်နည်း | Ecency