☆မိဘမေတ္တာ(သို့)စုန်ရေ☆(1)

Words
167
Reading
1 min
9y
Listen to this post
~1 min

♡♡♡
image
မိဘ ဆိုတာလူတိုင်း လူတိုင်းမှာရှိကြတာပါပဲ...လူ
ရယ်လို့ဖြစ်တည်လာဖို့ကို အမိရယ် အဖရယ်ဒီလူ
နှစ်ဦးရှိမှ ဖြစ်လာရတာပါ...အမေ ဆိုတာက ကျွန်
တော်တို့အတွက် မွေးကျေးဇူးရှင်...၉ လလွယ် ၁၀
လဖွား အအိပ်ပျက်အစားပျက်နဲ့ဒုက္ခ ကြီးငယ်ကိုမ
ညီးမငြူဘဲ မမွေးလာသေးတဲ့ကိုယ့် သားသမီး
မျက်နှာလေးကို မြင်ယောင်ပြီး ပီတိအပြုံးဝေနေခဲ့
သူဟာ အမေပါ...ယောက်ျားဖောင်စီး မိန်းမမီး
နေဆိုသလိုပါပဲ...ကိုယ့်သားသမီးကို မွေးတော့
မယ်ဆိုရင်ဘဲ အသက်ကိုမမှု သေမင်းနဲ့စစ်ခင်းပြီး
သားသမီးတွေကို မွေးဖွားသန့်စင် ပေးခဲ့သူဟာ
အမေပါဘဲ...။ image
image
ကျွန်တော်တို့ လူ့လောကထဲရောက်
ရှိလာပြန်တော့လဲ မေတ္တာတွေအပြည့်နဲ့ နို့ချိုကို
တိုက်ကျွေးပြီး ခွန်အားတွေဖြစ်စေခဲ့တာဟာ အမေ
ပါဘဲ...နို့ရည် ဆိုတာဟာ အမေရဲ့. သွေးတွေက
နေအမေ့မေတ္တာတွေကြောင့် ဖြူစင်တဲ့နို့ရည်အဖြစ်
ပြောင်းလဲသွားခဲ့တာပါ...ဒါကို ကျွန်တော်တို့တွေ
ဟာ အငန်းမရ စုပ်ယူသောက်သုံး ခဲ့ကြတာပါ...
ကျွန်တော်တို့ လူလားမမြောက်ခင်အချိန်တွေမှာလဲ
ဂရုတစိုက် နဲ့ပြုစု ပျိုးထောင်ပေးခဲ့သူဟာလဲ အမေ
ပါဘဲ...ချီးကလူ သေးကလူနဲ့ အရွယ်မရောက် သေးတဲ့ ကျွန်တော်တို့ကို မရွံမရှာ ပြုစုပျိုးထောင်
ပေးခဲ့သူဟာ အမေပါဘဲ...။
image
ကျွန်တော့်အမေက ပြောတယ် နင်ငယ်ငယ်ကဆို
အရမ်းချူချာတာတဲ့...ဟုတ်တယ် ကျွန်တော်က
မရဏ ဖွားဆိုတော့ ငယ်ငယ်က အရမ်းချူချာခဲ့တဲ့
သူ...ခြောက်လ လုံးလုံး ကျွန်တော့် အမေမှာ အ
အိပ်ပျက် ပြီးစိုးရိမ်ပူ ပန်ခဲ့ရတယ်...ဆေးရုံ၊ဆေး
ခန်း၊ ကလေးအထူးကု၊ ခဏခဏ ပြေးနေရတာတဲ့
ဒါတွေကို အမေပြန်ပြောပြတုံးကတော့ ပုံပြင်တစ်
ပုဒ်လို နားထောင်ကောင်းခဲ့မိတယ်...အမေ့ရဲ့
မေတ္တာတွေ အမေ့ရဲ့ စေတနာတွေ အမေတစ်
ယောက်ရဲ့တန်ဖိုးတွေကို သေသေချာချာ သိပ်နား
မလည်ခဲ့ မိဘူး....ခု ကိုယ်ကိုတိုင် မိဘ နေရာကို
ရောက်ရှိလာတော့မှ တစ်ဖြေးဖြေးနားလည်လာခဲ့မိ
တယ်...အမေ့ကိုလည်း ကိုယ်ချင်းစာ သနားလာခဲ့
မိတယ်...အမေ့ရဲ့တန်ဖိုးတွေကိုလဲ ပိုသိလာခဲ့
တယ်...။
image
ကလေးတစ်ယောက်ကို ပြုစုပျိုးထောင် ရတာဟာ
မလွယ်ကူမှန်း ကိုယ်ကိုတိုင် မိဘ နေရာကိုရောက်
ရှိလာမှ...အမေကျွန်တော်တို့ကို ပြုစုပျိုးထောင်ခဲ့
တာတွေကို ပြန်မြင်ယောင်လာမိတယ်...ပင်ပန်း
ဆင်းရဲမူတွေ ကိုလည်း စာနာနားလည် လာခဲ့တယ်
အမေတွေရဲ့ သားသမီးအပေါ်ကို ထားတဲ့ မေတ္တာ
စေတနာတွေကို ကျွန်တော်တို့ သားသမီးတွေ
ဘယ်တော့မှလိုက် မမှီဘူး...မိဘတွေဆိုတာကိုယ့်
သားသမီးအပေါ်ကိုထားတဲ့ မေတ္တာ၊ စေတနာတွေ
ဟာ အသွားပဲရှိတယ် အပြန်မရှိဘူး...စုန်ရေဘဲရှိ
တယ် ဆန်ရေဆိုတာမရှိခဲ့ပါဘူး....။ image
(ဆက်ရန်....)

☆(Steemit ကညီအကို မောင်နှမအားလုံး စိတ်
ချမ်းသာ ကိုယ်ကျန်းမာပြီး လိုတိုင်းတ ရနိုင်ကြ
ပါစေ...😊)☆☆☆

Writer aungzin@aungzin
MSC No. 242
#credit Google image

☆မိဘမေတ္တာ(သို့)စုန်ရေ☆(1) | Ecency