source
သေတ္တာပျက်လျှင်ပြင်ရပေမဲ့
မေတ္တာပျက်လျှင် ပြင်မရပါ။
ဆုတ်ကပ်ကမ္ဘာရောက်လာတဲ့
ဒီအချိန်ခါမှာ လူဖြစ်လာတဲ့ကိုယ်တောင်
လူ့သက်တန်းရဲ့ တစ်ဝက်ကျိုးချိန်ကို
ရောက်ခဲ့ပါရော့လား။
ပြောင်းလဲခြင်းက သဘာဝတဲ့
လောကကြီးတစ်ခုလုံး
နေ့စဉ်ပြောင်းလဲ နေသလို
ငါ့ရဲ့ ခန္တာနှင့် ဇရာလည်း လိုက်လံ
ပြောင်းလဲနေလေရဲ့။
ဘာတွေ ဘယ်လိုပင်ပြောင်းလဲခဲ့ပြောင်းလဲခဲ့
ငါ့ဆီမှာ မပြောင်းလဲထာဝရရှိနေတဲ့
အရာတစ်ခုတော့ ရှိနေလေရဲ့။
မည်သည့်အရာကိုမှ
သိမ်းပိုက်မထားလိုသော
သို့မဟုတ်
မည်သည့်အရာကိုမှ ကြာကြာခံစား
ဝမ်းနည်းမနေတတ်တဲ့
စိတ်လေးပေါ့။
ချစ်စရာတွေ့ရင် ချစ်တတ်ပြီး
မုန်းစရာ ဆိုလည်း မုန်းတတ်ပါတယ်။
ကြာရှည်စွဲမြဲစွာတော့
ရင်မှာခံစား သောကပွားကာ
ချစ်ခြင်း မုန်းခြင်း ရမက်မီးများကို
အမျှင်မတန်းစေတတ်တဲ့
ကိုယ့်စိတ်ကလေးကိုတော့
လူသူမသိ ကိုယ်တိုင်ကြိတ်ကြိုက်မိပါရဲ့။
source
Author>>>@aungzawhtwe