The Physician(2013)

Words
164
Reading
1 min
Listen
Play
8y

image
ဒီနေ့ကျွန်တော်ပြောချင်တဲ့
ဇာတ်ကားလေးအကြောင်းကတော့
ဆေးပညာကိုအရမ်းလိုလားတဲ့
လူငယ်လေးတစ်ယောက်ရဲ့
အကြောင်းပါ။Settingsအနေနဲ့
ကတော့ အင်္ဂလန်နိုင်ငံရဲ့အေဒီ၁၀၂၁
ခေတ်စနစ်မှာပါ။အဲ့ဒီအချိန်တုန်းက
အင်္ဂလန်နိုင်ငံဟာ ကျွန်းစုလေးပဲ
ရှိပါသေးတယ်။ကိုယ့်မင်းကိုယ်ချင်း
နဲ့အခိုင်အမာလည်းမဟုတ်ပါဘူး။
အစာရေစာလည်းအလွန်ငတ်မွတ်
ခေါင်းပါးပါတယ်။အခုအချိန်မှာ
အနောက်နိုင်ငံတွေဟာဘာကြောင့်
အရမ်းကိုတိုးတက်နေရတာလဲ?
ဆိုတဲ့အဖြေကို ဒီဇာတ်ကားလေးကို
ကြည့်ချင်းအားဖြင့်သိနိုင်ပါတယ်။
ဇာတ်ကားအစမှာပဲ ဇာတ်လိုက်
မင်းသားRob Cole ရဲ့အမေဟာ
အူအတက်ပေါက်ရောဂါနဲ့
ဆုံးပါးသွားပါတယ်။
ဘာသာရေးအယူသီးနေချိန်ဖြစ်လို့
ခရစ်ယာန်ဘုန်ကြီးတွေကသမား
တော်ကိုကြည့်ရှုခွင့်မပေးခဲ့ပါဘူး။
သမားတော်တွေကိုစုန်းတွေလို့
သတ်မှတ်ထားပုံပါပဲ။သူ့ကိုမွေးစား
ခဲ့တဲ့သမားတော်ကြီးကလည်း
အသေးအဖွဲရောဂါတွေကလွဲလို့
မကုတတ်ပါဘူး။တစ်နေ့မှာ
သမားတော်ကြီးဟာ ဆေးကုမှားပြီး
လူတွေရဲ့ဝိုင်းရိုက်ခြင်းကိုခံခဲ့ရလို့
မျက်စိကွယ်သွားပါတယ်။အဲ့ဒီနောက်
ဂျူးသမားတော်တွေဆီသွားပြီး
မျက်စိခွဲစိတ်လိုက်တဲ့အခါ မျက်စိ
ပြန်မြင်ရပါတယ်။Rob Cole
ဟာမျက်စိခွဲစိတ်တဲ့ပညာကို အရှေ့တိုင်းက
ပါရှားနိုင်ငံ(ယခုလက်ရှိအီရန်နိုင်ငံ)
မှာသင်ကြားပေးနိုင်တဲ့သမားတော်
ကြီးရှိတယ်ဆိုတာကို သိလိုက်ရပါ
တယ်။အဲ့ဒီအချိန်တုန်းကအင်္ဂလန်
ကနေပါရှားကိုရောက်ဖို့နှစ်နဲ့ချီပြီး
သွားခဲ့ပါတယ်။ဒါပေမဲ့မကုနိုင်သေး
တဲ့ အူအတက်ပေါက်ရောဂါ မျက်စိ
ခွဲစိတ်ရောဂါနှင့်တခြားအသေးအဖွဲ
ရောဂါတွေကိုကုသနိုင်ရန်တတ်
မြောက်ချင်စိတ်ပြင်းပြလွန်းတဲ့
အတွက်ပင်လယ်ကူးသဘောင်္တစ်စင်း
ိနဲ့လိုက်သွားရပါတယ်။အဲ့ဒီနောက်
သဲကန္တာရတစ်ခုကိုရောက်တဲ့အခါ
သူဟာဂျူးလူမျိုးတစ်ယောက်အဖြစ်
ဟန်ဆောင်ပြီးသွားမှရမယ်ဆိုတာ
သိလိုက်ရပါတယ်။ဘာကြောင့်လဲ
ဆိုတော့ မွတ်ဆလင်လူမျိုးတွေက
ခရစ်ယာန်တွေကိုဘာသာရေးအမုန်း
တွေကြောင့်သတ်နေတဲ့အချိန်
မလို့ပါ။ဘယ်လောက်ထိတောင်
ဆေးပညာကိုလိုချင်သလဲဆိုရင်
အစ္စလာမ်ဘာသာဝင်တွေရဲ့ထုံးစံ
အရလိင်အင်္ဂါရဲ့အပေါ်ယံအရည်ပြား
ကိုဖြတ်တောက်ရတဲ့အထိသူလုပ်ခဲ့
ပါတယ်။ပါရှားကိုရောက်သွားတဲ့
အခါမှာ နိုင်ငံရေးပဋိပခတွေကြောင့်
သူပုန်အဖွဲ့က လုပ်ကြံလိုက်တဲ့
ပလိပ်ရောဂါ ကိုကုသဖြေရှင်း
ရှင်းခဲ့ရပါတယ်။အဲ့ဒီနောက်မှာ
အူအတက်ပေါက်ရောဂါကိုသိချင်
တဲ့အတွက် လူသေ ရဲ့ဝမ်းဗိုက်ကို
ခွဲပြီးလေ့လာရမှာဖြစ်ပါတယ်။ပါရှား
မှာလူသေတွေကိုခွဲစိတ်ရင်
ပရလောကသားတွေနဲ့ဆက်သွယ်တာဆိုတဲ့
အယူရှိတာကြောင့်လူသေ
အလောင်းတွေကိုခွဲစိတ်ခွင့်မရှိပါဘူး။
ဒါပေမဲ့ Rob Coleဟာ လူသေတစ်ယောက်ကို
ဂူထဲမှာခိုးပြီးရင်ခွဲကြည့်တဲ့အခါ
သူလက်ရှိသင်နေရဲ့စာတွေနဲ့
တက်တက်ဆင်အောင်လွဲနေတာကို
တွေ့ရပါတယ်။အဲ့ဒါနဲ့ပဲ ဘာသာရေး
အစွန်းရောက်တွေက သူ့ကိုဖမ်းဆီး
ခဲ့ပါတယ်။ကံကောင်းတာနဲ့
သူဟာအတော်ဆုံးဆေးကျောင်းသား
ဖြစ်လို့ ပါရှားဘုရင်နဲ့ရင်းနှီးတဲ့
ဆက်ဆံရေးရှိပါတယ်။ပါရှားဘုရင်
ကိုင်တိုင်အူအတက်ပေါက်ရောဂါ
ဖြစ်တဲ့အခါ ကုသနိုင်မဲ့သူက
Rob Coleတစ်ယောက်သာရှိတာ
ကြောင့် ဘုရင့်ရဲ့ရဲမက်တွေဟာ
အစွန်းရောက်တွေဆီက Rob Coleကို
ပြန်လည်တိုက်ခိုက်ရယူပြီး ဘုရင့်ရဲ့
အူအတက်ပေါက်ရောဂါကိုကုသ
စေခဲ့ပါတယ်။ Rob Coleဟာ
သဲကန္တာရကိုသွားတဲ့လမ်းခရီးမှာ
Rebaccaဆိုတဲ့ အမျိုးသမီးလေးနဲ့
လည်းရင်းနှီးတွေ့ဆုံခဲ့ရာမှာသူတို့
ချင်းချစ်ကြိုက်သွားခဲ့ပါတယ်။
နောက်ပိုင်းအင်္ဂလန်နိုင်ငံကို
ပြန်သွားပြီးဆေးရုံတစ်ခုတည်ထောင်
နိုင်ခဲ့ပါတယ်။
ဇာတ်ကားထဲမှာမင်းသားRob Cole
ရဲ့ဘာသာရေးအစွန်းရောက်မှုမရှိဘဲ
အယူအဆအမှားတွေကိုတိုက်ထုတ်
ကာဆေးပညာသမိုင်းရဲ့စာမျက်နှာ
အသစ်ကိုဖွင့်လှစ်နိုင်ခဲ့တာပဲဖြစ်ပါ
တယ်။

တကယ်တော့ ဒီဇာတ်ကားအရဆိုရင်
ဟိုအရင်တုန်းကတည်းကဆေးပညာ
ဟာအနောက်တိုင်းထက်အရှေ့တိုင်း
ကအရင်ထွန်းကားခဲ့တာပါ။ဒါပေမဲ့
ခုချိန်မှာတော့အနောက်တိုင်း
ဆေးပညာက ကမ္ဘာကိုလွှမ်းမိုးနိုင်နေ
ပါပြီ။ဒါကလည်းသူတို့လူမျိုးတွေရဲ့
အခုလိုကြိုးပမ်းအားထုတ်မှုတွေ
ကြောင့်သာဖြစ်တယ်ဆိုတာ
ဒီဇာတ်ကားလေးကသက်သေပြဆို
ထားပါတယ်။

တကယ်ကိုကြည့်သင့်တဲ့ဇာတ်ကား
ကောင်းလေးဖြစ်လို့လက်မလွှတ်ရ
လေအောင် ညွှန်းဆိုလိုက်ရပါတော့
တယ်ခင်ဗျား။ ။
image
Credit Photos:Facebook
Written by:Aung Thar Kyaw
aungtharkyaw@aungtharkyaw
MSC-138

The Physician(2013) | Ecency