Operation Mekong

Words
132
Reading
1 min
Listen
Play
8y

ဒီနေ့တော့တကယ်ကောင်းတဲ့
ဇာတ်ကားလေးအကြောင်း
ပြောပြချင်ပါတယ်။
ကျွန်တော်ပြောချင်တဲ့ပုံစံလေးက
ဇာတ်ကားတစ်ကားလုံးကိုပြောပြ
တာမျိုးမဟုတ်ဘဲဇာတ်ကားကြည့်နေ့
စဉ်အတွင်းမှာကိုယ်သတိမထားမိ
လိုက်တဲ့အမြင်မျိုးလေးတွေရှိခဲ့ရင်
လက်လွတ်မသွားရအောင်ထုတ်နုတ်
တင်ပြချင်တဲ့ပုံစံမျိုးလေးဖြစ်ပါတယ်။

Operation Mekong(2016)
image
image
ကြည့်လို့ရအောင်Channel Myanmar Linkလေး
ထည့်ပေးထားပါတယ်နော်။
https://channelmyanmar.org/operation-mekong2016/
ဒီကားလေးကတော့ မူးယစ်ရာဇာတွေ
ရဲ့နတ်ဘုံနတ်နန်းတစ်ခုဖြစ်တဲ့
ရွှေကြိဂံဒေသမှာသွားရောက်စစ်ဆင်
ရေးပြုလုပ်ခဲ့တဲ့တရုတ်အက်ရှင်
ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။
ရွှေတြိဂံဆိုတာထိုင်း၊မြန်မာ၊လာအို
သုံးနိုင်ငံဆုံရာဒေသဖြစ်ပါတယ်။
တရားမဝင်မူးယစ်ဆေးဝါးထုတ်လုပ်
ဖြန်ဖြူးရောင်းချတဲ့နေရာတစ်ခုဖြစ်
လို့ လူတော်တော်များများက
တောင်ဘက်ပြည်နယ်ရဲ့ငရဲတံခါး
လို့တောင်ခေါ်တဲ့နေရာပါ။
အဲ့ဒီမှာ နော်ခမ်းဆိုတဲ့ ဘိန်းဘုရင်
တစ်ယောက်ရှိပါတယ်။
သူ့နာမည်အရင်းက စိုင်းနော်ခမ်းပါ။
image
တစ်နေ့မှာနော်ခမ်းဟာတရုတ်ကို
ရန်စမိတဲ့အပြုအမူမျိုးလုပ်ခဲ့မိပါ
တယ်။ဒီဇာတ်ကားမှာတရုတ်နိုင်ငံဟာ
ဒေသတွင်းနိုင်ငံတွေအကြား
သြဇာအာဏာဘယ်လောက်ရှိတယ်
ဆိုတာကိုပြသထားပါတဲ့အချက်ကို
တွေ့ရပါတယ်။ဒီနေရာတရုတ်ဟာ
ဘာလို့ပါလာရလဲဆိုတော့တရုတ်
သဘောင်္ဟာရွှေတြိဂံနားကမဲခေါင်
မြစ်ကျောမှာစီးနင်းလုယက်ခံရပြီး
တရုတ်လူမျိုး(၁၃)ယောက်ကိုလည်း
နော်ခမ်းရဲ့လူတွေက
ရက်ရက်စက်စက်သတ်ပစ်ခဲ့တာ
ကြောင့်ပါ။ချက်ချင်းဆိုသလိုပဲ
မြန်မာ၊ထိုင်း၊လာအို နိုင်ငံများမှ
သက်ဆိုင်ရာတာဝန်ရှိသူတွေကို
ဆင့်ခေါ်ပြီးချက်ချင်းဆိုသလို
လေးနိုင်ငံပူးပေါင်းစစ်ဆင်ရေး
လုပ်ဖို့သဘောတူလက်မှတ်ရေးထိုး
ပြီးရုံးချုပ်တစ်ခုဖွင့်လှစ်ခဲ့ပါတယ်။
image
image
တစ်ပြိုင်တည်းဆိုသလိုရွှေတြိဂံဒေသ
ကိုလည်းလေးနိုင်ငံကအထူးရဲတပ်ဖွဲ့
တွေဝင်ရောကဖမ်းဆီးခဲ့ပါတယ်။
အဲ့မှာလက်ခွဲတွေရော ဖြန့်တဲ့သူတွေ
ဒိုင်တွေပါမကျန် အကုန်ပေါ့ဗျာ။
ခွေးပြေးဝက်ပြေး ပြေးရအောင်ကို
လိုက်ဖမ်းပါတော့တယ်။
မြန်မာနိုင်ငံကလည်းအနည်းငယ်
ပါတော့ကြည့်ရတာ တကယ်တန်ပါ
တယ်။
image
image
image
ဒါပေမဲ့ စစ်ဆင်ရေးလုပ်တဲ့
အချိန်မှာတော့ နော်ခမ်းကို မမိခဲ့
ပါဘူး။တရုတ်မူးယစ်နှိမ်နင်းရေး
အဖွဲ့ကနေ မြန်မာ၊လာအို၊ထိုင်း
နိုင်ငံတို့ကနေ နော်ခမ်းကိုမမိခင်
လက်ရဖမ်းဆီးမှာပဲဖြစ်ပါတယ်။
နော်ခမ်းကိုတရုတ်နိုင်ငံမှာ
ပဲသေဒဏ်စီရင်ခဲ့တာဖြစ်ပါတယ်။
နော်ခမ်းမမိခင် နော်ခမ်းရဲ့လက်ရုံး
တွေကိုတစ်ယောက်ချင်းဖမ်းမိပြီး
သတ်တဲ့အခါ နော်ခမ်းကတုံ့ပြန်
တဲ့အနေနဲ့ လေးနိုင်ငံပူးပေါင်းထား
တဲ့ရုံးချုပ်ကို ကလေးလေးတွေ
လွှတ်ပြီး အသေခံဗုံးခွဲခိုင်းပါတယ်။
အဲ့နောက်ပိုင်းမှသာနော်ခမ်းရဲ့
တည်နေရာကိုသိပြီး တရုတ်မူးယစ်
နှိမ်နင်းရေးအဖွဲ့က နော်ခမ်းကို
သွားရောက်ဖမ်းဆီးခဲ့တာပဲဖြစ်ပါတယ်။
image
ဒီဇာတ်ကားလေးဟာတကယ့်အဖြစ်အပျက်ကို
အခြေခံရိုက်ထားလို့ဟာကွက်မရှိဘဲ
တော်တော်လေးကောင်းပါတယ်။
တရုတ်နိုင်ငံဟာ ဒီဇာတ်ကားမှာ
အဓိကပြချင်တာကတော့ သူ့နိုင်ငံ
သားကိုထိရင် သူ့နိုင်ငံရဲ့တရားစီရင်
မှုနဲ့တရားစီရင်မယ်ဆိုတဲ့ ခံယူချက်
ထားရှိထားပုံရပါတယ်။

တရုတ်ဟာကမ္ဘာပေါ်မှာရှိရှိသမျှ
တရုတ်နိုင်ငံသားတွေရဲ့လုံခြုံရေး
နှင့်တရားမျှတမှုကို ရယူနိုင်တယ်
ဆိုတာကိုပြသပေးထားပါတယ်။
တကယ်လက်တွေ့မှာတော့
စိုင်းနော်ခမ်းကိုလာအိုနိုင်ငံကနေ
လွှဲပြောင်းယူခဲ့တာပဲဖြစ်ပါတယ်။
အဲ့ဒီVideo လေးတွေကြည့်နိုင်ဖို့
ရှာပြီးထည့်ပေးလိုက်ပါတယ်။

https://m.facebook.com/story.php?story_fbid=304107563008914&id=207577369267314

https://www.facebook.com/poe.kaung.9/videos/1102570786548545/

image

Credit Photos:Facebook
Written by:Aung Thar Kyaw
aungtharkyaw@aungtharkyaw
MSC-138

Operation Mekong | Ecency