မှန်သောအရှုံးဆိုတာ…

Words
120
Reading
1 min
Listen
Play
8y

ဒီနေ့Proတင်ရမယ့်ရက်မှာဘာရေးရ
မယ်ဆိုတာ တကယ်စဉ်းစားမရဘူး။
ရေးချင်တဲ့အကြောင်းအရာတစ်ခု
ကလည်းအချက်အလက်ပြည့်စုံမှု
အားနည်းသေးတယ်ထင်ရလို့မရေး
ချင်သေးဘူး။ဒါနဲ့Messengerကို
ဖွင့်ပြီးကျွန်တော်နေ့တိုင်းလိုလို
စကားပြောဖြစ်တဲ့ B.F.Fမိန်းကလေး
သူငယ်ချင်းတစ်ယောက်နဲ့စကား
ပြောလိုက်တယ်။သူကအရာရာကို
အကောင်းမြင်တတ်တဲ့သူလေ။
ကျွန်တော်ကတော့ အဆိုးဆုံးအခြေ
အနေတွေကိုအရင်တွေးတယ်။
ပြီးရင်အဲ့ဒီအဆိုးဆုံးအခြေအနေကို
လက်ခံနိုင်မှ Planချပြီးအကောင်းဆုံး
ဖြစ်အောင်လုပ်တတ်တယ်။
အဲ့ဒီအကျင့်ကိုသူကသဘောမကျတာ
ထက် ကျွန်တော်တွေးလိုက်တိုင်း
အဆိုးဘက်က အရင်တွေးနေတာကို
မကြိုက်တာလေ။
အဲ့ဒါနဲ့ပတ်သတ်ပြီးသူနှင့်ကျွန်တော်
အမြဲငြင်းခုန်ဖြစ်တယ်။
သူကအလျော့ပေးတာချည်းများ
တယ်။သူကအကောင်းမြင်တတ်တာ
ကိုး။ဒါပေမဲ့လည်းသူနှင့်ကျွန်တော်
ဘဝချင်းတော့မတူဘူးလေ။
ကျွန်တော့်မှာလည်းကျွန်တော့်
ယူဆချက်ရှိသလိုသူ့မှာလည်း
သူ့ယူဆချက်ရှိတာပေါ့။
ဒီနေ့တော့ကျွန်တော်ဘာကြောင့်
Negative Point of Viewကနေ
တွေးရသလဲဆိုတာသက်သေပြဖို့
အကြောင်းအရာတစ်ခုတွေ့လာတယ်။အဲ့ဒါကတော့Avengers(4):Infinity
War ထဲက Super Villainကြီး
Thanosရဲ့Dialogue ကြောင့်ပါပဲ။
သူပြောတဲ့စကားလေးကဘာလဲဆိုရင်
"ရှုံးရတဲ့အရသာကို
ငါနားလည်ပါတယ်
မင်းမှန်နေတာ သိနေရက်နဲ့ ဘယ်လို
ပဲဖြစ်ဖြစ်ရှုံးသွားရတာမျိုး"
image
image
ဒီစကားလေးကိုဘာလို့ပြောခဲ့သလဲ
ဆိုတာသိချင်ရင်တော့အဲ့ဒီဇာတ်ကား
လေးကိုသာကြည့်လိုက်ပါနော်
Marvel Seriesအကုန်ကြည့်ရင်
ပိုနားလည်သွားပါတယ်

ကျွန်တော်အဓိကပြောချင်တာက
တော့ ကိုယ်မှန်နေတာသိရက်နဲ့
ရှုံးသွားတာမျိုးကိုခံစားဖူးတဲ့သူသာ
လျှင်သိပါတယ်။တော်တော်ခံရခက်
ပါတယ်။ကိုယ့်မှာအမှားရှိလို့ရှုံးသွား
ခဲ့ရတာကိုလက်ခံပြီးဖြေသာနိုင်ပေမဲ့
မှန်နေရဲ့သားနဲ့ရှုံးရင်တော့
နောက်တစ်ခါမှန်တာတွေလုပ်ဖို့
သတ္တိတွေပါပျောက်ဆုံးကုန်ပါတယ်။
ဒါပေမဲ့ ဒီလိုခံစားချက်မျိုးကို
ဘဝမှာတစ်ခါလောက်တော့
ခံစားဖူးသင့်တယ်လို့ထင်ပါတယ်။
ကျွန်တော့်မှာညီမလေးတစ်ယောက်
ရှိတယ်။သူကဉာဏ်ကောင်းတယ်။
ဒါပေမဲ့စာကြည့်ရမှာပျင်းတယ်။
အိမ်ကလူတွေဝိုင်းတွန်းမှ စာကြည့်
တယ်။ဒီတော့ကျောင်းမှာစာတော်
တယ်။ပထမရတယ်။ဒါဆိုရင်
ပတ်ဝန်းကျင်ကသတ်မှတ်ထားတာ
ကစာတော်တယ်။ကိုယ်တိုင်ကလည်း
ဉာဏ်ကောင်းတယ်။အဲ့ဒါက
အမှန်တရားပဲ။ဒါပေမဲ့သူစာမကြည့်
တဲ့အခါ ပထမ မရတော့ဘူး။
ဒီလိုဆိုရင် သူလည်း မှန်နေရဲ့သားနဲ့
ရှုံးဖူးသွားပြီ။ကျွန်တော်လည်း
သူ့ကိုငယ်ငယ်ကတည်းကအဲ့လို
ခံစားဖူးအောင် လွှတ်ထားတယ်။
စာကြည့်ဖို့ကိုမတိုက်တွန်းဘူး။
ကျောင်းမှာ ပထမ မရခြင်းက
နောက်ကျရင်သူ့ဘဝအတွက်
အရှုံးသေးသေးလေးပါ။
ဒီတော့သူမှန်ပြီးအနိုင်ရလာအောင်
ပြင်ဆင်တတ်လာမယ်။အကယ်၍
အကြောင်းကြောင်းကြောင့်ရှုံးသွား
ရင်လည်း ခံနိုင်ရည်တွေရှိလာမယ်။

ဒီလောက်ဆိုရင်ဒီPostလေးအတွက်
ကျွန်တော်ပေးချင်တဲ့Massageလေး
ကိုစာဖတ်သူတို့ရမယ်လို့မျှော်လင့်
ပါတယ်။နောက်ကျရင်လည်းဒီလိုမျိုး
မတူညီတဲ့ရှုထောင့်လေးတွေကနေ
ရေးပြပေးသွားပါဦးမယ်။အားပေး
ကြပါဦးနော်။……။
image
Written by:Aung Thar Kyaw
aungtharkyaw@aungtharkyaw
MSC-138

မှန်သောအရှုံးဆိုတာ… | Ecency