အပြည့်အဝပြောင်းလဲကြပါစို့

Words
165
Reading
1 min
Listen
Play
8y

ကျွန်တော်လည်းPro Postရေးတိုင်း
ပညာရေးနဲ့ပတ်သတ်ပြီးရေးဖြစ်နေ
တယ်။ကိုယ်တိုင်ကစာသင်တာ
ဝါသနာမပါပေမဲ့ ဓမ္မစကူးလ်မှာ
သင်ရင်းနဲ့ စာသင်ဖြစ်လာတယ်။
နောက်ပြီးတော့ အင်္ဂလိပ်စာပရဟိတ
သင်တန်းလေးဖွင့်ပြီးလည်းသင်ဖြစ်
ခဲ့တယ်။ခုချိန်မှာ ဘာလို့ပညာရေးနဲ့
ပတ်သတ်ရင်ထောက်ပြစရာတွေ
ရှိလာတာလဲ? ဆိုတဲ့မေးခွန်းရှိရင်
ဖြေစရာအဖြေကတော့တစ်ခုတည်း
ပါ။နိုင်ငံမှာ2015ရွေးကောက်ပွဲရဲ့
ရလဒ်အရအစိုးရအသစ်တက်လာပြီး
ကတည်းကသိသိသာသာပြောင်းလဲ
နေတာဆိုလို့ ပညာရေးပဲရှိပါသေး
တယ်။ကျွန်တော်တို့ရဲ့ကလေးတွေ
ကိုသူငယ်တန်းကနေKGဆိုပြီး
ပြောင်းလဲလိုက်တဲ့အချိန်မှာ
မိဘတွေကလည်း သူများKGဆိုလို့
သာKGလိုက်တာ။KGဆိုတာဘာမှန်း
လည်းတိတိကျကျသိပုံမပေါ်ခဲ့ဘူး။
ကျွန်တော်တစ်လက်စတည်းရှင်း
လိုက်ပါ့မယ်။KGဆိုတာ
Kindergratenလို့အဓိပ္ပါယ်ရပါတယ်။
(C.C.A)လို့ခေါ်တဲ့
Child Centre Approach
ကလေးချည်းကပ်သင်ကြားနည်းစနစ်
ကိုအသုံးပြုပြီးသင်ရိုးတွေရေးဆွဲပေး
ထားပါတယ်။(၅)နှစ်ကလေး
တစ်ယောက်ဟာအရမ်းနုနယ်သေး
တာဖြစ်လို့အရင်ဆုံးကျောင်းနေပျော်
အောင်ထားရပါသေးတယ်။
ဟိုအရင်ကလိုဆိုရင် ကျောင်းရောက်
ရောက်ချင်း ဝလုံး တန်းသင်တာမျိုး
ပေါ့။စာနဲ့ချက်ချင်းထိတွေ့ရင်တော့
တချို့ကလေးတွေဆိုရင် အရမ်းငို
ကြတယ်။တချို့ဆိုရင် ကျောင်းလိုက်
ပို့တဲ့ အမေ က အိမ်ပြန်လို့မရဘူး။
စာသင်ခန်းဘေးမှာထိုင်စောင့်နေ
ကြရတယ်။အပြောင်းအလဲကို
ပြည်သူတွေကလည်းကြိုဆိုကြတယ်။
ကိုယ်တတ်နိုင်တဲ့ဘက်ကပေါ့နော်။
Application Developerတွေကလည်း
KGအတွက်သီချင်းAppလေးတွေ သင်ထောက်
ကူAppလေးတွေ စသဖြင့်စုံလို့
လုပ်ပေးကြတယ်။Play Storeမှာ
အလွယ်တကူInstallလုပ်နိုင်ကြတယ်။
နောက်ပြီး ကျွန်တော်တို့ဓမ္မစကူးလ်
တွေမှာလည်း KGသင်ရိုးမရှိသေးတဲ့
အတွက် ကျောင်းမှာKGသင်တဲ့
အတိုင်း ကဗျာလေးတွေ သီချင်းလေး
တွေ ဆေးရောင်ခြယ်စာအုပ်တွေ
စသဖြင့်အသုံးပြုပြီးသင်ပေးကြ
တာကိုတွေ့တော့ စပြီးအကောင်
အထည်ဖော်တဲ့အချိန်မှာအောင်မြင်
မှုအတော်အတန်ရလာတယ်ပေါ့။
မြင့်မိုရ်မေမေစာပေကလည်း
KGသင်ထောက်ကူပုံပြင်တွေအတွက်
စာအုပ်ထုတ်ပေးထားပါသေးတယ်။
image
KGသင်ရိုးစနစ်ဟာ အခုချိန်မှာ
သုံးနှစ်သက်တမ်းရှိပြီဖြစ်လို့
ဆရာ/ဆရာမနှင့်ကျောင်းသား/
ကျောင်းသူတွေကြားမှာတော်တော်
လေးအသားကျနေပါပြီ။
သင်ရိုးစနစ်ကတော့ ရေးဆွဲထားတာ
အင်မတန်ကောင်းတယ်လို့ပြောရ
မှာပါပဲ။ဒီနေရာမှာကျွန်တော်အဓိက
ပြောချင်တာက အပြည့်အဝအသုံးချ
နိုင်စွမ်းဘယ်လောက်ရှိတယ်ဆိုတာ
ကိုပါပဲ။သင်ရိုးစာအုပ်တွေနှင့်
သင်ထောက်ကူပစ္စည်းတွေ
ပြည့်စုံမှုမရှိသေးတဲ့အပိုင်းကို
မြင်ရတော့လည်း တကယ်စိတ်
မကောင်းတော့ဖြစ်မိတယ်။
အဲ့ဒါကတော့ အစိုးရဘက်ကလိုအပ်
ချက်လို့ပဲခုချိန်မှာပြောရမှာပေါ့။
တစ်နှစ်ထက်တစ်နှစ်တိုးတက်မှု
ရှိလာပါစေလို့ပဲဆုတောင်းမိပါတယ်။
နောက်တစ်ချက်ကတော့
ခုနောက်ပိုင်းမှာG1နှင့်G2ဆိုပြီး
ထပ်ပေါ်လာပါတယ်။
ဒါပေမဲ့ ဟိုနေ့က ပညာရေးဝန်ကြီးဌာနရဲ့
websiteကိုကလိမိတယ်။
image
G1နှင့်G2သင်ရိုးရဲ့အင်္ဂလိပ်စာမှာ
ထည့်သင်ဖို့Listening Audio Files
တွေတွေ့ပါတယ်။တကယ်တော့
အဲ့ဒါတွေက လက်ရှိသင်နေတဲ့
Text Bookနဲ့တွဲပြီးသင်ရမှာပါ။
ဒါပေမဲ့ ခုချိန်ထိအသုံးချတဲ့ဆရာ/
ဆရာမ ဦးရေနည်းလွန်းပါတယ်။
ကျွန်တော့်အမြင်ကတော့ဒီAudio
Filesတွေကိုသင်တန်းတက်ကတည်း
ကတစ်ခါတည်းအသုံးချဖို့ပေးလိုက်
သင့်တယ်။ခုတော့Websiteမှာတော့
တင်ထားပြီး ဒါကိုDownloadလုပ်
တတ်တဲ့ဆရာ/ဆရာမသာလျှင်
အသုံးချခွင့်ရမလိုဖြစ်နေပါတယ်။
မဖြစ်စေချင်ဘူးဗျာ။
ဒီတော့ ဒါကိုTutionသင်နေတဲ့
ဆရာ/ဆရာမတွေကအရင်စတင်
သင့်ပါတယ်။
တကယ်လို့အဲ့လိုမှအသုံးချပြီးမသင်
ဘူးဆိုရင်တော့ ကလေးတွေအတွက်
ပညာရေးစနစ်ကောင်းကြုံသော်
လည်းဒုံရင်းကဒုံရင်းပါပဲ။

ပြောင်းလဲတယ်ဆိုတဲ့နေရာမှာ
အားလုံးပဲတက်ညီလက်ညီပါဝင်ဖို့
လိုပါတယ်။
အနာဂတ်ရဲ့ကလေးငယ်များအား
ကောင်းမွန်သောပညာရေးကို
အပြည့်အဝပေးနိုင်စေလိုသော
ရည်ရွယ်ချက်ဖြင့်ဤPostလေးကို
ရေးသားလိုက်ရပါတယ်ခင်ဗျား။ ။
image
Written by:Aung Thar Kyaw
aungtharkyaw@aungtharkyaw
MSC-138

အပြည့်အဝပြောင်းလဲကြပါစို့ | Ecency