အပြောင်းမှအကောင်းဆီသို့……

Words
125
Reading
1 min
Listen
Play
8y

အခုချိန်ဟာမြန်မာနိုင်ငံရဲ့ပညာရေး
စနစ်မှာ အပြောင်းလဲတစ်ခုကို
ဖော်ဆောင်နေတဲ့အချိန်ဖြစ်ပါတယ်။
ပြောရရင်အပြောင်းအလဲကိုကြိုဆို
ရမှာဖြစ်ပေမဲ့ အဲ့ဒီအပြောင်းအလဲက
အပြီးသတ်ကိုမရောက်သေးပါဘူး။
လက်ရှိတက်ရောက်သင်ကြားနေတဲ့
ကလေးတွေအတွက်လည်းစဉ်းစား
စရာတော့ရှိပါသေးတယ်။အဲ့ဒါက
ဘာလဲဆိုရင် အစမ်းသပ်ခံ ပညာရေး
အနေနဲ့သွားနေရလို့ပါ။
ဒီတော့စနစ်သစ်မှာ KG,G1နှင့်G2
ဆိုပြီး သင်ရိုးအသစ်တွေပြင်လိုက်
တယ်။စာမေးပွဲစနစ်တွေ အမှတ်ပေး
စည်းမျဉ်းတွေရောပေါ့။
တခြားအတန်းတွေကိုတော့ လက်ရှိ
မှာစာမေးပွဲစနစ်နှင့်အမှတ်ပေး
စည်းမျဉ်းတွေပြင်ဆင်ထားပါတယ်။
လာမယ့် 2018-2019ပညာသင်နှစ်ရဲ့
တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာလည်း
မေးခွန်းပုံစံအသစ် အမှတ်ပေးစည်းမျဉ်း
အသစ်တွေဖြစ်တော့မှာပါ။Sample Question
တွေတောင်ထွက်လာနေပြီး
ယခု ပထမနှစ်ဝက်စာမေးပွဲမှာလည်း
စတင်အကောင်အထည်ဖော်နေပြီ
ဖြစ်ပါတယ်။အဲ့ဒီမှာမေးခွန်းပုံစံ
အသစ်တစ်ခုရဲ့အမှတ်ပေးစည်းမျဉ်း
နဲ့ပတ်သတ်လို့နည်းနည်းလေးပြော
ချင်ပါတယ်။အဲ့ဒါကဘာလဲဆိုရင်
အင်္ဂလိပ်စာမေးခွန်းထဲမှာ ကွက်လပ်
ဖြည့်လို့ခေါ်တဲ့(Fill in the blanks.)
ကိုအရင်လို အလွတ်ဖြေစရာမလိုဘဲ
သုံးခုထဲကတစ်ခုရွေးခိုင်းထားပါတယ်။
သမရိုးကျစဉ်းစားရင်တော့လွယ်တာ
ပေါ့။ဒါပေမဲ့ အဲ့ဒီသုံးခုကအဓိပ္ပါယ်
ချင်းဆင်တဲ့(Similar Meanings)
တွေပါ။
ကျွန်တော်ဥပမာတစ်ခုရေးပြပါ့မယ်။
Zaw Zaw………Ko Ko about him.
(a)talk
(b)speak
(c)tell

အဲ့လိုမျိုးလေးမေးထားတဲ့အခါ
သုံးမျိုးစလုံးကတော့စကားပြောသည်
ပါပဲ။ဒါပေမဲ့ပြဌာန်းစာအုပ်(Text
Book)ထဲမှာပါတဲ့ စကားလုံးကို
ထည့်ရမှာဖြစ်ပါတယ်။
နောက်တစ်ချက်က အဖြေကို
(a)talkကိုရွေးမယ်ဆိုပါစို့။
ဒီလိုဆိုရင်အဖြေမှာ(a)တင်ထည့်ရ
ပါတယ်။နောက်ကtalkပါသည်ဖြစ်စေ
မပါသည်ဖြစ်စေ မှန်ပါတယ်။
ရှေ့က(a),(b),(c)ကအရေးကြီးတာ
ဖြစ်ပြီးနောက်ကအဖြေကအရေး
မကြီးပါဘူး။ဒါပေမဲ့ထူးဆန်းတာက
ရှေ့က(a),(b),(c)မှားပြီးနောက်က
အဖြေမှန်နေရင်အမှတ်ရမှာမဟုတ်
သလို အဖြေမှန်ပြီးရှေ့မှာ(a),(b),(c)
မပါရင်လည်းမှားပါတယ်။ဒီလိုဘာလို့ပြောရလဲဆိုတော့
အဲ့လိုဖြစ်သွားတဲ့ကျောင်းသား
တစ်ယောက်တွေ့ဖူးလို့ပါ။
image
ဒီတော့စဉ်းစားကြည့်ရရင်
ဒီလိုအမှတ်ပေးစည်းမျဉ်းတွေကို
ထုတ်တာ ဒေါက်တာဘွဲ့ရပြီးသား
ပါမောက္ခတွေပါပဲ။အရင်သင်ရိုး
အဟောင်းတွေလည်းသူတို့ထုတ်
တာပါ။အဓိကနှင့်သာမညမခွဲတတ်
သေးတဲ့ပညာရေးစနစ်ကြီးကို
ပိုပြီးအဓွန့်ရှည်စေချင်တာလားတော့
မသိဘူးပေါ့နော်။
အဖြေမှန်ထက်ရှေ့ကNoကိုဦးစား
ပေးရသလားဗျာ။ဥပမာ ကျောင်းသားတစ်ယောက်က
ကိုယ်တိုင်ဖြေတာမဟုတ်ဘဲတခြား
ကျောင်းသားဆီက ကူးချခဲ့ရင်
မလွယ်လွန်းပေဘူးလား?
ကိုယ်ကိုယ်တိုင် ဒီကွက်လပ်ကို
ဘာထည့်ရမယ်ဆိုတာ တွေးခေါ်
စဉ်းစားမှုအားနည်းသွားစေပါတယ်။
ပြောင်းလဲတယ်ဆိုတာကိုလည်း
စောင့်ကြည့်ဖို့တော့လိုပါတယ်။
ပြောင်းတယ်ဆိုတိုင်းအကောင်းဘက်
ကိုဦးတည်တာမျိုးချည်းပဲမဟုတ်ပါ
ဘူး။ဖြည့်စွက်စရာလေးတွေရှိရင်
လည်းReplyပေးသွားကြပါနော်။

နောက်လည်းကြိုးစားရေးသွား
ပါဦးမယ်။ဆက်လက်ဖတ်ပေးကြ
ပါဦးခင်ဗျာ။
image
Written by:Aung Thar Kyaw
aungtharkyaw@aungtharkyaw
MSC-138

အပြောင်းမှအကောင်းဆီသို့…… | Ecency