"ဘ၀" တဲ့ စာရေးချကြည့်ရင်နှစ်လုံးတည်း ရေရွတ်ကြည့်တော့လည်း တိုတိုလေးပါ။ ဒါပေမဲ့ တကယ့်ပြင်ပ လက်တွေ့မှာ ဘ၀ ခရီးလမ်းကိုလျှောက်လှမ်းမယ်ဆိုရင်တော့ အရှည်ကြီးပါ။
မိတ်ဆွေတို့ အနေနဲ့ ဘ၀ ဆိုတာကို ဘယ်လိုသတ်မှတ်လည်းတော့ မသိပါ။ ကျွန်တော်ကတော့ ဘ၀ ဆိုတာ မွေးဖွား ပြီးပြီးချင်းကနေ စလိုက်တာ ဟိုး သေဆုံးချိန်ထိပါပဲ။ လူတိုင်းလူတိုင်းဟာ ဘ၀ ကို ပုံစံအမျိုးမျိုးနဲ့ ဖြတ်သန်းနေကြတာပဲ။ တစ်ချို့ က အရင် ဘ၀အကျိုးပေးကောင်းလို့ ချမ်းသာစွာ နေနိုင်ကြပေမဲ့ တစ်ချို့ ဘ၀တွေကြတော့ ကုန်းကောက်စရာ မရှိလောက်အောင်ကို ဆင်းရဲမွဲတေ လှပါတယ်။
ဘယ်လိုဘဲဖြစ်နေပါစေ အသက်ရှင်မွေးဖွားလာပြီဆိုကတည်းက ဘ၀ လမ်းကိုလျှောက်လှမ်းကြရမှာပဲ။ လောကကိုကောင်းကျိုးပြုတဲ့သူ
ဖြစ်အောင် ကြိုးစားပြီး လျှောက်လှမ်းမလား ဘယ်လိုပုံစံနဲ့ သွားမယ်ဆိုတာတော့ ကိုယ့်ယုံကြည်ချက် ကိုယ့်ခံစားချက်နဲ့ပဲ သက်ဆိုင်ပါတယ်။
အချစ်၊ အမုန်း၊ ဘာသာရေး၊ စီးပွားရေး၊ လူမှု့ရေးတွေကြားရုန်းကန်သွားလာနေရတာကို က ဘ၀ပဲလေ။ တကယ်တော့ ဘ၀ ဆိုတာတိုတိုလေးပါ။ အဲ့ဒီ တိုတိုလေးမှာ ချစ်ခြင်းမုန်းခြင်း မရှိဘဲ အားလုံး ဟာ မေတ္တာတရားလက်ကိုင်ထားကြမယ်ဆိုရင် လောကကြီးဟာ သာယာနေမှာ အမှန်ပါ။