Electrical Power System

Words
115
Reading
1 min
Listen
Play
9y

image

SCADA Installation စလုပ်ကြတော့ Singapore တွေက ခွဲရုံ တစ်ခုခြင်း Control and Measurement ပီးမှ နောက်ခွဲရုံတစ်ခုလုပ်မယ် စဉ်းစားကြပါတယ်။
DyCE ဦးမိုးသက်၊ ဦးသန်းဇော်မျိုး တို့နဲ့ တိုင်ပင်ပြီးနောက် ခွဲရုံတစ်ခုပီးမှနောက်တစ်ခု ဆိုတာထက် လုပ်ငန်းအလွှာလိုက်လုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Singapore တွေ တာဝန်ယူလုပ်မယ့် ခွဲရုံတွေကို Measurement အပိုင်းကို first stage လုပ်ဖို့၊ ပြီးမှ Control ပိုင်း second stage လုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဆုံးဖြတ်ချက်မှန်တဲ့အတွက် progress ကောင်းခဲ့ပါတယ်။ Project အစောပိုင်းမှာတင် ဒီခွဲရုံတွေရဲ့ Measurement၊ Load flow data တွေကို Control Center မှာ မြင်နေရပါပြီ။ Second stage, Control ပိုင်းကို အေးအေးဆေးဆေး ဆက်လုပ်နိုင်ခဲ့ပါတယ်။

Control ပိုင်းကို HT line တွေမှာ ထည့်နိုင်ခဲ့ပါတယ်။ ကုန်ကျစရိတ်ကြောင့်ပါ၊ feeder တစ်ခု control &measurement ရဖို့ BCU အသုံးပြုသွားမယ်ဆိုရင် cost ကလည်းမသေးလှပါ။

Singapore တွေပီးတဲ့နောက် နောက်ပိုင်း ခွဲရုံ ၄၀ ကျော်ကို ဌာနဝန်ထမ်းတွေနဲ့ တပ်ဆင်နိုင် ခဲ့ပါတယ်။ ( SS 5ခုက Measurement and Control နဲ့ ကျန် SS တွေက measurement only ပါ )

Existing SS တွေရဲ့ feeder အားလုံးကို လက်ရှိအခြေအနေကို မြေမလှန်ပဲ၊ ကုန်ကျစရိတ် သက်သက်သာသာနဲ့ Control လုပ်နိုင်ဖို့ နည်းလမ်းများလည်း ရှာဖွေထားပါတယ်။

( ဤခရီး နီးသလား ??)

Electrical Power System | Ecency