(Zawgyi)
သားအဖႏွစ္ေယာက္ ေတာအုပ္ေလးတစ္ခုကို ျဖတ္ရင္း အိမ္ျပန္လာၾကတယ္။ ေတာလမ္းေလးအတိုင္း လမ္းေလ်ွာက္လာရာက သစ္ပင္ႀကီးတစ္ပင္ရဲ႕ အကိုင္းႀကီးတစ္ခုဟာ က်ိဳးက်ၿပီး လမ္းေပၚမွာ ကန္႔လန္႔ျဖတ္ပိတ္ေနတယ္။ အေဖက သားကိုေျပာတယ္။ သူ႔တို႔သစ္ကိုင္းႀကီးကို ေ႐ွာင္ကြင္းၿပီး သြားလို႔ရေပမယ့္ ျမင္းလွည္း၊ ႏြားလွည္း သမားေတြအတြက္ ဒုကၡေရာက္လိမ့္မယ္။ ဒါေၾကာင့္ သူ႔သားကိုေျပာလိုက္တယ္။
"ငါ့သား သစ္ကိုင္းႀကီးကို လမ္းေဘးေရာက္ေအာင္ ဖယ္လိုက္ကြာ”
"ဟာ အေဖကလည္း၊ သစ္ကိုင္းက သစ္ကိုင္းက အႀကီးႀကီး က်ေနာ္မဖယ္ႏိုင္ဘူး ထင္တယ္”
"မင္းရဲ႕ အစြမ္းကို အကုန္ထုပ္သံုးရင္ ဖယ္ႏိုင္ပါတယ္”
သားဟာ အားစိုက္ၿပီး သစ္ကိုင္းႀကီးကို တြန္းတယ္။ သစ္ကိုင္းဟာ လႈပ္ရံုပဲလႈပ္တယ္။ မေရြ႔ဘူး။ ဒီေတာ့ သူက အေဖကို ျပန္ေျပာတယ္။
"အေဖ သစ္ကိုင္းႀကီးက ေရြ႔ေတာင္ မေရြ႔ဘူး”
"မင္းရဲ႕ အစြမ္းကို အကုန္မထုပ္သံုးလို႔ပါ။ ထုပ္သံုးပါဦး”
ဒီတစ္ခါ သားဟာ သစ္ကိုင္းႀကီးကို ပိုၿပီး အားစိုက္တြန္းတယ္။ သစ္ကိုင္းဟာ နဲနဲ ေလးပဲေရြ႔တယ္။ လမ္းေဘးကို မေရာက္ပါဘူး။ သူဟာေမာလြန္းလို႔ စိတ္ဆိုးသြားၿပီး အေဖကို သစ္ကိုင္းႀကီးကို မဖယ္ေတာ့ဘဲ ကြင္းေ႐ွာင္သြားျကရေအာင္လို႔ ေျပာတယ္။ အေဖက-
"သစ္ကိုင္းႀကီးကို မင္းဘယ္ဖယ္ႏိုင္ပါ့မလဲ။ မင္းရဲ႕အစြမ္းကို အကုန္မွ မသံုးတာကိုး”
"အေဖျမင္တဲ့အတိုင္းပဲေလ။ သား အစြမ္းကုန္ အားစိုက္လို႔ တစ္ကိုယ္လံုး ေခြၽးေတြ ႐ွြဲနစ္ေနၿပီး”
"မင္းအစြမ္းထဲမွာ ငါလည္းပါတယ္ေလ။ ငါ့ကို ဘာလို႔ အကူအညီ မေတာင္းတာလဲ”
အလုပ္တစ္ခုကို အစြမ္းကုန္ႀကိဳးစားလို္ မေအာင္ျမင္ႏိုင္ဘူးဆိုၿပီး စိတ္ပ်က္လက္ေလ်ာ့ေတာ့မယ္လို႔ စိတ္ကူးရင္ ဒါေတြလုပ္ၿပီးၿပီးလားဆိုတာ စဥ္းစားလိုက္ပါဦး။
-မိဘ၊ ေမာင္ႏွမ၊ ေဆြမ်ိဳးေတြနဲ႔ တို္င္ပင္ၾကည့္ၿပီးၿပီးလား၊
-အေတြ႔အၾကံဳ႐ွိတဲ့ လူႀကီးေတြကို ေျပာျပ အကူအညီေတာင္းၿပီးၿပီးလား၊
-တတ္သိနားလည္တဲ့ ဆရာေတြဆီက အၾကံဉာဏ္ ေတာင္းၿပီးၿပီးလား၊
-စာအုပ္စာတန္းနဲ႔ အင္တာနက္ေတြမွာ အေျဖကို ႐ွာၾကည့္ၿပီးၿပီးလား။
(Unicode)
အစွမ်းကုန် အားထုတ်ပီးပီးလား
သားအဖနှစ်ယောက် တောအုပ်လေးတစ်ခုကို ဖြတ်ရင်း အိမ်ပြန်လာကြတယ်။ တောလမ်းလေးအတိုင်း လမ်းလျှောက်လာရာက သစ်ပင်ကြီးတစ်ပင်ရဲ့ အကိုင်းကြီးတစ်ခုဟာ ကျိုးကျပြီး လမ်းပေါ်မှာ ကန့်လန့်ဖြတ်ပိတ်နေတယ်။ အဖေက သားကိုပြောတယ်။ သူ့တို့သစ်ကိုင်းကြီးကို ရှောင်ကွင်းပြီး သွားလို့ရပေမယ့် မြင်းလှည်း၊ နွားလှည်း သမားတွေအတွက် ဒုက္ခရောက်လိမ့်မယ်။ ဒါကြောင့် သူ့သားကိုပြောလိုက်တယ်။
"ငါ့သား သစ်ကိုင်းကြီးကို လမ်းဘေးရောက်အောင် ဖယ်လိုက်ကွာ”
"ဟာ အဖေကလည်း၊ သစ်ကိုင်းက သစ်ကိုင်းက အကြီးကြီး ကျနော်မဖယ်နိုင်ဘူး ထင်တယ်”
"မင်းရဲ့ အစွမ်းကို အကုန်ထုပ်သုံးရင် ဖယ်နိုင်ပါတယ်”
သားဟာ အားစိုက်ပြီး သစ်ကိုင်းကြီးကို တွန်းတယ်။ သစ်ကိုင်းဟာ လှုပ်ရုံပဲလှုပ်တယ်။ မရွေ့ဘူး။ ဒီတော့ သူက အဖေကို ပြန်ပြောတယ်။
"အဖေ သစ်ကိုင်းကြီးက ရွေ့တောင် မရွေ့ဘူး”
"မင်းရဲ့ အစွမ်းကို အကုန်မထုပ်သုံးလို့ပါ။ ထုပ်သုံးပါဦး”
ဒီတစ်ခါ သားဟာ သစ်ကိုင်းကြီးကို ပိုပြီး အားစိုက်တွန်းတယ်။ သစ်ကိုင်းဟာ နဲနဲ လေးပဲရွေ့တယ်။ လမ်းဘေးကို မရောက်ပါဘူး။ သူဟာမောလွန်းလို့ စိတ်ဆိုးသွားပြီး အဖေကို သစ်ကိုင်းကြီးကို မဖယ်တော့ဘဲ ကွင်းရှောင်သွားကြရအောင်လို့ ပြောတယ်။ အဖေက-
"သစ်ကိုင်းကြီးကို မင်းဘယ်ဖယ်နိုင်ပါ့မလဲ။ မင်းရဲ့အစွမ်းကို အကုန်မှ မသုံးတာကိုး”
"အဖေမြင်တဲ့အတိုင်းပဲလေ။ သား အစွမ်းကုန် အားစိုက်လို့ တစ်ကိုယ်လုံး ချွေးတွေ ရှွဲနစ်နေပြီး”
"မင်းအစွမ်းထဲမှာ ငါလည်းပါတယ်လေ။ ငါ့ကို ဘာလို့ အကူအညီ မတောင်းတာလဲ”
အလုပ်တစ်ခုကို အစွမ်းကုန်ကြိုးစားလို် မအောင်မြင်နိုင်ဘူးဆိုပြီး စိတ်ပျက်လက်လျော့တော့မယ်လို့ စိတ်ကူးရင် ဒါတွေလုပ်ပြီးပြီးလားဆိုတာ စဉ်းစားလိုက်ပါဦး။
-မိဘ၊ မောင်နှမ၊ ဆွေမျိုးတွေနဲ့ တို်င်ပင်ကြည့်ပြီးပြီးလား၊
-အတွေ့အကြုံရှိတဲ့ လူကြီးတွေကို ပြောပြ အကူအညီတောင်းပြီးပြီးလား၊
-တတ်သိနားလည်တဲ့ ဆရာတွေဆီက အကြံဉာဏ် တောင်းပြီးပြီးလား၊
-စာအုပ်စာတန်းနဲ့ အင်တာနက်တွေမှာ အဖြေကို ရှာကြည့်ပြီးပြီးလား။
တ႕ခ်ိဳ႔ဖုန္းေတြ စာေျပာင္းျပန္ျဖစ္ေနတဲ့အတြက္
ဖတ္ရ အဆင္ေျပေအာင္ ,(zawgyi & unicode) ေဖာင့္ႏွစ္မ ်ိဳး လံုးေရးေပးထားပါတယ္။
@aunglat
HFS A15