Welcome To Dawei

Words
381
Reading
2 min
Listen
Play
9y

မြန်မာပြည်အနှံ့အပြားမှာရှိတဲ့ Steemit members များအားလုံးပဲ့ မင်္ဂလာပါ ခင်ဗျား........။အရင်ပတ်တုန်းကတော့ steemit က သူငယ်ချင်းများကို ထားဝယ်မြို့အကြောင်းပြောပြချင်လို့ ထားဝယ်မြို့ တနင်္သာရီတိုင်း အမျိုးသားယဉ်ကျေးမှူပြတိုက်သို့ သွားရောက်လေ့လာပြီး အချက်အလက်တွေ စုဆောင်းခဲ့ကြောင်း ပြောပြပြီးပြီ ဖြစ်ပါတယ်ခင်ဗျား...။အကြောင်းအရာတွေက ရှည်လွန်းလို့ လိုအပ်သည်ထင်သော အချက်အလက်များကိုသာ ကောက်နုတ်ထားသောကြောင့် နားလည်ခွင့်လွှတ်ပေးကြပါဦးလို့လဲ ကြိုတင်
တောင်းပန်အပ်ပါသည် ခင်ဗျား.....
image

ထားဝယ်ဆိုတာ သီးခြားနယ်မြေတစ်ခုဖြစ်တယ်။
ပထ၀ီအနေအထားအရ ထားဝယ်ဆိုတာ လူမျိုးကိုလည်းကောင်း၊ရည်
ညွှန်းခေါ်ဆိုသော အမည်ဖြစ်တယ်။ အများအားဖြင့် ထားသယ်ဒေသဆိုသည်မှာ ထားဝယ်ခရိုင်ကို ဆိုလိုသည်။ထားဝယ်ခရိုင်သည် တနင်္သာရီတိုင်း ဒေသ
ကြီးအတွင်း တည်ရှိသည်။ထားဝယ်ခရိုင်သည် ဧရိယာစတုရန်းမိုင်ပေါင်း
(၅၄၀၇.၀၉)မိုင်ကျယ်ပြီး အရှေ့ဘက်တွင် ထိုင်းနိုင်ငံ၊ အနောက်ဘက်တွင်
ဘင်္ဂလားပင်လယ်၊ မြောက်ဘက်တွင် မွန်ပြည်နယ်နှင့်၊ တောင်ဘက်တွင် မြိတ်ခရိုင်တို့က ၀န်းရံထားသည်။
image

ထားဝယ်ခရိုင်ကို ထားဝယ်မြို့နယ်၊ ရေဖြူမြို့နယ်၊ သရက်ချောင်းမြို့နယ်၊
လောင်းလုံးမြို့နယ် နှင့် မေတ္တာမြို့နယ်ခွဲ ၊ကလိန်အောင်မြို့နယ်တို့ဖြင့်ဖွဲ့စည်းထားပါသည်။ မိုင် ၁၂၀ ကျော်ရှိသော ထားဝယ်မြစ်တည်ရှိပြီး ယင်းမြစ်ဝှမ်းဒေသတွင် ထားဝယ်လူမျိုးများ နေထိုကြပါသည်။ ၂၀၁၂ခုနှစ် ထားဝယ်ခရိုင် ပြန်တမ်းအရ ထားဝယ်ခရိုင်အတွင်း လူဦးရေ ၈သိန်းခန့်နေထိုင်ကြောင်း သိရသည်။ အစောဆုံးထားဝယ်ဒေသ အပိုင်းအခြားကို ဇမ္ဗူဒီပ
ဥဆောင်ကျမ်း(၂၊ ၂၊ ၁၆၃၈)အရ အရှေ့ကိုလားသော် တနင်္သာရီမြစ် ၊ တောင်ကိုလားသော် တနင်္သာရီမြေနှင့်ကျောခိုင်း (ပြည်ခြားကျေးရွာ)အနောက်ကို လားသော် ရှင်သူငယ်မော် မောင်းမကန်အနောက်ပင်လယ် ၊မြောက်ကိုလားသော် ငှက်ရိုးတော (မလွဲတောင်) ဟူ၍ဖော်ပြထားသည်။
၁။ အလောင်းစည်သူမင်းလက်ထက် ပြည်ထောင် ၂၀ ရှိသည့်အနက် စစ်
သည်အင်အား ၂သိန်းပြုရသည့်တိုင်းပြည်အဖြစ် လည်းကောင်း၊
၂။ မှန်နန်းရာဇ၀င်ဟံသာဝတီ ဆင်ဖြူရှင်လက်ထက် ပြည်ကြီး ၅၀ စားရင်း
တွင် ဒါးဝယ်ဟူ၍လည်ကောင်း၊
၃။ ကောဇာသက္ကရာဇ် (၁၁၃၀)ခု ခရစ်နှစ် ၁၇၃၈ ခုနှစ် ကုန်းဘောင်ခေတ်
ဆင်ဖြူရှင်မင်းရေးထိုးခဲ့သော ပုဂံရွှေစည်းခုံ ထီးတော်တင် ကျောက်စာပါ
ပြည်ကြီး ၁၈ပြည်တွင် ထားဝယ်ပြည်ဟူ၍လည်းကောင်း၊ စသည်ဖြင့်
တိုင်းကြီးပြည်ကြီးအဖြစ် ဖော်ပြခဲ့ပါသည်။
image

ထားဝယ်တိုင်းရင်သားများသည် အသက်မွေးဝမ်းကြောင်းမှူအတွက်
ကုန်သွယ် ၊လယ်လုပ် ၊ယာခုတ် ၊ဥယျာဉ်စိုက်ခြင်း ၊ငှက်သိုက် ၊ဆီအုန်း၊
သီဟိုဠ်စေ့၊ရာဘာ၊ကြိမ်၊ရေလုပ်ငန်းနှင့်၊သတ္တုတွင်း လုပ်ငန်းများကို လုပ်ကိုင်ကြသည်။ တိဗက်ဗမာအုပ်စုမှ မြန်မာလူမျိုးအုပ်စုဝင်ဖြစ်သည်။ မြန်မာတို့နှင့် ကိုးကွယ် ယဉ်ကျေးမှူဓလေ့ ၀တ်စားဆင်ယင်မှူတို့တွင် တူညီကြသည်။ရှေးဗမာဟန်ကို ထိန်းသိမ်းခဲ့ကြသည်။

အာဒိကပ္ပကျမ်း တွင်
''သက်နှင့်ရခိုင် ၊နှိုင်းပြိုင်တောင်သူ
ပျူကမ်းယံယော ၊ထားဝယ်နှောက
မျိုးသတ္တ'' ဟုဖော်ပြထားသည်။
image

လောကဟိတရာသီကျမ်းတွင်
လူမျိုး ၁၀၁ မျိုးစားရင်းအရ မြန်မာ ၇ မျိုးကို
(၁) မြန်မာ (၂) ပျူ (၃) ကမ်းယံ (၄)ယော (၅) ရခိုင် (၆)တောင်သူ
(၇) ထားဝယ်ဟု ဖော်ပြထားသည်။

မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း(ဒုတိယပိုင်း)မြန်မာ ၇မျိုးစားရင်း
၅ မျိုးကွဲသည်။
၁။ မုံ့ရွေးဆရာတော်အမမုံ့ရွေးဆရာတော်အမှတ်အသား(၁)ဗြဟ္မာသတ်
(၂) ရခိုင်(၃)ထားဝယ်(၄)ပြော့(၅)တောင်သူ(၆)မြုံသက်(၇)ကမ်းယံ
၂။ ဘေးရွှေတောင်ဝန်မင်းကြီး မဟာမင်းထင်ရာဇာအမှတ်အသားတွင်(၁)
ဗြဟ္မာသတ်(၂)ရခိုင်(၃)ထားဝယ်(၄)ပြော့(၅)တောင်သူ(၆)ပြူသက်(၇)
ကမ်းယံ
၃။ ဘေးငစဥ့်ကူး ထောင်အင်းစား အသုံးစာရေး မဟာမင်းလှသင်္ခယာ
အမှတ်အသားတွင် (၁)မြန်မာကြီး(ရခိုင်)(၂)မြန်မာငယ်(ပျူ)(၃)ထား
ဝယ်(၄)ပရယ်(၅)တောင်သူ(၆)ပြုံးသက်(၇)ကမ်းယံ
၎။ နိုင်ငံခြားဝန်ထောက်မင်းအမှတ်အသားတွင် (၁)မြန်မာ(၂)ရခိုင်(၃)ထား
ဝယ်(၄)မြုံ(၅)တောင်သူ(၆)ပြူ(၇)ကမ်းယံ
၅။ ဇမ္ဗူတံဆိပ်နှင့် စွယ်စုံကျော်ထင်ရဲ့အဖြေအရ (၁)မြန်မာ(၂)ရ
ခိုင်(၃)ထားဝယ်(၄)ထရသ်(၅)တောင်သူ(၆)ပြော့(၇)ကမ်းယံဟု ဖော်ပြ
ထားသည်။
image

ကရင်ကရင်ပြည်နယ် ဘားအံမြို့တွင် ကျင်းပသော ၁၈ကြိမ်မြောက် ပြည်ထောင်စုနေ့ ၁၉၆၅ခုနှစ် ပြည်ထောင်စုနေ့အခမ်းအနား လမ်းညွှန်စာအုပ်တွင်
တိုင်းရင်းသား ၆၉ မျိုးစားရင်းကို ၃၇ ဗမာ/ထားဝယ်ဟု ဖော်ပြထားသည်။
၁၉၉၈ခုနှစ် ပြန်ကြားရေး ၀န်ကြီးဌာနအဆိုအရ မြန်မာ ၉ မျိုးတွင် ထားဝယ် ပါသည်။ နိုင်ငံခြားသား ပညာရှင်( ဒေါက်တာအဲလီဇဘတ်မိုး ၊လန်ဒန်တက္ကသိုလ်)နှင့် နိုင်ငံသားပညာရှင် သုတေသီများ၏ လေ့လာတွေ့ရှိချက်များအရ ထားဝယ်ဒေသ(ထားဝယ်ခရိုင်)အတွင်းတွင် ကျောက်ခေတ်သစ်၊ ပျူခေတ် ၊ ပုဂံခေတ်မှစတင်ကာ သမိုင်းတစ်လျှောက် သမိုင်းဦးမှ ယနေ့တိုင်အောင် လူနေထိုင်သောဒေသ ဖြစ်ခဲ့သည်။ ထားဝယ်လူမျိုးများတွင် ကိုယ်ပိုင်ယဉ်ကျေးမှူ ၊ ဓလေ့ထုံးတမ်းများ ရှိသည်။ ကိုယ်ပိုင်နက္ခတ်တာ ၊ တာရာရှိခဲ့သည်။ ထားဝယ်ဒေသ ရိုးရာအကများမှာ (၁)ရမ်းအက(၂)ဒိန်း(ယိန်း)အကနှင့် အိုးစည်အကဆိုပြီး ရှိခဲ့သည်။ ယခုအခါ ပျောက်ကွယ်လုနီးပါးဖြစ်နေ
သော ထားဝယ်ရိုးရာ ယမ်းအကကို ထားဝယ်ကျေးလက်ဒေသ အချို့တွင်
နတ်ပွဲများတွင်သာ တွေ့ရှိနိုင်သည်။
image
ထားဝယ်ရိုးရာ ရေအိုးရွက်အကကို ပြည်ထောင်စုနေ့ အခမ်းအနားများနှင့် သင်္ကြန်ကာလများတွင် ကပြလေ့ရှိသည်။ ထားဝယ်ရိုးရာတေးများကို မြန်မာလို ဒိန်းဟုဆိုသည်။ ထားဝယ်တိုင်းရင်းသားများက ဒီးချင်းဟုခေါ်ပါသည်။ အခြေခံပညာကျောင်းသုံးစာအုပ်များတွင် ထားဝယ်တေး၊ ကျေးလက်ရိုးရာတေး၊ ထားဝယ်ဒိန်းသံဟု ဖော်ပြသည်
ယင်းဒီးချင်းများနှင့် တွဲဖက်တီးခတ်ရသော မိချောင်းစောင်း၊ တံယောများ
လည်း ရှိသည်။ ရှေးမင်းများလက်ထက်တွင် ထားဝယ်တေး၊ ထားဝယ်အကဟူ၍ဖော်ပြကြသည်။ ထားဝယ်တိုင်းရင်းသားများပြောဆိုနေကြသော ထား
ဝယ်စကားကို ဒေသိယစကားအဖြစ် ပညာရှင်များက သတ်မှတ်ကြသည်။
ထိုဒေသိယစကားတွင် ပေါရာဏ၊ မြန်မာ ၊ရှမ်း၊ မွန်စကားများ ရောစပ်လျှက်ရှိသည်။ သို့ရာတွင် မည်သည့်လူမျိုးများနှင့်မျှ မဆက်စပ်သော ထားဝယ်စကားစစ်စစ် စကားလုံးများလည်း တွေ့ရသည်။ ထို့ပြင် ထားဝယ်ဒေသအတွင်း ရှေးကျသည့် နတ်ကိုးကွယ်မှူ၊ မွေးဓလေ့၊ သေဓလေ့၊ မင်္ဂလာဆောင် ဓလေ့များ ပြုမှူနေဆဲဖြစ်သည်။ ထားဝယ်ဒေသအတွင်း ဘာသာရေးပွဲတော်များ ၊ လူမှူရေးပွဲတော်များ၊ ရိုးရာဓလေ့ပွဲတော်များ ကျင်းပလေ့ရှိသည်။
image
ထို့ကြောင်ြ ထားဝယ်သားတို့သည် မြန်မာနိုင်ငံအတွင်း နှစ်ပေါင်းများစွာနေထိုင် ရှင်သန်ခဲ့သည့် တိုင်းရင်းသားလူမျိုးတစ်မျိုးဖြစ်ပြီး ကိုယ်ပိုင်နယ်မြေ ၊ ကိုယ်ပိုင်ဒေသ၊ ကိုယ်ပိုင်ယဉ်ကျေးမှူ ဓလေ့ထုံးတမ်းများရှိသည့် မြန်မာနိုင်ငံသားများ ဖြစ်ကြသည်။ သို့ဖြစ်ပါ၍ ထားဝယ်ဒေသ (ထားဝယ်ခရိုင်) အတွင်းနေထိုင်ကြသော ထားဝယ်များသည် ဒေသခံတိုင်းရင်းငါးများ (သို့) ဌာနေတိုင်းရင်းသားများဖြစ်ကြသည်။

image

ကဲ....တော်တော်လဲစုံပြီ စာလဲရှည်နေပြီဆိုတော့ ထားဝယ်မြို့အကြောင်း
ဒီမှာပဲ့ရပ်နားခွင့်ပြုပါဦးလို့...။
နောက်အပတ်တွေမှာ ထားဝယ်မြို့ရဲ့ တန်ခိုးကြီးရှေးဟောင်းဘုရားများ
အကြောင်းနှင့် လှပတဲ့ ကမ်းခြေတွေအကြောင်း တစ်လှည့်စီမရိုးရအောင်
တင်ပြပေးဦးမှာမို့ ဆက်လက်ပြီး အားပေးကြပါဦးလို့.....။
စာရေးဆရာမဟုတ်သည့်အတွက် အရေးအသားညံ့ဖျင်းမှူများအတွက်
အနူးအညွတ်တောင်းပန်အပ်ပါသည် ခင်ဗျား....။

refer : Tanintharyi Cultural Museum Dawei
Photographer-Aung Htet Kyaw
Aung Htet Kyaw aunghtetkyaw@aunghtetkyaw
MSC-197
Myanmar steemit lover

Welcome To Dawei | Ecency