ဒီနေ့နံရံစက္ကူအလှဆင်တစ်ခုပြုလုပ်ထားပါတယ်။နံရံမှာအလှဆင်လို့ရပါတယ်။ကြိုးတပ်ပြီးချိတ်ဆွဲပြီးလည်းအလှဆင်နိုင်ပါတယ်။ဒီတစ်ခုမှာတော့ချိတ်ဆွဲဖို့လက်ကိုင်ကြိုးမပြုလုပ်ထားတော့ပါဘူး။ပြုလုပ်နည်းအဆင့်ဆင့်ကိုပုံများဖြင့်ဖော်ပြထားသလိုစာလည်းရေးပြထားပါတယ်။လိုအပ်တဲ့ပစ္စည်းတွေကကတ်ထူ၊ရောင်စုံစက္ကူ၊ကတ်ကြေး၊ကော်၊ tissue ခဲတံ၊ပေတံစသဖြင့်ပါ။
ပထမအဆင့်မှာပန်းပွင့်များပြုလုပ်ရမှာပါ။ဒီပန်းပွင့်တွေကို tissue ကိုအသုံးပြု၍ ပြုလုပ်ထားပါတယ်။ဒီပန်းပွင့်လိုမျိုးပြုလုပ်နည်းကိုရောင်စုံစက္ကူနဲ့ပြုလုပ်ဖူးပါတယ်။ခုက tissue နဲ့စမ်းပြီးပြုလုပ်ကြည့်ထားတာပါ။ရောင်စုံစက္ကူနဲ့ပြုလုပ်ရတာကပိုလွယ်ကူပြီး၊ tissue နဲ့ကနည်းနည်းလက်ဝင်ပါတယ်။စက္ကူကိုခေါက်ပြီးစက်ဝိုင်းပုံဆွဲ၍ဖြတ်ပါတယ်။အနားတွေကိုလည်းအပိုင်းငယ်လေးတွေညှပ်လိုက်ပြီးအလယ်မှာကလစ်နဲ့ညှပ်လိုက်ပါတယ်။စက္ကူတစ်လွှာချင်းစီကိုခေါက်၍ပန်းပွင့်ပြုလုပ်ပါတယ်။ပြီးနောက်အစိမ်းရောင် tape နဲ့ကပ်လိုက်ပါတယ်။
ဒီအဆင့်မှာကတ်ထူကိုစက်ဝိုင်းပုံဖြတ်၍ပန်းရောင်စက္ကူဖြင့်ကော်ကပ်ပါတယ်။အစိမ်းရောင်စက္ကူကိုပုံအတိုင်းအပိုင်းငယ်များညှပ်ပြီးကော်ကပ်ကာပန်းပွင့်များဖြင့်ဆက်လက်ကော်ကပ်မှာပါ။အရွက်ပုံစံလေးတွေလည်းညှပ်လိုက်ပါတယ်။ပြီးနောက်အရွက်များကိုလည်းကော်ကပ်အလှဆင်ပါတယ်။
Written by @asterkame
By my photos & made by me