ဒီတစ်ခုကတော့စာရေးကိရိယာအတိုအထွာလေးတွေထည့်လို့ရတဲ့pencil boxတစ်ခုနှင့်ပန်းပွင့်သုံးပွင့်၊သစ်ရွက်ကလေးတွေပါတဲ့ပန်းအိုးတစ်လုံးပြုလုပ်လိုက်ပါတယ်။ပြုလုပ်နည်းကိုပုံနှင့်စာဖြင့်ဖော်ပြထားပါတယ်။ကတ်ထူ၊ရောင်စုံစက္ကူ၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံစသဖြင့်လိုအပ်ပါတယ်။ပထမအဆင့်မှာA4sizeစာရွက်ကိုအလျားအန
ံတူညီစွာဖြတ်လိုက်ပါတယ်။ပြီးနောက်အလယ်မှတစ်ဝက်တိတိခေါက်ချိုး၍၊ထိုမှအဆင့်ဆင့်တူညီတဲ့အပိုင်း၈ပိုင်းဖြစ်အောင်ခေါက်ပါတယ်။ပြီးနောက်ကျန်တစ်ဘက
်ကိုတော့တူညီအပိုင်းလေးပိုင်းဖြစ်အောင်ခေါက်လိုက်ပါတယ်။pencil boxအတွက်ထိုတူညီအပိုင်းလေးပိုင်းမှတစ်ဘက်စီကိုတစ်ပိုင်းစီခေါက်လိုက်ပါတယ်။တစ်ဘက်ကိုတော့ကော်ကပ်၍အခြားစာရွက်တစ်ခုဖြင့်ပိတ်လိုက်ပါတယ်။ပန်းအိုးအတွက်ကိုတော့စာရွက်ခေါက်နည်းကအတူတူပေမဲ့၊တူညီအပိုင်းလေးခုမှတစ်ဘက်ကိုကော်ကပ်ပိတ်ရန်တစ်ပိုင်းခေါက်၍ကျန်တစ်ဘက်မှာနှစ်ဆင့်ခေါက်လိုက်ပြီး၊ဘေးဘက်အနားနှစ်ခုကိုကော်ကပ်လိုက်ပါတယ်။ပြီးနောက်အသည်းပုံအနက်ရောင်ဆေးခြယ်ပြီးဘောက်စ်တစ်ခုစီမှာကော်ကပ်ပါတယ်။ပန်းအိုးအတွက်အနီရောင်ဘောက်စ်မှာတော့စာရွက်ကိုအပိုင်းငယ်ခေါက်၍လက်ကိုင်ပုံစံပြုလုပ်ပြီးကော်ကပ်လိုက်ပါတယ်။
ဒီအဆင့်မှာတော့ပန်းပွင့်နှင့်သစ်ရွက်များပြုလုပ်ပါတယ်။ပန်းပွင့်သုံးပွင့်ပြုလုပ်ပါ့မယ်။ပထမဆုံးစာရွက်ကိုအပိုင်းငယ်ဖြတ်၍အလယ်မှခေါက်ချိုးပြီး၊ကော်ကပ်ရန်နေရာချန်ကာ၊ကျန်တစ်ဘက်မှာအပိုင်းငယ်လေးတွေဖြတ်လိုက်ပါတယ်။ပြီးနောက်အစိမ်းရောင်စာရွက်ကိုသုံးပြီးစက္ကူအလိပ်တစ်ခုပြုလုပ်ပါတယ်။ထိုစက္ကူအလိပ်မှာခုနကဖြတ်ထားတဲ့စာရွက်ကိုပန်းပွင့်ပုံဖြစ်အောင်ခေါက်၍အဆုံးမှာကော်ကပ်လိုက်ပါတယ်။
ထို့နောက်အရွက်များဖြတ်၍ပန်းပွင့်မှာကော်ကပ်ပါတယ်။ပန်းတစ်ပွင့်မှာအရွက်လေးရွက်ကော်ကပ်ပါတယ်။ထိုပန်းသုံးခက်ကိုအနီရောင်ပန်းအိုးထဲကတ်ထူတွေကိုအပိုင်းပိုင်းဖြတ်၍ထည့်ပြီးစိုက်လိုက်ပါတယ်။ပြီးနောက်လိမ္မော်ရောင်ကတ်ထူတစ်ခုကိုပုံအတိုင်းဖြတ်၍ကော်ကပ်ပြီး၊ထိုအပေါ်မှာဘောက်စ်နှစ်ခုကိုကော်ကပ်လိုက်ပါတယ်။
Written by @asterkame
By my photos & made by me