ဒီတစ်ခုကလက်ဆောင်ပစ္စည်းလေးတွေထည့်လို့ရတဲ့ paper gift box တစ်ခုဖြစ်ပါတယ်။ပြုလုပ်နည်းလေးတွေကိုပုံများနဲ့နံပါတ်စဥ်အတိုင်းဖော်ပြထားသလိုစာဖြင့်လည်းပြောပြထားပါတယ်။အဆင့်၁မှာစာရွက်ကိုအလျားအနံ 21cm ဖြတ်ပြီး၊ 7cm စီတူညီအကွက်ကိုးကွက်ဆွဲထားပါတယ်။ပြီးနောက်ထောင့်စွန်းလေးခုမှာပုံအတိုင်းမျဥ်းနှစ်ကြောင်းဆွဲ၍ညှပ်လိုက်ပါတယ်။မျက်နှာချင်းဆိုင်အကွက်နှစ်ခုမှာမျဥ်းနှစ်ကြောင်းကိုဆွဲပြီး၊မျဥ်းများအားလုံးကိုခေါက်ချိုးလိုက်ပါတယ်။ထို့နောက်အလယ်နေရာမှာအဝါရောင်စာရွက်ဖြင့်ကော်ကပ်ပါတယ်။အပြာရောင်စာရွက်ကိုအလျားအနံခုနစ်စင်တီမီတာစီတိုင်း၍ညှပ်ပြီး၊ 2cm3cm2cm တိုင်း၍မျဥ်းဆွဲပြီးခေါက်ချိုးလိုက်ပါတယ်။ပြီးနောက်ဘောက်စ်ရဲ့ကျောဘက်မှာကော်ကပ်ပြီး၊ရှေ့ဘက်မှာအဖွင့်အပိတ်ပြုလုပ်နိုင်အောင်အခြားအပြာရောင်စက္ကူအပိုင်းငယ်ဖြင့်ထပ်မံကော်ကပ်ပါတယ်။ဆက်လက်ပြီးဘိုးတစ်ပွင့်ကိုပုံပြထားတဲ့အတိုင်းအရောင်နှစ်မျိုးဖြင့်ပြုလုပ်လိုက်ပါတယ်။ဘိုးပွင့်ကိုဘေးဘက်အနားနှစ်ခုမှာကော်ဖြင့်ဘောက်စ်မှာကော်ကပ်အလှဆင်ပါတယ်။
Written by @asterkame
By my photos & made by me