Origami Bear Bags, How to Fold them

Words
86
Reading
1 min
Listen
Play
2y

ဒီနေ့ paper bear bag နှစ်ခုကို စက္ကူခေါက်ခြင်းဖြင့် ပြုလုပ်ထားပါတယ်။ ထိုတစ်ခုလုံးကို စက္ကူတစ်ရွက်တည်းဖြင့်ခေါက်ထားတာပါ။ ထို အိတ်တွေက သာမန်အိတ်ပုံစံတွေထက် ပိုထူးခြား၍ လှတယ်လို့ထင်ပါတယ်။ သူတို့ကို ဘယ်လိုပြုလုပ်ရမလဲဆိုတာ ပုံများဖြင့် အဆင့်ဆင့် ဖော်ပြထားသလို စာလည်းရေးပြထားပါတယ်။ လိုအပ်တာတွေက ရောင်စုံစက္ကူ၊ ကတ်ကြေး၊ကော်၊ ခဲတံ၊ ပေတံ စသဖြင့်ပါ။

ပထမအဆင့်မှာ စက္ကူရဲ့အလျားနဲ့အနံကို 21cm စီတိုင်းတာ၍ ဖြတ်ပါတယ်။ ထိုစက္ကူကို တစ်ဝက်စီ နှစ်ကြိမ်ခေါက်၍ မျက်နှာချင်းဆိုင် အစွန်းနှစ်ခုကို အလယ်မှတ်သို့ ခေါက်ပါတယ်။ ထိုစက္ကူကို တစ်ဘက်သို့လှည့်၍ အောက်ခြေအစွန်းကို အပေါ်သို့ ခေါက်၍ တစ်ဘက်သို့ပြန်လှည့်ပါတယ်။ ဒီအဆင့်မှာ အနားနှစ်ဘက်ကို အလယ်မျဥ်းသို့ခေါက်ရမှာပါ။ ထိုအနားနှစ်ဘက်ကို အလယ်မှခေါက်ချိုးမျဥ်းအထိ ပုံအတိုင်းခေါက်၍ ထိုနေရာကို ဖြန့်ပါတယ်။

ဒီအဆင့်မှာ နားရွက်ပုံစံတွေအတွက် စက္ကူအစွန်းတွေကို အဆင့်ဆင့်ခေါက်ရမှာပါ။ အောက်ခြေအစွန်းကိုလည်း ကျောဘက်သို့ခေါက်ပါတယ်။ မျက်နှာအတွက် စက်ဝိုင်းပုံစံစက္ကူအပိုင်းတစ်ခုကို ကော်ကပ်၍ လိုအပ်တာတွေကို ပေါင်းထည့်ပါတယ်။ အပေါ်ဘက်မှ စက္ကူအစွန်းကိုလည်း ခေါက်ပါတယ်။ နောက်ထပ် ပန်းရောင်အိတ်တစ်ခုကိုလည်း ပြုလုပ်ထားပါတယ်။

သူတို့က လှပပြီး အသုံးလည်းဝင်မယ်လို့ထင်ပါတယ်။ ပုံလှလှလေးတွေလည်းရိုက်ထားပါတယ်။

February 26, 2025
Written by asterkame@asterkame
By my photos & made by me

Origami Bear Bags, How to Fold them | Ecency