How to Make Unique Paper Rose

Words
46
Reading
1 min
Listen
Play
9M

ဒီနေ့ တကယ့်ကိုလှတဲ့ ပန်းတစ်ပွင့်ကို ပြုလုပ်ထားပါတယ်။ ထိုပန်းက နှင်းဆီပန်းပုံစံပါ။ ထိုပန်းပြုလုပ်နည်းက ယခင်ပြုလုပ်ဖူးတဲ့ ပန်းတွေနဲ့မတူပဲ အနည်းငယ်ကွာခြားပါတယ်။ ဖန်ခွက်ကို အသုံးပြု၍ ပြုလုပ်ရတာပါ။ ထိုပန်းကို ဘယ်လိုပြုလုပ်ရမလဲဆိုတာ ပုံများဖြင့် အဆင့်ဆင့်ဖော်ပြထားသလို စာလည်းရေးပြထားပါတယ်။

ပထမအဆင့်မှာ အရွယ်တူပွင့်ဖတ်များကို ပြုလုပ်ပါတယ်။ ပန်းရောင်စက္ကူကိုခေါက်၍ ထိုအပေါ်မှာ ပွင့်ဖတ်ပုံစံဆွဲ၍ဖြတ်တယ်။ ပွင့်ဖတ်ရဲ့ အနားစွန်းတွေကိုဆွဲဆန့်၍ ပုံအတိုင်းဆေးခြယ်ရမှာပါ။ ထိုနည်းအတိုင်းပွင့်ဖတ်နှစ်ဆယ်ခု ပြုလုပ်ပါတယ်။

ဖန်ခွက်ရဲ့ အနားပတ်လည်မှာ ပွင့်ဖတ်ငါးခုကို ပထမထားပါတယ်။ နောက်ထပ်ပွင့်ဖတ်များကို ကော်ကပ်၍ အဆင့်ဆင့်ထားပါတယ်။ ဖန်ခွက်ကိုမှောက်၍ ဖယ်ရှားလိုက်ပါတယ်။

ထိုပန်းအတွက် ပွင့်ဖတ်တွေအများကြီးပြုလုပ်ရန်လိုအပ်ပေမဲ့ ပြုလုပ်ရတာအရမ်းမခက်ခဲဘူးလို့ထင်ပါတယ်။ ထိုပန်းကလှတာကြောင့် အရမ်းနှစ်သက်ပါတယ်။

December 21, 2025

How to Make Unique Paper Rose | Ecency