How to Make Origami Photo Frame

Words
83
Reading
1 min
Listen
Play
2y

ဒီနေ့ တကယ့်ကိုလှတဲ့ paper photo frame တစ်ခုပြုလုပ်ထားပါတယ်။ ထို frame ကိုအရွယ်တူစက္ကူခေါက်လေးခုဖြင့်ပြုလုပ်ထားပြီး၊ ထိုအပေါ်မှာ ပန်းသုံးပွင့်ဖြင့် အလှဆင်ထားတယ်။ ထိုပန်းတွေက နှင်းဆီပန်းပုံစံတွေပါ။ ထို frame နဲ့ပန်းများကို ဘယ်လိုပြုလုပ်ရမလဲဆိုတာ ပုံများဖြင့် အဆင့်ဆင့် ဖော်ပြထားသလို စာလည်းရေးပြထားပါတယ်။ လိုအပ်တာတွေက ရောင်စုံစက္ကူ၊ ကတ်ကြေး၊ကော်၊ ခဲတံနဲ့ပေတံစသဖြင့်ပါ။

ပထမအဆင့်မှာ လိမ္မော်ရောင်စက္ကူလေးရွက်ရဲ့ အလျားနဲ့အနံကို 12cm စီတိုင်းတာ၍ ဖြတ်ပါတယ်။ ထိုစက္ကူတစ်ခုစီကို တစ်ဝက်စီနှစ်ကြိမ်ခေါက်၍ အစွန်းနှစ်ဘက်ကို အလယ်မျဥ်းသို့ခေါက်ပါတယ်။ နောက်တစ်ဆင့်မှာ ထိုအစွန်းနှစ်ခုကို ရရှိထားတဲ့ ခေါက်ချိုးမျဥ်းများအထိခေါက်၍ တစ်ဘက်သို့လှည့်ပါတယ်။ အောက်ခြေအစွန်းကို အပေါ်သို့ခေါက်၍ ထိုနည်းအတိုင်း နောက်ထပ် သုံးခုကိုလည်းပြုလုပ်ပါတယ်။ ထိုစက္ကူခေါက်များကို ကော်ကပ်၍ဆက်ပြီး၊ အပြာရောင်စက္ကူတစ်ရွက်ကို ကျောဘက်မှာထား၍ ကော်ကပ်ပါတယ်။

အလှဆင်ရန် ပန်းသုံးပွင့်ကို ဆက်လက်ပြုလုပ်ပါတယ်။ စက္ကူပေါ်မှာပုံဆွဲ၍ဖြတ်ပြီး၊ ထို စက္ကူအပိုင်းတစ်ခုစီကိုခေါက်၍ အဆုံးမှာ ကော်ကပ်ခြင်းဖြင့် ထိုပန်းတွေကို ပြုလုပ်ရမှာပါ။ ထိုပန်းများကို frame ပေါ်မှာပုံအတိုင်း အလှဆင်ပါတယ်။

ထို frame က အရမ်းနှစ်သက်စရာကောင်းတယ်လို့ထင်ပါတယ်။ ပုံလှလှလေးတွေလည်းရိုက်ထားပါတယ်။

December 30, 2024
Written by asterkame@asterkame
By my photo & made by me

How to Make Origami Photo Frame | Ecency