How to Make Beautiful Paper Basket

Words
60
Reading
1 min
Listen
Play
1y

ဒီနေ့ အရမ်းလှတဲ့ paper basket တစ်ခုကိုပြုလုပ်ထားပါတယ်။ ထိုခြင်းပေါ်မှာ ပန်းများဖြင့်အလှဆင်ထားပြီး၊ ထိုခြင်းကို စက္ကူပေါ်မှာ ပုံစံဆွဲ၍ ခေါက်ပြီးပြုလုပ်ရတာပါ။ ဒါကိုဘယ်လိုပြုလုပ်ရမလဲဆိုတာပုံများဖြင့်အဆင့်ဆင့်ဖော်ပြထားသလို စာလည်း ရေးပြထားပါတယ်။လိုအပ်တာတွေက ရောင်စုံစက္ကူ၊ ကတ်ကြေး၊ ကော်၊ ခဲတံနဲ့ပေတံစသဖြင့်ပါ။

ပထမအဆင့်မှာ အဝါရောင်စက္ကူပေါ်မှာ တိုင်းတာ၍ မျဥ်းများဆွဲပြီး ဖြတ်ပါတယ်။ ထိုစက္ကူကို ပို၍ထူစေရန် အပြာရောင်စက္ကူဖြင့်ထပ်မံကော်ကပ်ပါတယ်။ ထိုစက္ကူရဲ့ လိုအပ်တဲ့နေရာတွေကိုဖြတ်၍ မျဥ်းများကို ပုံအတိုင်းခေါက်၍ ကော်ကပ်ပြီး box ပုံစံတစ်ခုပြုလုပ်ပါတယ်။ လက်ကိုင်အဖြစ် အနက်ရောင်စက္ကူကိုခေါက်၍ အသုံးပြုပါတယ်။

အလှဆင်ရန်ပန်းများကိုဆက်လက်ပြုလုပ်ပါတယ်။ heart shape များဖြတ်ပြီးနောက် ခြင်းရဲ့မျက်နှာပြင်တစ်ဘက်စီမှာ ထို heart shape များကို ပန်းပွင့်ပုံစံအဖြစ် ကော်ကပ်ပါတယ်။နောက်ထပ်အနက်ရောင်ပန်းနှစ်ပွင့်ကို စက္ကူပေါ်မှာ ပန်းပုံများဆွဲ၍ ဖြတ်ခြင်းဖြင့်ပြုလုပ်ထားတာပါ။ သူတို့ကို အဝါရောင်ပန်းများရဲ့အလယ်မှာ ​ကော်ကပ်တယ်။

ထိုခြင်းက နှစ်သက်စရာကောင်းတယ်လို့ထင်ပါတယ်။ ပုံလှလှလေးတွေလည်း ရိုက်ထားပါတယ်။

October 19, 2025

How to Make Beautiful Paper Basket | Ecency