ဒီနေ့တကယ့်ကိုလှတဲ့ canola ပန်းတွေကို စက္ကူခေါက်ခြင်းဖြင့် ပြုလုပ်ထားပါတယ်။ ပန်း10 ပွင့်ခေါက်ရမှာဖြစ်ပြီး သစ်ရွက်များလည်းပြုလုပ်ရမှာပါ။ ထိုသစ်ရွက်များကို စက္ကူကိုဖြတ်၍ပြုလုပ်ရတာကြောင့် အရမ်းမခက်ခဲပါဘူး။ သူတို့ကိုဘယ်လိုပြုလုပ်ရမလဲဆိုတာ ပုံများဖြင့် အဆင့်ဆင့်ဖော်ပြထားသလို စာလည်းရေးပြထားပါတယ်။ လိုအပ်တာတွေက ရောင်စုံစက္ကူ၊ကတ်ကြေး၊ကော်၊ခဲတံ၊ပေတံ စသဖြင့်ပါ။
ပထမအဆင့်မှာ ပန်းတစ်ပွင့်အတွက် စက္ကူကို အလျားအနံတူညီစွာဖြတ်ရမှာပါ။ ထိုစက္ကူကို တစ်ဝက်စီနှစ်ကြိမ်ခေါက်၍ အလယ်မှတ်တစ်ခုပြုလုပ်ပြီး ထောင့်လေးခုကို အလယ်မှတ်သို့ ခေါက်ရမှာပါ။ ထိုစက္ကူကို တစ်ဘက်သို့လှည့်ပြီးနောက် ထောင့်လေးခုကို အလယ်မှတ်သို့ ထပ်မံခေါက်ပါတယ်။ အနားလေးခုမှာ ပုံအတိုင်းအနည်းငယ်စီဖြတ်၍ အစွန်းတွေကို ခေါက်ပြီး အပြင်ဘက်မှ အစွန်းလေးခုကိုလည်းခေါက်ရမှာပါ။ အလယ်မှ အစွန်းလေးခုကို အပြင်ဘက်သို့ပုံအတိုင်း ခေါက်ပါတယ်။ ထိုနည်းအတိုင်း ပန်းတစ်ဆယ်ပွင့်ပြုလုပ်ရမှာပါ။
လေးထောင့်ပုံစံ စက္ကူတစ်ခုရဲ့အစွန်းတွေကိုခေါက်ပြီး ထိုအပေါ်မှာ ပန်းများကိုကော်ကပ်ပါတယ်။ အစိမ်းရောင်စက္ကူအပိုင်းတစ်ခုကိုခေါက်၍ stem အဖြစ်အသုံးပြုပါတယ်။ သစ်ရွက်များကိုလည်းဖြတ်၍ ထပ်မံကော်ကပ်ပါတယ်။
သူတို့က အရမ်းလှတာကြောင့် တကယ့်ကိုနှစ်သက်စရာပါ။ ပုံလှလှလေးတွေလည်းရိုက်ထားပါတယ်။
May 25, 2024
Written by @asterkame
By my photo & made by me