ကိုးကွယ် ယုံကြည်မှု

Words
118
Reading
1 min
Listen
Play
5y

ကိုးကွယ် ယုံကြည်မှု
အရင်ကတည်းကဒီစာကိုရေးဖို့ဆုံးဖြတ်ထားပီးပေမဲ့အချိန်မအားလပ်သည်နှင့်ယခုမှပဲရေးဖြစ်တော့သည်။တစ်ကမ္ဘာလုံးသုံးသော English ဘာသာဖြင့်ရေးဖို့ဆုံးဖြတ်ထားသော်လည်း engလေ့လာမှုအားနည်းချင်းနှင့် self confidence နည်းခြင်းတို့ကြောင့် မိခင်ဘာသာစကားဖြင့်ဦးစွာဆွေးနွေးရေးသားလိုက်ရပါသည်။ဤမြန်မာနိုင်ငံတွင်လူရယ်ဟုဖြစ်လာသည်နှင့် သိ၍သော်ဖြစ်စေ မသိ၍သော်ဖြစ်စေ မိရိုးဖလာဗုဒ္ဓဘာသာဖြစ်၍ သားသမီးက ဗုဒ္ဓဘာသာဖြစ်သည်ကများပါသည်။မှန်ပါသည် ကျွန်မယနေ့ဆွေးနွေးမည့်အကြောင်းအရာသည်ဘာသာရေးဖြစ်ပါသည်။သို့သော်ခေါင်းစဉ်တွင်ဘာသာရေးဟုခေါင်းစဉ်တပ်မထားသည်မှာ ဘာသာရေးဟူသောခေါင်စဉ်ကြီး၏ဝန်ကိုတာဝန်မယူနိုင်သောကြောင့်ဖြစ်ပါသည်။
သို့သော်ကျွန်မသည်ငယ်စဉ်ကပင် ဘိုးလေး၏ကျောင်းဖြစ်သော ဝိပဿနာကျောင်းသို့ လွန်စွာသွားကဲသောကြောင့် ဗုဒ္ဓဘာသာ၏ ရည်ရွယ်ချက်နှင့်ရင်းနှီး၍နေလေသည်။သို့သော်အသက်ငယ်သေး၍ကောင်းစွာသဘောမပေါက်။ ဤသို့ဖြင့် အသက်ကြီးလာ၍ အတန်းတေအတန်းပီးအတန်းအောင်ပီး တက္ကသိုလ်ရောက်သော် ဘာသာရေးသည်ကား စာမေးပွဲအောင်ရန်အတွက်ပူဇော်သော နတ်သာသာဖြစ်နေခဲ့ပါသည်။မယုံကြည်သည်တော့မဟုတ် သို့သော်မလေ့လာမိတဲ့အတွက် ဝေးကွာလာခဲ့သည်သာဖြစ်သည်။ တက္ကသိုလ်တွင်လဲ ဘာသာရေးကိုမယုံကြည်သော သူငယ်ချင်းနှင့် စကားနိုင်လုသော်လည်း သူ့အားထဲထဲဝင်ဝင်ရှင်းပြနိုင်စွမ်းမရှိခဲ့၍ ရှုံးရသည်ကြီးသာ။သို့သော် COVID-19 ကြောင့်ကျောင်းများပိတ်၍အိမ်ပြန်လာခဲ့ရသည်နှင့် တစ်နေ့ပီးတစ်နေ့ အလုပ်မရှိစား၍အိပ်၍သာနေနေသည်နှင့် ဘာသာရေးဘက်ပြန်လေ့လာမိသည်။
img_7049.png
အမေကိုးကွယ်ယုံကြည်သော ဆရာတော်၂ပါးဖြစ်သည့် ပါချုပ်ဆရာတော်နှင့် မဟာဗောဓိမြိုင်ဆရာတော်၏တရားများကိုစတင်၍နာကြားခဲ့သည်။လူတစ်ယောက်၏တစ်နေ့တာတွင် ယနေ့ဉစ္စာပစ္စည်းတခုခုရှာနိုင်ပြီလော သို့မဟုတ် ပညာတခုခုလေ့လာသင်ယူနိုင်ပြီလော သို့မဟုတ် တရားဘာဝနာ အားထုတ်နိုင်၏လော ဟူသောအမေးကို ဖြေနိုင်ရန်အတွက်ကြိုးစား၍ ဝိပဿနာအကြောင်းကိုလေ့လာမိသည်။ ဗုဒ္ဓမြတ်စွာဘုရားရှင်သည် သူ့အားမကိုကွယ်ခိုင်း သူဟောခဲ့သောတရားများကိုသာကိုးကွယ်ယုံကြည် လိုက်နာခိုင်းခဲ့သည်မဟုတ်လော။၅ပါးသီလစောင့်စည်းခြင်း အလှူဒါနပြုလုပ်ခြင်းများဖြင့် ဒါနနှင့်သီလကိုစောင့်ခိုင်းသည်။ ဗုဒ္ဓ၏ရည်ရွယ်ချက်ဖြစ်သော နိဗ္ဗာန်သို့သွားရာလမ်းကြောင်းတွင် ဤဒါနနှင့်သီလသည်အထောက်အကူပြုသောကြောင့်ဖြစ်သည်။ သို့သော် ဒါနနှင့်သီလစောင့်နိုင်သော်လည်း ကျွမ်မတို့လူသားပုထုစဉ်များသည် ဒုက္ခကိုမသိ၍ နိဗ္ဗာန်ကိုယခုပို့ပေးမည် သွားမည်လောဆိုသော် နှောင်ကြိုးများမှာများလွန်းလှသည်။ဤအပုတ်ကောင်ရုပ်ဆောင်ထားသော ခန္ဓာကိုယ်အားလည်းတွယ်တာချစ်မြန်နိုးလွန်းအားကြီးသည်။မဟာဗောဓိမြိုင်ဆရာတော်၏တရားတွင် နာကြားရသည်မှာ လူသားတို့သည် ဒုက္ခကိုမမြင်ကြ။ဒုက္ခကို အရိယာပုဒ်ကဖုံးထားသည်ဟုဟောကြားထားသည်။ဒုက္ခကိုမသိသော် ဒုက္ခ၏လွတ်ကြောင်းဖြစ်သောနိဗ္ဗာန်ကိုလည်းသွားနိုင်သည်မှာမရေရာပါ။ သို့သော်ဆရာတော်သည် “သတိ” တခုသာမြဲအောင်ဆောင်ခိုင်းသည် စိတ်သည် သတိကိုကြောက်သောကြောင့်ဖြစ်သည်။
img_6136.png
ကျွန်မလေ့လာမိသလောက် ဗုဒ္ဓဘာသာ၏ရည်ရွယ်ချက်မာ ဒုက္ခကင်းသော နိဗ္ဗာန်သို့သွားခြင်းပင်ဖြစ်သည်။ဗုဒ္ဓဘာသာဝင်တို့သည် သူတပါးအား ကဲ့ရဲ့ခြင်းရှုံ့ချခြင်းအလျင်းမရှိသော်လည်း အမည်ခံဗုဒ္ဓဘာသာများသာများ၍ ရည်ရွယ်ချက်ပျောက်ဆုံးနေကြသူများသာ များသည်သာဖြစ်သည်။ဗုဒ္ဓဘာသာတွင်ကြီးလေးသောအပစ်ဖြစ်သည့်သူတစ်ပါးအသက်သတ်ဖြတ်ခြင်းအားလည်း တွေဝေခြင်းမရှိ အကြင်နာကင်းမဲ့စွာ လုပ်ဆောင်နေကြတော့သည်။ကျွန်မသည်လဲ အမည်ခံဗုဒ္ဓဘာသာမဖြစ်အောင်ကြိုးစားရပါဦးမည်။သတိ တလုံးဆောင်၍ တစ်ရက်တာအတွက် ဉစ္စာမရ ပညာမရသော်လည်း တရားဘာဝနာတော့အားထုတ်ပါဦးမည်။ပထမအရွယ်မှာပညာရှာ ဒုတိယအရွယ်မာ ဉစ္စာရှာ တတိယအရွယ်မှာတရားရှာဟူ၍လောကရေးရာအဆင်ပြေအောင် ရှေးကလမ်းပြခဲ့ကြသော်လည်း ပထမအရွယ်မာပင် အသက်ဆုံးရှုံးသွားရသူများကို နေ့စဉ်မြင်တွေ့လာရသည်နှင့် ယခုပထမအရွယ်ကပင်် တရားရှားနိုင်သလောက်ရှာရပါတော့မည်။ ဤဆွေးနွေးစာကြောင့်တစ်စုံတစ်ယောက် တခုခုကိုသိမြင်သတိရ၍ လုပ်ဆောင်မည်ဆိုလျင့်တော့ ရေးရကြိုးနပ်မိပါသည်။ ဗုဒ္ဓဘာသာဝင်
img_8041.heic

မဟုတ် အခြားသောဘာသာဝင်များသည်လဲ မိမိတို့ဘာသာ၏ရည်ရွယ်ချက်ကိုသတိရအောက်မေ့လျက်လုပ်ဆောင်ဖို့တိုက်တွန်းလိုက်ပါရစေ။

ကိုးကွယ် ယုံကြည်မှု | Ecency