From Book to Imagination

Words
48
Reading
1 min
Listen
Play
5y

img_7069.jpg
ဒီလိုသမိုင်းစာအုပ်ကောင်းကောင်းလေးများဖတ်လိုက်ရရင်ဖြင့် သူများနိုင်ငံတေလို သမိုင်းရုပ်ရှင်ကောင်းလေးပြန်ရိုက်စေချင်တဲ့စိတ်ကတဖွားဖွားပဲ။ခက်တာက သိကြတဲ့အတိုင်းမြန်မာ့ရုပ်ရှင်က အကုန်အကျလဲမခံနိုင် ဘယ်လိုဘယ်ပုံရိုက်ရမယ်ကလဲမသိ ခေတ်မှီနည်းပညာတေလဲမသိနဲ့ မျော်လင့်ချက်တေပျောက်ရပါတယ်။မြန်မာ့သမိုင်းတေကဖြင့် တကယ့်ပြိုင်စံရှားသမိုင်း အံ့ဩမင်သက်ဂုဏ်ယူဖွယ်သမိုင်း ပါပဲ။ဒီစာအုပ်ထဲမာဆိုရင် သမိုင်းကိုအခြေခံပီး စာရေးဆရာ သော်တာဆွေ ရဲ့အရေးအသားအတွေးများကကွန့်မြူးနေတယ်။ကျန်စစ်သား၊ညောင်ဦးဖီး၊ငလုံးလက်ဖက်နှင့် ငထွေးရူးတို့သည် ငယ်စဉ်ကကြားခဲ့ထင်ခဲ့မြင်ခဲ့သလို fantastic 4ကဲ့သို့မဟုတ်။

img_7071.jpg
Photo from google
သူတို့သည်လဲလူထဲကလူများသာ။သို့သော် ကျန်စစ်သား၏လက်ရုံးရည်နှလုံးရည်ပြည့်စုံမှု၊ညောင်ဦးဖီး မြစ်တဖက်ကမ်းရောက်ကိုရောက်ရမည်ဟူသောဇွဲသတ္တိ၊ငလုံးလက်ဖယ်၏မိုးခေါင်မည့်အရေးကြိုတွေး၍ဆည်ဖောက်ကာစိုက်ပျိုးရေးကိုနည်းစနစ်ကျစွာ လုပ်ဆောင်နိုင်စွမ်းနှင့် ငထွေးရူး၏ အများထက်သာသော ထန်းတက်တော်သော မြန်သော ထန်းတက်သမား တို့၏စွမ်းရည်များသည် အခြားလူများထက်အရည်အချင်းသာနေသောကြောင့်သာဖြစ်သည်။မလျော့သောဇွဲ ခေါင်းဆောင်နိုင်စွမ်း ကွက်ကျော်မြင်တတ်သည့်အတွေးနှင့် မိမိ၏အလုပ်အပေါ်ပျော်ရွှင်မှု ကျွမ်းကျင်မှုများသည် ပုဂံခေတ်၏လမ်းပြကောင်းသူရဲကောင်းများဖြစ်ခဲ့သည်။ယနေ့ခေတ်အခါတွင်လဲ ထိုကဲ့သို့ လူတော်လူကောင်းများရှိသော်လဲ မြောက်စားပေးမည့် အနော်ရထာကဲ့သို့သော ခေါင်းဆောင်ရှားနေသေးသည်။ရုပ်ရှင်မှအစပြု၍ရောက်သွားသောသမိုင်းကြောင်း။မည်သို့ပင်ဖြစ်စေကာမှု မြန်မာ့သမိုင်းကို ရုပ်ရှင်ကောင်း”တပုဒ်အဖြစ်ပြန်လည်ဖန်တီးမှူအား မြင်ချင်သောဆန္ဒနှင့်အတူ မြန်မာ့ရုပ်ရှင်၏တိုးတက်နှုန်းကို အားမလိုအားမရဖြစ်ခြင်းများ။စာဖတ်ရင်းဖြစ်ပေါ်လာသောအတွေးစုတစု။

From Book to Imagination | Ecency