မာနဂဲ​လေးရဲ့အချစ်​​တော်

Words
56
Reading
1 min
Listen
Play
9y

image

မာနဂဲ​လေး​ရဲ့အချစ်​​တော်

တစ်​ရွာသူမာနဂဲကိုမှကွယ်​ အသည်းကစွဲမိပြန်​တယ်

၊​ဝေး​ဝေးကတစ်​ရွာသားမို့. ၊​ပေါင်းဖတ်​ရန်

ခက်​​နေပါလားကွယ်​ အလွဲမာနနှင့်

ချစ်​​မေတ္တာကိုမှ လက်​ငင်းခံစားစံစားဖို့ဆိုတာ

ဘယ်​ဖြစ်​နိုင်​ပါ့မလဲ​လေ မာနဂဲ​လေး ပုလဲသခင်​​လေးမို့

တစ်​​နေ့​တော့ ချစ်​ခြင်းဆိုတာကို သိလာလိမ့်​မယ်

ထင်​ပါတယ်​​လေသို့​သော်​လဲ ကိုယ်​လိပ်​ပြာ

ဆည်းဆာ​လေးနှင့်​ မတန်​ရာကို လှမ်းမိမှ​တော့

ချစ်​မိပြီဆိုမှာ​တော့ မပြန်​နိုင်​တဲ့ တို့ကို

မုန်း​နေရင်​​တော့ ပြုံး​မော့လို့ ချစ်​​နေပါ့မယ်​ကွယ်

တစ်​ရွာသားနှင့်​ မာနဂဲမို့ မဖြစ်​နိုင်​ဘူးတဲ့လာကွယ်

ပင်​တိုင်​စံမို့  ၊​မော့ကာရွယ်​စူးမိတဲ့ တို့ကို

ချစ်​​မေတ္တာသဘာဝပဲမို့. ဂုဏ်​ဓန​တွေနဲ့

တားထားလိမ့်​မယ်​လို့. မထင်​ထားမိတာ​တော့

အမှန်​ပါပဲ​လေ မာနဂဲ နှင့်​ချ​စ်​ခြင်း​မေတ္တာ

ပုလဲသွယ်​ချင်​သူကိုမှ မတန်​ရာတန်​ရာဆိုတဲ့

စကား​တွေနဲ့ ၊​ရွှေ​ငွေ​တွေကိုမှ မာနဂဲ​လေးက

ပိုပြီးတန်းဖိုးထားခဲ့​လေမှ​တော့ အခါခါလွဲဖို့

မ​မျော်​လင့်​ပါ​တော့ဘူ​လေ မာနဂဲ​လေး​ရေ

ချစ်​ခြင်းရဲ့ အဆုံးမှာ ဘာ​တွေဖြစ်​မလာမလဲဆိုတာ

တစ်​​နေ့​တော့ မာနဂဲ​လေးသိလာမှာပါကွယ်​...။
arkarsoe@arkarsoe
Photo.google

မာနဂဲ​လေးရဲ့အချစ်​​တော်​ | Ecency