အေးချမ်းသာယာစေသော

ansoe(67)
Published in
#esteem
Words
105
Reading
1 min
Listen
Play
7y

လူလောက အဲ လူ့လောကတင်ဟုတ်ပါဘူးလေ။ သတ္တလောကကြီးတစ်ခုလုံးလို့ ပြောရမယ်ထင်တယ်။ ကိုယ်အဆင်ပြေဖို့ပဲ ကြည့်ကြတာများသဗျ။ သူတစ်ပါး အဆင်ပြေလား အဆင်မပြေဖြစ်နေသလား ဆိုတာကိုတော့ ထည့်မ‌တွက် ထည့်မစဉ်းစားကြတဲ့ သူတွေက များပါတယ်။ ကိုယ့်အခက်အခဲ ကိုယ့်ဒုက္ခကိုပဲ ပြောပြညည်းညူတတ်ကြပြီး ကိုယ့်စကားကို နားထောင်နေတဲ့သူမှာ အဆင်ပြေလား ဘာအဆင်မပြေတာ ရှိနေမလဲဆိုတာကို စဉ်းစားမိတဲ့သူ စဉ်းစားပေးတဲ့သူက လောကကြီးမှာ အတော်ရှားလိမ့်မယ်။

_____''

ec8cyi.png


လူ့အသိုင်းအဝိုင်းမှာ အသေးငယ်ဆုံးလို့ဆိုရမယ့် မိသားစု အသိုက်အဝန်းလေးမှာတောင် ကိုယ့်အတွက်ပဲ စဉ်းစားပြီး အခြားသူတွေအတွက် ထည့်မစဉ်းစားမိတာတွေတောင် ရှိတတ်ပါတယ်။ မိသားစု အသိုက်အဝန်းဆိုတာက လူ့လောကမှာ အနွေးထွေးဆုံး အသိုက်အဝန်းလေး‌တစ်ခုပဲမဟုတ်လား။ ဒီလို အနွေးထွေးဆုံး အသိုက်အဝန်းလေးမှာတောင် ကိုယ်တစ်ယောက်အဆင်ပြေမှုကိုပဲ အမြဲစဉ်းစားတတ်တယ်ဆို ကျန်တဲ့ လူမှု ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ သူတစ်ပါးအတွက် စဉ်းစားပေးတာ်ဆိုတာ ရယ်စရာကောင်းမနေဘူးလား။


7oaqup.jpg


အနွေးထွေးဆုံး မိသားစု အသိုက်အဝန်းလေးမှာတောင်မှ ငါဒါကိုလုပ်လို့ ငါဒါကိုသုံးလို့ ငါဒီလိုပြောလိုက်လို့ ငါ့အဖေ ငါ့အမေ ငါ့ဇနီး ငါ့သား ငါ့သမီးတွေ အဆင်ပြေပါ့မလား ဆိုတဲ့အတွေးကို မိသားစုဝင်အားလုံးက တစ်ဦးအပေါ်တစ်ဦး ပြည့်ပြည့်ဝဝ အပြန်အလှန် စဉ်းစားလုပ်ကိုက်ကြတဲ့ မိသားစု ဘယ်နှစ်စုလောက်ရှိနိုင်မလဲ။ သိပ်အများကြီးတော့ ရှိလိမ့်မယ်မထင်ပါဘူး။ ရှိခဲ့ရင်လည်း အဲဒီ မိသားစု အသိုက်အဝန်းလေးက အင်မတန် စိတ်ချမ်းသာမှုတွေရှိကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ လူတိုင်း လူတိုင်းက မိသားစု အသိုက်အဝန်းလေမှတစ်ဆင့် အခြား အခြားသော လူမှုဆက်ဆံရေး အသိုင်းအဝိုင်းများအထိ တိုးတက်စဉ်းစားနိုင်ကြမယ်ဆိုရင် လူမှုအသိုင်းအဝိုင်းကြီးတစ်ခုလုံးလည်း အေးချမ်းသာယာပျော်ရွှင်မှုတွေ ရရှိလာမယ်လို့လည်း ယုံကြည်ပါတယ်လို့ ရေးရင်းရပ်နားလိုက်ပါတယ်။

အေးချမ်းသာယာပျော်ရွှင်စရာကောင်းသော လူမှုအသိုက်အဝန်းကို ပိုက်ဆိုင်နိုင်ကြပါစေ။


ansoe@ansoe MSC 012

zu9ngw.png

အေးချမ်းသာယာစေသော | Ecency