ခြေလှမ်းအသစ်စတင် ခြင်း
ကျွန်တော်နာမည်မှာမောင်ဘိုဘိုမင်းသန့် ဖြစ်ပါသည်၊
ကျွန်တော်၏အသက်မှာ(၁၇)နှစ်သာရှိသေးသည်၊ကျွန် တော်သည်ယခုနှစ်တက်ကသိုလ်ဝင်းတန်းစာမေးပွဲကိုဖြေဆိုထားသော
ကျောင်းသားတစ်ယောက်ဘဲဖြစ်ပါသည်။
ကျွန်တော်၀ါသနာကတော့ စာဖတ်ရတာပါ၊အားနေတဲ့အချိန် လေးတွေကိုစာဖတ်ခြင်းဖြင့်ကုန်ဆုံးရတာကိုပင် ကျေနပ်လှပါသည်။
ရည်းမှန်းချက်ကတော့ စာရေးဆရာကောင်းတစ်ယောက် ဖြစ်အောင်၊
နောက်လာမည့်ကလေးငယ်လေးတွေပါ စာဖတ်ခြင်းကို၀ါသနာပါအောင်၊
စာဖတ်ခြင်း ခြင်းဖြင့်မျိုးချစ်စိတ်များဖြစ်ပေါ်လာစေခြင်းကြောင့်ဖြစ်ပေ သည်
စာမေးပွဲဖြေအ ပြီး ညံ့နေသောကံများပျောက်ကင်းအောင် မိမိမွေးရပ်ရှိ၊ပြင်ဦးလွင်မြို့၊အနီးစခန်း၌ရှိ သော
ရွှေကျောင်းတိုက်တွင်သင်ကန်းစီးထားခြင်းသာဖြစ်ပေသည်
ဤသင်ကန်းစီးရာကိုကျေးဇူးတင်ရမလိုလည်းကောင်း၊ယခုဖြစ်ပွားနေ သော
(Covid-19)ကိုကျေးဇူးတင်ရမလိုလည်းကောင်း စိတ်ထဲတွင်ခနခန ဖြစ်ပွားနေမိသည်။ ကျေးဇူးတင်ရသည့်အကြောင်းမှာ
အခုလုပ် ဆောင်နေသော အကြောင်းအရာများကိုစတင်သိရ ခြင်း ကြောင့် သာဖြစ်သည်။ကျွန်တော်ဤလုပ်ဆောင်ချက်ကိုလုပ်ဆောင် ခြင်းအောင်စွဲဆောင်သူမှာ
ကျွန်တော်ကျောင်းတွင် အတူတူသင်ကန်းဝတ် နေသော ကိုရင်ကြီး
ကိုကျော်မင်းလှိုင်(သို့) ကိုကိုမိုးဟိန်း(myanmar koko)
ကိုလဲကျေးဇူးတင်ပါတယ်
နားပူအောင်လုပ်မိတဲ့အတွက်လဲတောင်းပန်ပါတယ်နော်
အခုလိုနားလည်အောင်စနစ်တကျသင် ကြားပေးသည့်အတွက်လဲ
ကျေးဇူးတင်ပါတယ် ဗျ
အခုမှစတင်ရေးသားသည့်အတွက်အမှားများရှိလျှင်ခွင့်လွှတ် ပေးပါရန်တောင်းဆိုရင်း မိတ်ဆက်စာဖွဲ့ကလေးကိုရေးသားလိုက်ပါတော့သည်။
ဒါကတော့ ကျွန်တော့ရဲ့ Facebook အကောင့်ဖြစ်ပါတယ်👇
https://www.facebook.com/profile.php?id=100024481027672
BoBo
@alinyaung✍️