ဘီယာဆိုင် တစ်ခုတွင် လူငယ်လေးတစ်ယောက်သည် သူ၏ဘီယာခွက်ကို တွင်တွင်ကြီး စိုက်ကြည့်နေသည်။ ထိုသို့ကြည့်နေသည်မှာ နာရီဝက်လောက်ကြာသွားပြီဖြစ်သည်။ ထိုဒီအချိန်မှာ လူတစ်ယောက် လူငယ်လေးဘေးနားဝင်ထိုင်ပြီး အဆိုပါလူငယ်လေးစိုက်ကြည့်နေသော ဘီယာခွက်ကို ကောက်ကာ သောက်ချလိုက်ပါ တော့သည်။
လူငယ်လေးက ထိုလူကိုကြည့်ပြီးတော့ ရှိုက်ကြီးတငင်ငိုပါလေတော့သည်။ “အယ်…မငိုပါနဲ့ကွာ၊ ငါကမင်းကိုစတာပါဟ၊ ရော့ ရော့..အဲ့ဒီမှာ အသစ်တစ်ခွက်၊ ယောင်္ကျားကြီး တန်မယ့် ငိုစရာလားကွ” ဟုပြောရင်း စားပွဲထိုးလာပေးသော ဘီယာခွက်ကို သူငယ်လေးအား လှမ်းပေးလိုက်လေသည်။
“အဲ့ဒါကြောင့် ငိုတာမဟုတ်ဘူးဗျာ၊ ဒီနေ့က ကျုပ်ဘ၀အတွက် အဆိုးဆုံးနေ့ဘဲဗျ။ ဒီမနက် အိပ်ယာထနောက်ကျလို့ ရုံးသွားတာနောက်ကျ။ တစ်ခါလေးနောက်ကျတာကို သူဋ္ဌေးနဲ့တိုးပြီးတော့ ကျုပ်ကို အလုပ်ဖြုတ်ပစ်လိုက်တယ်ဗျာ။ အဲဒါ စိတ်ညစ်ညစ်နဲ့ရုံးကထွက်လာတော့ ကျွန်တော့်ကားက မရှိတော့ဘူး။ အခိုးခံလိုက်ရတယ်ဗျာ၊ ရဲကိုတိုင်တော့လဲ ဘာမှလုပ်မပေးနိုင်ဘူး ပြောလွှတ်လိုက်တယ်။ ဒါနဲ့ တက္ကစီစီးပြီး အိမ်ပြန်လာရော။ အိမ်ရောက်မှ ကြည့်လိုက်တော့ ပိုက်ဆံအိတ်နဲ့ ခရက်ဒစ်ကဒ်တွေ တက္ကစီထဲမှာ မေ့ကျန်ခဲ့တယ်လေ။ တက္ကစီကို ပြန်ကြည့်လိုက်တော့ ကားဆရာက မောင်းပြေးသွားပြီဗျာ” ရှိုက်ကြီးတငင်ငို၍ ပြောနေလေသည်။
“သြော်.. ဖြစ်မှ ဖြစ်ရလေကွယ်….”
“ဒါတင်ပြီးပြီလားဆိုတော့ မပြီးသေးဘူးဗျ။ အိမ်ပြန်ရောက်တော့ မိန်းမက အိပ်ရာပေါ်မှာ လင်ငယ်နဲ့နှပ်နေတယ်။ ကျွန်တော်လဲ စိတ်ဓာတ်အကျကြီးကျပြီးတော့ ဒီကိုလာ ကိုယ့်ကိုယ်ကို သတ်သေမလို့ ဘီယာခွက်ထဲကို အဆိပ်ထည့်ပြီးကြည့်နေတုန်း အခု ဘီယာခွက်ကို ခင်ဗျားက ယူသောက်ပစ်လိုက်တယ်…ဟီးးး"
"Lol!! သေပြီဆရာ"
photo= google images