တစ်ဇွတ်ထိုးလုပ်တတ်သော လောဘသား ကျီးမိုက်
"The greedy fool crow which is headstrong"
Once on a time when Brahmadatta was reigning in Benares, the Bodhisatta was born a pigeon. Now the Benares folk of those days, as an act of goodness, used to hang up straw-baskets in divers places for the shelter and comfort of the birds; and the cook of the Lord High Treasurer of Benares hung up one of these baskets in his kitchen. In this basket the Bodhisatta took up his abode, sallying out at daybreak in quest of food, and returning home in the evening; and so he lived his life.
ရှေးအခါက ဗာရာဏသီပြည်တွင် ဗြဟ္မဒတ်မင်းကြီးစိုးစံစဉ် ဘုရားလောင်းသည် ခိုဘဝသို့ ရောက်ရှိနေခဲ့၏။ ထိုအချိန်က ဗာရာဏီသီမြို့သူမြို့သားများသည် ကုသိုလ်ကောင်းမှု ပြုလုပ်သည့်အနေဖြင့် ငှက်များ နားခိုရန်နှင့် ချမ်းချမ်းသာသာနေနိုင်ရန် တောင်းများကို နေရာအနှံအပြားတွင် ချိတ်ဆွဲပေးလေ့ရှိသည်။ ဗာရာဏသီသူဌေး၏ စားတော်ချက်သည်လည်း မီးဖိုချောင်တွင် တောင်းတစ်လုံး ချိတ်ဆွဲထားသည်။ ဘုရားလောင်းခိုသည် ထိုခြင်းတောင်းထဲတွင် အသိုက်ဆွဲထား၏။ နံနက်မိုးသောက်ချိန်တွင် အပြင်သို့ အစာရှာထွက်ကာ ညနေချိန်မှ ပြန်လာပြီး ဘဝကို ရပ်တည်နေသည်။
But one day a crow, flying over the kitchen, snuffed up the goodly savour from the salt and fresh meat and fish there, and was filled with longing to taste it. Casting about how to have his will, he perched hard by, and at evening saw the Bodhisatta come home and go into the kitchen.
"Ah " thought he, " I can manage it through the pigeon."!
So back he came next day at dawn, and, when the Bodhisatta sallied out in quest of food, kept following him about from place to place like his shadow. So the Bodhisatta said, "Why do you keep with me, friend?"
တစ်နေ့သ၌ မီးဖိုချောင်ပေါ်မှ ပျံသန်းသွားသော ကျီးကန်းတစ်ကောင်းသည် မီးဖိုထဲမှ ဆားနယ်ထားသော စားချင်စဖွယ် လတ်လတ်ဆတ်ဆတ် အသား၊ ငါး အနံ့ကို ရှုရှိုက်မိပြီး စားလိုသော အာသာန္ဒ ဖြစ်သွားခဲ့သည်။ အဘယ်နည်ဖြင့် စားရမလဲဆိုတာကို အပြေးအလွှား စဉ်းစားလိုက်ပြီး အနီးနားတွင် ဆင်းသက်နားနေ၏။ ညနေပိုင်းတွင် ဘုရားလောင်းခို အိမ်ပြန်လာပြီး မီးဖိုအတွင်းဝင်သွားသည်ကို မြင်တွေ့သွားသည်။
"အဲ ဟုတ်ပီ ဒီကိစ္စကို ခိုကနေတစ်ဆင့် ကိုင်တွယ်လို့ရတယ်" ဟု စဉ်းစားမိသွား၏။
နောက်နေ့ အရုဏ်တက်ချိန်တွင် တစ်ခေါက်ပြန်လာ၏။ ဘုရားလောင်း အစာရှာထွက်သောအခါ ဟိုဟိုသည်သည် တစ်နေရာမှ တစ်နေရာသို့ အရိပ်ပမာ လိုက်နေခဲ့၏။ ထိုအခါ ဘုရားလောင်းက "မိတ်ဆွေ ဘာကြောင့် ကျွန်ုပ်နဲ့အတူ လိုက်နေတာလဲ" ဟု မေးမြန်းလိုက်သည်။
"My lord," answered the crow, "your demeanour has won my admiration; and henceforth it is my wish to follow you."
"But your kind of food and mine, friend, is not the same," said the Bodhisatta; "you will be hard to eat if you attach yourself to me."
" My lord," said the crow, " when you are seeking your food, I will feed too, by your side." "So be it, then," said the Bodhisatta; "only you must be earnest." And with this admonition to the crow, the Bodhisatta ranged about pecking up grass-seeds; he himself had got his fill turning over field and picking out the insects
အဆွေကောင်း သင့် ကိုယ်နှုတ်အမူအရာကို ကျွန်ုပ်လေးစားတယ်။ ယခုမှစ၍ သင့်နောက်ကို လိုက်ပါ လိုပါတယ်" ဟု ကျီးက ပြောဆို၏။
"သင်စားတဲ့ အစားအစာနဲ့ ကျွန်ုပ်စားတဲ့ အစားအစား မတူဘူး မိတ်ဆွေ"။ ကျွန်ုပ်နဲ့ ပတ်သက်မိလျှင် သင် စားသောက်ရန် အခက်အခဲဖြစ်လိမ့်မယ်" ဟု ဘုရားလောင်းက ပြန်ပြော၏။
"အဆွေကောင်း သင် အစာရှာထွက်တဲ့အခါ သင့်ဘေးကလိုက်ပြီး ကျွန်ုပ်လည်း စားသောက်ပါမယ်" ဟု ကျီးကဆို၏။
"ထားပါတော့၊ သင် စိတ်အားထက်သန်မှုတော့ ရှိရမယ်" ဟု ဘုရားလောင်းက ကျီးကို ပြောဆို၏။ သတိပေးစကားဆိုပြီးနောက် ပြောင်းစေ့များကို နှုတ်သီးဖြင့်ထိုးကလော်ပြီး အနီးနားတွင် စီစဉ်ပေးသည်။ သူကမူ စားကျက်ကွင်းသို့ လှည့်လည်ပြီး ပိုးမွှားများကို ကောက်ယူကာ တစ်ဝစားသုံးလေသည်။
And when the Bodhisatta had fed and reached home again at evening, in flew the crow with him into the kitchen. "Why, our bird has brought another home with him;" exclaimed the cook, and hung up a second basket for the crow. And from that time onward the two birds dwelt together in the kitchen.
ညနေပိုင်း စားသောက်ပြီး၍ ဘုရားလောင်း အိမ်ပြန်သောအခါ ကျီးသည် စားဖိုဆောင်သို့ အတူလိုက်ဝင်ခဲ့သည်။ စားတော်ချက်က "ဘာကြောင့် အခြားငှက်ကို အိမ်ခေါ်လာတာလဲ" ဟု အံ့အားသင့်စွာ ပြောဆိုပြီး ကျီးအတွက် ဒုတိယတောင်းတစ်လုံး ထပ်မံချိတ်ဆွဲပေးသည်။ ထိုအချိန်မှစ၍ ငှက်နှစ်ကောင်သည် စားဖိုဆောင်တွင် အတူနေထိုင်ကြတော့၏။
Now one day the Lord High Treasurer had in a store of fish which the cook hung up about the kitchen. Filled with greedy longing at the sight, the crow made up his mind to stay at home next day and treat himself to this excellent fare.
So all the night long he lay groaning away ; and next day, when the Bodhisatta was starting in search of food, and cried, " Come along, friend crow," the crow replied, "Go without me, my lord; for I have a pain in my stomach."
တစ်နေ့တွင် စားတော်ချက်မှ မီးဖိုးဆောင်အနီးတွင် အခြောက်လှန်းထားသော ငါးကို သူဌေးကြီးက သိမ်းဆည်းသွား၏။ ထိုအချင်းအရာကို မြင်တွေ့ပြီး လောဘတကြီး မက်မောနေသော ကျီးသည် နောက်ရက်တွင် အိမ်၌ နေရစ်ပြီး ကောင်းမွန်သော အစားအစာများ စားသုံးရန် စိတ်ပိုင်းဖြတ်လိုက်သည်။ ထို့ကြောင့် တစ်ညလုံးမအိပ်ဘဲ တအအ မည်နေ၏။ နောက်ရက်တွင် ဘုရားလောင်းက အစာရှာထွက်ရန် အစပျိုးပြီးချိန်တွင် "အဆွေ ကျီး၊ သွားကြမယ်" ဟု ခေါ်လိုက်ရာ "အဆွေကောင်း ကျွန်ုပ် ဗိုက်နာနေတဲ့အတွက် ကိုယ့်ဘာသာကို သွားလိုက်ပါ" ဟု ကျီးက ပြန်ပြောလိုက်သည်။
"Friend,"answered the Bodhisatta, "I never heard of crows having pains in their stomachs before. True, crows feel faint in each of the three night-watches; you must be hankering after the fish in the kitchen here. Come now, man's food will not agree with you. Do not give way like this, but come and seek your food with me."
"Indeed, I am not able, my lord," said the crow.
"Well, your own conduct will shew," said the Bodhisatta. " Only fall not a prey to greed, but stand steadfast." And with this exhortation, away he flew to find his daily food.
"အဆွေ ကျီးတွေမှာ ဗိုက်နာတယ်ဆိုတာ ကျွန်ုပ်မကြားဖူးပါ။ ဒီမီးဖိုဆောင်ထဲက ငါးတွေကို သင် တောင့်တနေတာ ဖြစ်ရမယ်။ လာပါ၊ လူတွေစားတဲ့ အစားအစာဟာ သင်နဲ့ မတည့်ပါဘူး။ အဲလို စိတ်မတင်းထားနိုင်တာမျိုး မလုပ်ပါနဲ့။ ကျွန်ုပ်နဲ့ အတူလိုက်ပြီး အစာရှာပါ။
"ကျွန်ုပ် တကယ်ကို မလိုက်နိုင်လို့ပါ အဆွေကောင်းရယ်" ဟု ကျီးက ဆို၏။
"ကောင်းပြီ၊ အကျင့်သိက္ခာကို ပြလိုက်ပါ။ လောဘရဲ့ သားကောင်တော့ အဖြစ်မခံပါနဲ့။ စိတ်ဓာတ်ခိုင်မာအောင် ကြံ့ကြံခံပါ" ဟု သတိပေးစကားများပြောဆိုပြီး အစာရှာရန် ထွက်သွားခဲ့သည်။
After a moment Boddhisattha went, the cook took several kinds of fish, sit and eat it in his basket. So out he flew and alighted on the colander. " Click " went the colander.
" What can that be? " said the cook, running in on hearing the noise. Seeing the crow, he cried, " Oh, there's that rascal crow eating my master's dinner. I have to work for my master, not for that rascal!" So, first shutting the door, he caught the crow and plucked every feather off" his body. Then, he pounded up ginger with salt and chillies and mixed in sour buttermilk finally sousing the crow in the pickle and flinging him back into his basket. And there the crow lay groaning, overcome by the agony of his pain.
ဘုရားလောင်းခို ထွက်သွား၍ မကြာမီ ကျီးသည် ငါးအချို့ကို ယူပြီး တောင်းထဲဝင်ကာ စားသောက်တော့သည်။ ထို့နောက် ဆန်ခါပေါ်သို့ သွားရောက်နားရာ ဆန်ခါမှ တချက်ချက် အသံမည်သွား၏။ စားတော်ချက်သည် အသံကြားသောအခါ "ဘာဖြစ်တာလဲမသိ" ဟုဆိုပြီး ပြေးထွက်လာသည်။ ကျီးကို မြင်သောအခါ "အို ဒီကျီးရှုပ်လေးက ငါ့သခင်ရဲ့ ညစာကို စားနေတာပဲ။ ငါက ငါ့သခင်အတွက် စီစဉ်ထားတာ။ ငရှုပ်အတွက်မဟုတ်ဘူး။ ထိုသို့ပြောဆိုကာ ရှေးဦးစွာ တံခါးပိတ်ပြီး ကျီးကို ဖမ်းဆီးကာ ခန္ဓာကိုယ်မှ အမွှေးအားလုံးကို နှုတ်ပစ်လိုက်သည်။ ထို့နောက် ဂျင်းကို စား၊ ငရုတ်သီးနှင့် ထောင်ပြီး နို့ချဉ်ထဲ ထည့်မွှေလိုက်၏။ ပြီးသည်နှင့် ကျီးကို ထိုစားစိမ်ရည်နှင့် စိုရွှဲအောင်ပက်ဖြန်းကာ တောင်းထဲ့သို့ ပစ်ထည့်လိုက်၏။ ကျီးသည် တောင်းထဲတွင် လှဲချကာ မချိမဆံ့ဝေဒနာ ခံစားရပြီး ညည်းညူနေရတော့သည်။
At evening the Bodhisatta came back, and saw the wretched plight of the crow. "Ah! greedy crow," he exclaimed, "you would not heed my words, and now your own greed has worked you woe." So saying, he repeated this stanza : —
ညနေပိုင်းတွင် ဘုရားလောင်း ပြန်ရောက်လာသည်။ ကျီး၏ စိတ်ဆင်းရဲစရာ အတိဒုက္ခကို မြင်တွေ့ပြီး "ဟော လောဘသား ကျီးငနဲ၊ သင် ကျွန်ုပ်စကားကို အလေးဂရုမပြုဘူး။ အခုတော့ သင့် လောဘက သင့်ကို ဒုက္ခလှလှပေးပြီ" ဟု အံ့အားသင့်စွာ ပြောဆိုးပြီး ဤစာပိုဒ်ကို ရွတ်ဆိုလေသည်။
The headstrong man who, when exhorted, pays
No heed to friends who kindly counsel give.
Shall surely perish, like the greedy fool crow,
Who laughed to scorn the pigeon's warning words.
မိတ်ဆွေများက ကြင်ကြင်နာနာနှင့် အကြံဉာဏ်ပေးပြီး
အလေးအနက် တိုက်တွန်းသောအခါ အလေးဂရုမပြုဘဲ
တစ်ဇွတ်ထိုးလုပ်တတ်သူသည် ခို၏ သတိပေးစကားကို
အရေးမစိုက်ဘဲ ပျက်ရယ်ပြုသော လောဘသား
ကျီးမိုက်ကဲ့သို့ ဧကန်မုချ သေကျေပျက်စီးရ၏။
Then, exclaiming "I too can no longer dwell here," the Bodhisatta flew away. But the crow died there and then, and the cook flung him, basket and all, on the dust-heap.
ထို့နောက် ဘုရားလောင်သည် "ငါလည်း ဤနေရာမှာ ဆက်မနေလိုတော့" ဟု ပြောဆိုကာ အဝေးသို့ ထွက်သွား၏။ ကျီးသည် ထိုနေရာမှာပင် သေဆုံးသွားပြီး စားဖိုးချက်က ယင်းနှင့် တောင်းအားလုံးကို အမှိုက်ပုံပေါ် ပစ်လိုက်တော့သည်။