မျက်​မှန်​တစ်​လက်​​တော့လိုမယ်

Words
17
Reading
1 min
Listen
Play
9y

image
အတိတ်ကိုအပြီးပိတ်ဖို့

ပြင်လိုက်တော့ ပစ္စုပ္ပန်​ဆိုတာကြီးက

အလယ်မှာကန့်လန့်ခံပေရပ်နေတယ်ဒါနဲ့ရှေ့ကို

တိုးကြည့်တယ်မတွေ့မိဘူး​နောက်ကိုတစ်လှမ်း

ဆုတ်ကြည့်တယ်မမြင်မိဘူး​ဘေးဘီဝဲယာမှာ

တော့တဝီဝီနဲ့ယင်ကောင်တစ်သိုက်အလေလိုက်

နေသံတော့ကြားရဲ့သေချာတယ်မင်းဆိုတာ

အနီးမှုန်အဝေးကန်းရှက်ရမ်းရမ်းနေတဲ့သူ

တစ်ယောက်ပေါ့။ တကယ်ဆိုမှုန်ဝါးဝါး

အနာဂတ်အတွက်ပါဝါထူထူမျက်မှန်

တစ်လက်တော့မင်းဝယ်တပ်ထားသင့်တယ်

သူငယ်ချင်း....

Myanmar_burma_flag_waving_animation.gif

ahtaroo@ahtaroo
MSC- 004

မျက်​မှန်​တစ်​လက်​​တော့လိုမယ်​ | Ecency