မိုးအုပ်ပြီး လွမ်းရတဲ့နေ့

Words
32
Reading
1 min
Listen
Play
4y

မဂ်လာပါ HIVE-MYANMAR အဖွဲ့သားတို့ရေ

ဒီ‌ရာသီဥတုလေးကဆိုရင် မိုးအုပ်အုပ်နဲ့ တစ်ယောက်ယောက်ကို လွမ်းရတဲ့ရာသီဥတုမျိုးဖြစ်နေတယ်။ မနက်ကတည်းက နေကိုမတွေ့ရသေးပါဘူး။ တိုက်လာတွေက ဆောင်းလေအေး‌တွေပါလာတယ်။ ဒီလိုအချိန်မျိုးမှာ ကော်ဖီတစ်ခွက်ဖျော်ပြီး ဆေးလိပ်လေးခဲရင် ခင်မောင်တိုးရဲ့ဝတ်မှုန် သီချင်းနဲ့ ဆိုရင် တော်တော်လိုက်ဖက်နေမှာ။ အဲ့လိုလေထိုင်ပြီး ဖီးဖို့ကလည်း ထိုင်မရ။ လက်လှုပ်မှ ပါးစပ် လှုပ်ရတဲ့ ဘဝဆိုတော့ လည်း။ ဒါပေမဲ့ အလုပ်လုပ်ရင်နဲ့လည်း မရှိတဲ့ ဘယ်ကောင်မလေးကို လွမ်းနေမှန်းမသိတော့ပါဗျာ။


aein.shwin.lann@aein.shwin.lann

မိုးအုပ်ပြီး လွမ်းရတဲ့နေ့ | Ecency