အရောင်းအဝယ်လုပ်ရတာ အရှုံးများနေတယ် ဒီလပိုင်းတွေမှာ ကံသိပ်မကောင်းပါဘူး ဝယ်လိုက်တိုင်း ရှုံးပြီး ရောင်းလိုက်တိုင်းလည်း ရှုံးနေရပါတယ ်အရှုံးအမြတ်ဆိုတာတော့ အရောင်းအဝယ်သမားတိုင်း ကြုံကိုကြုံရမယ့် ြဖစ်စဉ် ြဖစ်ပါတယ် မကြုံချင်လို့ကိုမရပါဘူး အမြဲတမ်းအမြတ်ဘဲ ရချင်နေလို့တော့မဖြစ်နိုင်ပါဘူး ရှုံးတစ်ခါ မြတ်တလှည့်ဆိုတာမျိုးပေါ့နော် ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်လေ ရောင်းတိုင်း ြမတ်လို့ ဝယ်တိုင်း ြမတ်ပါစေလို့ မညှာမတာ ဆုတောင်းမိမှာပါ
အခုလို ဈေးတွေ ထိုးကျနေချိန်မှာ အမြတ်ရတဲ့သူကတော့ အလွန်းနည်းပါတယ် လူတိုင်းနီးပါး ရှုံးနေတာပါ အားလုံးရဲ့ စိတ်ထဲမှာ ထင်နေတာကတော့ မကြာခင် ဈေးပြန်တက်မှာပါကွာလို့ ထင်တာပါ အဲ့တာကြောင့် အခုရောက်နေတဲ့ ဈေးတန်းမှာ တန်တယ် ဝယ်သင့်တယ်ထင်ပြီး ရှိသမျှ တွန်းဝယ်ကြပါတယ် ကိုယ်လည်း ဝယ်တာပေါ့နော်
ဒါပေမယ့်ေ ဈးက အားလုံးထင်သလို အတက်မပြပါဘူး ကျသည်ထက် ဆက်လို့ ကျနေတာပါ ကျတိုင်း လိုက်ဝယ်နေသူတွေ ဒဘလယ် အရှုံး ကာချင်သူတွေလည်း အရှုံးအပေါ်ကို အရှုံး ထပ်နေပါြပီ
ဒီတိုင်းသာ ဆက်သွားရင်တော့ ရှိသမျှကုန်တော့မှာပါ ဈေးပြန်တက်ပါစေလို့ဘဲ ထိုင်ဆုတောင်းရပါတော့မယ် စိတ်ထဲ ထင်နေတာတော့ ဒီတစ်ခါ ဈေးအတက်က ခပ်မြန်မြန်တော့ မဖြစ်နိုင်တော့ဘူး နောက်သုံးလေးလလောက်တော့ ကြာနိုင်မယ်ထင်တယ် အရင်ဈေးတန်းကို ပြန်ရောက်ဖို့က အတော် ခက်ခဲနေတာတွေ့ရမှာပါ
သတင်းကြီး တစ်ခုလောက်တော့ လိုအပ်မှာပါ အတက်သတင်းထက် အကျသတင်းတွေက ပိုနေပါတယ်