ပို​နေ​သော ecency point များ

Words
101
Reading
1 min
Listen
Play
5y

ကျွန်​တော်သည် ecency ထံသို့ Hive Power များ delegate လုပ်ထားရာ ecency point များ ​နေ့စဥ် ရ​နေသည်

ecency point သည် boosting လုပ်ရာတွင်သာ သုံးနိုင်သည် Hive Engine တွင် ​ရောင်းလို့မရ​ပေ

Boosting လုပ်ရာတွင်လည်း ecency point 300 ထက် ပိုပါက boosting မ​အောင်မြင်ဘဲ ​point ပြန်အမ်းခံရသည်

တစ်ခါတစ်ရံတွင် boosting လည်း မလုပ်​ပေးဘဲ point လည်း ပြန်မရ​တော့​ပေ (point 500 ​​ကျော်ဖြင့် လုပ်ခြင်းကို ဆိုလိုသည်)

တစ်​နေ့လျှင် post က တစ်ခုထက် ပိုမတင်နိုင်ရာ ecency point များ ပို​နေသည်

ပို​နေ​သော point များကို ဘာလုပ်ရမည် စဥ်းစာ​သောအခါ အကြံတစ်ခုရသည် မိမိကို vote လာ​ပေး​သော လူများကို လက်​ဆောင်​ပေးရန် ဖြစ်သည်

သိပ်အများကြီးလည်း ပိုလျှံ​နေသည် မဟုတ်ရာ vote တစ်ခုကို 10 point ပြန်လက်​ဆောင်​ပေးရန် ဆုံးဖြတ်ခဲ့ပါသည်

Hive မှ ညီအစ်ကို ​မောင်နှမများ ခင်ဗျာ မများ​ပေမယ့် ထိုလက်​ဆောင်ကို လက်ခံ​စေလိုပါသည်

မိမိ၏ ecency point များ အလဟသတ် မဖြစ်​အောင်ပါ မိမိကို vote ​ပေးသူများကို ​ကျေးဇူးဆပ်ရာလည်း ​ရောက်မည် ထင်ပါသည်

မှတ်ချက် point ​တွေ ကုန်သွားရင်​တော့ စိတ်မဆိုးကြပါနှင့်

ပို​နေ​သော ecency point များ | Ecency