ဝမ်းနည်းစွာနဲ့ဆိုလေတယ်

a-6(44)
Published in
#poem
Words
88
Reading
1 min
Listen
Play
9y

image

တစ်ခါကအဖိုးအိုရဲ့ ဈာပနကို ပေါ့
ညီအစ်ကို လေးယောက်ဟာအတူတူ
ဝမ်းနည်းစွာနဲ့ သင်္ဂြိုဟ်ပြီးတော့ အဲ့သင်္ချိုင်း မှာပဲ ပေါ့
အချင်းချင်း တိုင်ပင်ကြပြီး တော့သူတို့ ပြောခဲ့တဲ့ စကား
သုံးခွန်းရဲ့ အဓိပ္ပါယ်ကို ရှာဖွေကြဖို့ အတွက်
အသီးသီး လမ်းခွဲခဲ့ကြတယ်လေနော်
နောင်ဆယ်နှစ်ကြာရင် ဒီနေရာလေးမှငါတို့အတူ
မှာပဲ ပြန်ဆုံကြမယ်လို့ ဂတိကဝတ်ပြုကြပြီးနေကြတယ်
ဒီလိုနဲ့ ဆယ်နှစ်ပြည့်မြောက်တဲ့ အချိန်မှာပေါ့
သူတို့ ချိန်းဆိုထားတဲ့ နေရာကို ရောက်ခဲ့ကြတယ်လေ
ပထမဆုံး သားကစပြေတယ်လေ
သူဟာ ယခု ကျွမ်းကျင်နေသော
ဆင်ဦးစီး တစ်ဦး ဖြစ်နေကြောင်းကြွားတယ်
လောကတွင်အင်အားအကြီးဆုံးကတော့လေ
ဆင်ပင်ဖြစ်တယ် သူ့ဆင်များအားမနားတမ်း
နေ့စဉ် သူ့ကို နှစ်ကြိမ်စီ ဦးညွှတ်စေကြောင်းပြောနေတယ်
သို့သော် အခြားဟာများ ကိုမူ မသိလို့
ယခုထိ ဘာမှ ဖြစ်မလာသေးကြောင်း
ဝမ်းနည်းစွာ ပြောပါတယ်လေဒီလိုနဲ့
နောက်တစ်ယောက်ဒုတိယ သားလေးကတော့
ယခုသူဟာလည်း နာမည်ရ နေသောနာမည်ကြီးသော
စာဖိုမှုး တစ်ဦး ဖြစ်နေကြောင်းကိကြွားနေပြန်တယ်
ပျားရည်ထက် ချိုသော ကောင်းသော
ထမင်းတော့ မသိပါလေနေ့စဉ် ပျားရည်နဲ့
ကောင်းမွန်စွာပေါင်းထားတဲ့
ထမင်းကို စားနေကြောင်းကို
သူများကိုလည်း ရောင်းကြောင်းပြောတာပေါ့
သို့သော် အခြားဟာများ ကိုမူ မသိဘဲဖြစ်နေလို့
ယခုထိ ဘာမှ ဖြစ်မလာသေးကြောင်း
ဝမ်းနည်းစွာ ပြောပါလေတော့တယ်တဲ့။
a-6@a-6
photo-google image

ဝမ်းနည်းစွာနဲ့ဆိုလေတယ် | Ecency